Posted by Black Magic | Posted in သတင်းများ | Posted on 11:36 AM
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မှာ လျှပ်စစ်ဓာတ်အား သီးသန့် အသုံးပြုတဲ့ ဘတ်စ်ကားများ စတင် ပြေးဆွဲပြီ ဖြစ်ကြောင်း သိရ ပါတယ်။Victoria, Waterloo နဲ့ London Bridge တို့ကို ဖြတ်၍ စတင်ပြေး ဆွဲခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တစ်မြို့လုံး အနှံ့ အသုံးပြုသွားမယ့် ဘတ်စ်ကား ဖြစ်ကြောင်း ဆိုပါတယ်။ လက်ရှိ ဘတ်စ်ကားက အားအပြည့် သွင်းထားရင် တစ်နေကုန် မောင်းနှင်နိုင်ကြောင်း ဆိုပါတယ်။ အားပြန်သွင်း တဲ့အခါတော့ ၄ နာရီကနေ ၅ နာရီ ကြားအထိ ကြာမြင့် နိုင်ပါတယ်။ ယင်း လျှပ်စစ်ဘတ်စ်ကားများက လောင်စာဆီ အသုံးပြုမှုကို ၇၅ ရာခိုင်နှုန်း အထိ လျော့ချပေးကြောင်း ဆိုပါတယ်။
လက်ရှိ လန်ဒန်မှာ ဟိုင်းဘရစ်ပါဝါ ဘတ်စ်ကား ၃၆၈ စီး ပြေးဆွဲလျက် ရှိပါတယ်။ နောက်ဆိုရင် လောင်စာဆီ အပြည့်အဝ အသုံးပြုတဲ့ အများပြည်သူ သုံး ဘတ်စ်ကားများကို လမ်းမပေါ်မှာ မြင်တွေ့ရတော့မှာ မဟုတ်ကြောင်း ဆိုပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် လျှော့ချမှုအပြင် မြို့ နေ ပြည်သူ ကျန်းမာရေး အတွက် ရှေးရှုလို့ လျှပ်စစ်ဓာတ်အားသုံး ဘတ်စ်ကား များကို ပြည်တွင်း ကုမ္မဏီများနဲ့ ပူးပေါင်းလို့ ကြိုးစား ဖန်တီး ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် နှစ်စက စတင်လို့ လျှပ်စစ်ဘတ်စ်ကားများကို အရေအတွက် အရေအတွက် အများအပြား အသုံးပြု တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
Ref: pocketlint
Credit to Yoe Yar Lay (အောင်ခမ်း)










Myanmar Kyat Converter
Comments (0)
Post a Comment