Posted by Black Magic | Posted in Windows 7 အတွက်နည်းလမ်းများ | Posted on 1:33 PM
ကျွန်တော်တို့ Windows 7 မှာ ပုံမှန်အားဖြင့် (အထူးသဖြင့်) Laptop တွေမှာ Graphic Driver ကို Install
လုပ်မထားရသေးဘူးဆိုရင် Device Manager မှာ Unknown အနေနဲ့ ဖော်ပြပေးမှာမဟုတ်ပါဘူး...၊
ဘာလို့လည်းဆိုတော့ Window 7 မှာ Default ပါတဲ့ Standard VGA Driver ကို Loadလုပ်ထားလို့ပါ...
နောက်တစ်နည်းကတော့ ကျွန်တော်တို့ Run ထဲကနေပြီးတော့“dxdiag” လို့ရိုက်လိုက်တဲ့အခါမှာလည်း Display
Tab ထဲကနေပြီးတော့သွားစစ်လို့ရပါတယ် အကယ်လို့ Driver ကိုသိနေမယ်ဆိုရင်တော့ အောက်ပါအတိုင်း
ဖော်ပြပေးမှာဖြစ်ပါတယ်
အကယ်လို့ Graphic Driver ကို သိမနေဘူးဆိုရင်တော့ ၄င်းမှင်နီလေးထောင့်ကွင်းထဲမှာ n/a
ဆိုပီးပြနေမှာဖြစ်ပါတယ်... အခုကျွန်တော်ပြောမယ့် Key နှစ်လုံးနှိပ်ယုံနဲ့ သိနိုင်မယ့်နည်းကတော့
သင့်ကီးဘုတ်ကနေပီးတော့ Win Key+ P ကို နှိပ်လိုက်ပါ ...အကယ်လို့ Graphic Driver ကို
သိနေမယ်ဆိုရင်တော့ အောက်ပါပုံအတိုင်း
ဖော်ပြပေးမှာဖြစ်ပီး Graphic Driver ကိုသိမနေဘူးဆိုရင်တော့Mouse Pointer မှာ Loading တစ်ချက်ဆွဲပီး
ဘာမှပေါ်လာမှာမဟုတ်ပါဘူး...ဤနည်းဖြင့် သင်ကိုင်လိုက်တဲ့ Windows 7 ကွန်ပျူတာမှာ Graphic Driver ကို သိ
မသိ အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။
Comments (0)
Post a Comment