မန္တလေးတိုင်း NLD ဥက္ကဌ အဖြစ် ဦးဆောင်ခဲ့သူ ဦးဗိုလ်ဇံ ကွယ်လွန်

Posted by Black Magic | Posted in | Posted on 10:06 AM


လွတ်လပ်ရေးရပြီး ခေတ်က မန္တလေးတက္ကသိုလ် မှာ ကျောင်းသား ခေါင်းဆောင်ဟောင်း၊ ရှစ်ဆယ့်ရှစ်မှာ လည်း တက်တက်ကြွကြွ နဲ့ ဦးဆောင်ခဲ့တဲ့သူ၊ ကိုးဆယ် ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်၊ အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ကို စစ်အာဏာရှင်တို့ အဖိနှိပ်ဆုံးကာလတွေမှာ မန္တလေးတိုင်း NLD ဥက္ကဌ အဖြစ် ဦးဆောင်ခဲ့သူ ထောင်အတွင်းမှာ နှိပ်စက်ခံရလို့ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်ခဲ့ရသူလက်ရှိ ကျောက်ပန်းတောင်းမြို့နယ် NLD နာယကကြီးအဖြစ် ဆောင်ရွက်နေသူ ဘဘ ဦးဗိုလ်ဇံ တစ်ယောက် မနေ့က ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့ပါတယ်။

မသေခင် ရက်ပိုင်းအထိ မြို့နယ် အလုပ်မှုဆောင်အစည်းအဝေးတွေကို မပျက်မကွက်တက်ရောက်ကာ လမ်းညွှန်ပြသခဲ့ သူ မသေခင် တစ်လလောက်က အထိ ဆရာမ ဒေါ်ခင်မမမျိုးရဲ့ နိုင်ငံရေးစွမ်းရည်မြှင့်သင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့သူ ဘဘ ဦးဗိုလ်ဇံ တစ်ယောက်ကွယ်လွန်သွားခဲ့တာဟာ ကျမတို့ ကျောက်ပန်းတောင်းမြို့နယ် သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ခုလုံးရဲ့ ဆုံးရှုံးမှုကြီး တစ်ခုပါပဲ။
မန္တလေး တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခက်အခဲဆုံးကာလတွေမှာ ဘဘ ဦးဆောင်ပဲ့ကိုင်ခဲ့တာ ကြောင့်လည်း မန္တလေးတိုင်း တစ်ခုလုံး NLD ဟာ အချိန်ပြည့်ရှင်သန်လန်းဆန်းနေခဲ့တာပါ။

မနေ့က အမေစုက ဘဘအတွက် ပို့ပေးခဲ့ တဲ့ လွမ်းသူပန်းခြင်းလေး ထဲက ပန်းလေးတွေက ဒီနေ့မှာ ညှိုးသွားပြီဖြစ်ပေမဲ့ ဘဘပျိုးခဲ့ တဲ့ ဒီမိုကရေစီပန်းလေးတွေက ထာဝရ လန်းဆန်းနေမှာပါ။

ဘဘ ဦးဗိုလ်ဇံတစ်ယောက် ကောင်းရာသုဂတိလားပါစေ။

မေပုပ္ပား
၂၀၁၃ နိုဝင်ဘာ ၂၆ ရက်




Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.