Laptop ထဲက Data တွေကို wifi ကနေပြီး ဖုန်းပေါ်ကနေကြည့်ကြမယ်... !

Posted by Black Magic | Posted in , , , , | Posted on 3:48 PM



အမှန်တကယ်ကလိချင်သူများအတွက်နော်...ခိခိ

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့ နည်းလမ်းလေးကတော့ wifi ကနေပြီး ကွန်ပျူတာထဲက data တွေကို ဖုန်းကနေ တိုက်ရိုက်ကြည့်လို့ရမဲ့နည်းလမ်းလေးပါ။ video တွေ နဲ့ photo တွေကို ပါ မြန်မြန်ဆန်ဆန်ဖွင့်ကြည့်လို့ရပါတယ်။ acer က အသုံးပြုခွင့်ပေးထားတဲ့ acercloud service ကို အသုံးပြုပြီး ကြည့်လို့ရရမဲ့နည်းလမ်းပါ။ ပြုလုပ်ပုံလေးကို မပြောခင် လိုမဲ့ Data တွေကို အရင်းဆုံး ဒေါင်းလုပ် လုပ်လိုက်ပါခင်ဗျာ။






အရင်ဆုံး ဖော်ပြထားသော ဆိုက်လေးကို သွားပြီး acer id account လုပ်ပေးလိုက်ပါ။ ပြီးရင် ကိုထည့်ပေးလိုက်သော mail ထဲက ၀င်ပြီး activate လုပ်ပေးလိုက်ပါ။

အကောင့်ရပြီဆိုရင်တော့ အသုံးပြုရမယ့် Software တွေကို 

' ဒီကနေ ' Login ၀င်ပြီးဒေါင်းလို့ရပါတယ်ခင်ဗျာ။ ဒေါင်းရတာက နည်းနည်းခက်နေမှာဆိုးလို့ ကျွန်တော်ဒေါင်းပြီးသား ဆော့ဝဲလ်ကို upload ပြန်တင်ပေးထားပါတယ်။ 


Acer Cloud Installer For PC
Acer Cloud Installer For Andriod



အကောင့်လည်းလုပ်ပြီး login လည်းဝင်ပြီး လိုအပ်တာတွေလည်းဒေါင်းပြီးသွားရင်ဆိုရင်တော့ အင်တာနက်ကိုဖွင့်ထားပြီး ကွန်ပျူတာ ထဲကို acer cloud installer ဆော့ဝဲလ်လေး installer လုပ်ပေးလိုက်ပါ။ လိုအပ်မဲ့ဖိုင် တွေကို ဆက်လက်ဒေါင်းပါလိမ့်မယ်ခင်ဗျာ Remote View အတွက်ကတော့ 48 MB လောက်ရှိပါတယ် နောက်တစ်ခုက Acer Docs က16 MB လောက်ပဲရှိပါတယ်။ ဒေါင်းပြီးသွားရင်တော့ မိမိရဲ့ စက်ထဲကို Installer လုပ်ပေးပါလိမ့်မယ် ပြီးသွားရင်တော့ Computerပေါ်Acer cloud ဆော့ဝဲလ်လေးကိုဖွင့်ပြီး  အကောင့်ကို  login ၀င်ပေးလိုက်ပါ။

 


 

အကောင့်ဝင်ပေးလိုက်ရင်တော့ အနည်းငယ်စောင့်ပြီး တတ်လာမှာဖြစ်ပါတယ်။






ပြထားသောအမှန်ကိုဖြည့်ပြီး next ဆက်သွားလုက်ပါ။ နောက်တစ်ခုပေါ်လာရင်လည်း next ဆက်သွားလိုက်ပါ။ 

နောက်တစ်ပုံတတ်လာရင်တော့ allow other device ကိုအမှတ်လေးပေးပြီး next ဆက်သွားလိုက်ပါ။

 


 

 


 

Next ဆက်နှိပ်ပါ့မယ်





next ပဲ နှိပ်စရာရှိတယ်နော်...:P





Finish နှိပ်လိုက်ပါ ။ ခဏစောင့်ပြီးရင် ကွန်ပျူတာအတွက် ပြင်ဆင်တာပြီးသွားပါပြီ။





နောက်အဆင့်အနေနဲ့ကတော့ဖုန်းကနေ အသုံးပြုရန်အတွက် acer cloud ဆော့ဝဲလ်လေးကို ဖုန်းထဲကို Install လုပ်လိုက်ပါ။

ပြီးသွားရင်တော့ wifi ကိုဖွင့်လိုက်ပါ။ ဖုန်းထဲက acer cloud ကိုဖွင့်ပါ။ ပြီးလျှင် I have an Acer id ကိုနှိပ်ပြီး မိမိတို့ ဆိုက်တွင်လုပ်ထားသော Acer Id ကိုထည့်ပြီး login ၀င်ပေးလိုက်ပါ။






















နောက်ဆုံး အဲဒီပုံလေးပေါ်လာပြီဆိုရင်တော့ Remote files ဆိုတာလေးကိုနှိပ်လိုက်ပါ မိမိရဲ့ ကွန်ပျူတာနာမည်လေးပေါ်လာပြီဖြစ်ပါတယ် အဲဒီကွန်ပျူတာနာမည်ကိုနှိပ်ပြီး ကြည့်ရှု့လို့ရပါပြီခင်ဗျာ။








မိမိတို့ရဲ့ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ထားကြောင်းကိုလည်း acer cloud web ဆိုက်မှာ သွားကြည့်ရင်တွေ့နိုင်ပါတယ်ခင်ဗျာ။ အောက်ကပုံလေးကိုကြည့်လိုက်ပါ။


https://www1-c1910.cloud.acer.com/ops/devices





ဒီလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံး အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ ဒီလောက်နဲ့ပဲကျေနပ်ပါလို့ပြောပါရစေခင်ဗျာ လက်လည်းတော်တော်ညောင်းသွားပါပြီ။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.