Tizen OS

Posted by Black Magic | Posted in , | Posted on 10:42 PM

Android ရဲ့ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ Tizen OS ဟာ Samsung နဲ့ Intel တို့ကပူးပေါင်း ထုတ်လုပ်တာ ဖြစ်ပြီး စမက်ဖုန်း တွေမှာ သာမက ကားတွေနဲ့ ကင်မရာ တွေမှာပါ အသုံးပြု နိုင်မှာပါ။
Tizen OS ဆိုတာ ကတော့ Samsung နဲ့ Intel တို့ပူးပေါင်း ထုတ်လုပ်တဲ့ operating system အသစ် တစ်ခု ဖြစ်ပြီး gadgets မျိုးစုံပေါ်မှာ အသုံးပြု နိုင်အောင် ဒီဇိုင်းထုတ် ထားတာပါ။ ဒီ operating system အသစ်ဟာ အခုဆိုရင် ကင်မရာ တစ်မျိုး ပေါ်မှာ စတင် အသုံးပြု ထားပြီး Toyota, Juguar နဲ့ Land Rover ကားတွေမှာ အသုံးပြု နိုင်ဖို့ စီစဉ်ထား ပါတယ်။ Samsung ဟာကားထုတ် လုပ်သူတွေနဲ့ ဆွေးနွေးလျက် ရှိပြီး ကားတွေမှာ Tizen-based In-vehicle-Infotainment (IVI) system ကိုတပ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။ ကားတွေ၊ ဖုန်းတွေ၊ ကင် မရာ တွေသာမက Tizen ကို တီဗီ၊ ၀တ်ဆင်လို့ ရတဲ့ wearable devices တွေနဲ့ရေခဲ သေတ္တာတွေ မှာပါ အသုံးပြု နိုင်မှာပါ။

Tizen OS


Android ကကမ္ဘာ့ smart phone ဈေးကွက်မှာ ဈေးကွက် အများဆုံး ရရှိထား ပေမယ့် internet နဲ့ချိတ်စပ် အသုံးပြု လို့ရတဲ့ ကား၊ ကင်မရာ၊ ၀တ်ဆင်လို့ ရတဲ့ လျှပ်စစ် ပစ္စည်းတွေနဲ့ အိမ်အသုံး အဆောင် တွေဘက် မှာတော့ ယှဉ်ပြိုင်စရာ ဈေးကွက် ကျန်ရှိနေ ပါသေးတယ်။ ဒီ့အ တွက်ကြောင့် Samsung က Tizen ကို phone operating system တစ်ခုထက် ပိုမိုအောင် ဖန်တီးခဲ့ တာပါ။ Tizen ကိုတကယ်တော့ စတင် အသုံးပြု နေပြီ ဖြစ်ပါတယ်။ CNET ရဲ့ Editor Choice Award ရခဲ့တဲ့ NX300 ရဲ့နောက် မျိုးဆက် ဖြစ်တဲ့ Samsung NX300M ဟာ Tizen အသုံးပြု ထားတဲ့ ကင်မရာ တစ်ခု ဖြစ်ပါတယ်။ Tizen ရဲ့ရည်မှန်းချက် ကတော့ နည်းပညာမြင့် ပစ္စည်းတွေ မှာသာမက နည်းပညာနိမ့် ပစ္စည်း တွေမှာပါ အသုံးပြု စေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ low-end version ကိုတော့ Tizen Mobile Lite လို့ခေါ်ပြီး 256 RAM နဲ့ 512 ROM ရှိတဲ့ ဖုန်းတစ်လုံး ပေါ်မှာ အလုပ်လုပ် နိုင်ပါတယ်။ သူ့မှာ low-resolution HVGA (480x 320) pixels နဲ့ QVGA ( 320x240) pixels screens တွေအသုံးပြု နိုင်တာကြောင့် ကုန်ကျ စရိတ်ကို အများကြီး လျှော့ချပေး နိုင်မှာပါ။

Tizen OS 2.1

Tizen အသုံးပြု ပထမဆုံး ပစ္စည်း တွေထဲက တစ်ခု ကတော့ Systena ကထုတ်လုပ်တဲ့ 10.1 inch Tablet ပဲဖြစ်ပြီး သူ့ကိုတော့ Developers တွေဒီ OS အသစ် အတွက် Apps တွေရေးနိုင်အောင် ထုတ်လုပ် ခဲ့တာပါ။ ဒီ Tablet ဟာ high-end device ဖြစ်ပြီး 1920 x 1200 resolution, 1.4GHz quad-core ARM Cortex-A9 processor နဲ့ 2GB RAM တို့ပါဝင် ပါတယ်။ Samsung ဟာ Tizen နဲ့တခြားသူ တွေကို အနိုင်ယူ နိုင်တော့ မှာလား။ ကျွန်တော်တို့ ကားဝယ် တဲ့အခါ OS တစ်ခုက ကျွန်တော်တို့ ရွေးချယ်မှု အပေါ် လွှမ်းမိုး နိုင်တော့ မှာလား ဆိုတာတော့ မ ကြာတော့တဲ့ အနာဂတ်မှာ တွေ့မြင်ရ တော့မှာပါ။

Tizen OS

Tizen OS


Images from androidnova, gsmarena, news.entecity, blog.laptopmag. Source: crave.cnet.co.uk
credit  mymclub.net

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.