သင့် Smartphone အတွက် PrivacQ Fingerprint Sensor

Posted by Black Magic | Posted in , | Posted on 12:38 PM

သင့် Smartphone အတွက် PrivacQ Fingerprint Sensor

သင်ဟာ လုံခြုံရေးကို အရမ်းလိုလားတဲ့ သူတစ်ယောက်ဟုတ်ပါသလား။ သင့် Smartphone ကို မလုံခြုံဘူးလို့ ထင်နေပါသလား။ လုံခြုံရေးအတွက် အထူးအသားပေးထားပြီး Fingerprint Sensor တွေပါဝင်တဲ့ iPhone 5S နဲ့ HTC One Max တွေကိုလည်း အသုံးပြုနေသူမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ PrivacQ မှ ထုတ်လုပ်ပေးထားတဲ့ biometric encryption device ကိုအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် PrivacQ ဟာ သင့် ဖုန်းကို Lock,Unlock ပြုလုပ်ပေးမယ့် Device တစ်ခုတော့မဟုတ်ပါဘူး။ သူက Q-Manager ဆိုတဲ့ App နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီးတော့ သင့်ဖုန်းမှာရှိတဲ့ အခြား app တွေကို Lock လုပ်ပေးမှာဖြစ်ပါတယ်။ အရင်ဦးဆုံး လက်ဗွေရာ ၅ခုကို register လုပ်ထားရမှာဖြစ်ပါတယ်...

apps-and-settingsfingerqfingerscan



PrivacQ Sensor ဟာ PrivacQ Q-case နဲ့ PrivacQ 180 attachment ဆိုပြီး ပုံစံ 2 မျိုးဖြင့် အသုံးပြုနိုင်တာဖြစ်ပါတယ်။ PrivacQ Q-Case ကို Samsung Galaxy Note 2, S3, S4 and HTC One variants တွေအတွက် ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ PrivacQ 180 attachment ကိုတော့ micro-USB, Apple 30-pin interface တို့နဲ့ ရရှိနိုင်ပါတယ်။ Lightning interface ကတော့ အခုလောလောဆယ်မှာ မရရှိသေးပါဘူး။ တကယ်လို့ သင့်ဖုန်းမှာ PrivacQ ကိုအသုံးပြုနေရင်းနဲ့ ဒီ Device ကို ပျောက်သွားခဲ့ရင်လည်း စိတ်ပူစရာမလိုပါဘူး။ Security PIN နဲ့ပဲဖြစ်ဖြစ် PrivacQ Device အသစ်ကိုထပ်ဝယ်ပြီးတော့ပဲဖြစ်ဖြစ် ဆက်လက်အသုံးပြုလို့ရပါတယ်။ အသုံးပြုရလွယ်ကူပေမယ့် Built-in ပါတဲ့ Sensor တွေလောက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ PrivacQ Q-case ရဲ့ တန်ဖိုးကတော့ US$ 100 ခန့်ရှိပြီး PrivacQ 180 attachment ရဲ့ တန်ဖိုးကတော့ US$ 65 ခန့်ကျသင့်မှာဖြစ်ပါတယ်။

1-IMG_30731-IMG_3074

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.