Posted by Black Magic | Posted in သတင်းများ | Posted on 2:22 PM
Sony company မှ သူ့တို့ရဲ့ နာမည်ကြီး Product တစ်ခုဖြစ်တဲ့ Playstation 4 အတွက် တရားဝင်App ကို Android နဲ့ iOS တွေအတွက် ထုတ်လုပ်ပေးလိုက်ပါပြီ။ အခုလောလောဆယ်ကိုတော့ မြောက်အမေရိကန်မှာရှိတဲ့ iTunes Store နဲ့ Google Play Store တွေမှာ စတင်ပြီးတော့ အခမဲ့ ရယူနိုင်ပါပြီ။ ကမ္ဘာတစ်ဝှမ်းကိုတော့ PlayStation 4 စက်ဖြန့်ချီပြီးတဲ့ အခါမှ ရရှိနိုင်မှာပါ။ Tabletတွေ Smartphone တွေ အားလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ Userတွေအနေနဲ့ PlayStation Network ကို အသုံးပြုနိုင်မှာဖြစ်ပြီးတော့ New Feature တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာပါ။ PlayStation လူမှုကွန်ရက်ထဲမှာရှိတဲ့ ကိုယ့်သူငယ်ချင်းတွေ ဘယ် Game ကစားနေလဲဆိုတာကို သိရှိနိုင်ပြီးတော့ Multiplayer အဖြစ်လည်း ဖိတ်ခေါ်ပြီး အတူတူကစားနိုင်မှာဖြစ်ပါတယ်။ ဒီ PlayStation App ဟာ PS4 ရဲ့ Feature တွေနဲ့ ချိတ်ဆက်ပြီးတော့ Screen-Screen တွေလည်းလုပ်ဆောင်နိုင်မှာပါ။ App အတွင်းမှာ Twitter, Facebook တို့ကိုလည်း Integrate ပြုလုပ်ထားပါတယ်။
Source : Google Play and iTunes App Store

Comments (0)
Post a Comment