“အင်တာဗြဲ”

Posted by Black Magic | Posted in | Posted on 12:25 AM


တတိုင်းတပြည်လုံး အတိုင်းမသိပျော်ရွှင်နေကြသည့်အတွက် Skyblack မှ သတင်းထောက် ဘိုသံပေါက်က ချစ်လှစွာသော နည်းပြကြီး ‘ပတ်စာခွာ’ အား အင်တာဗျူးထားသည်ကို ဖော်ပြပေးလိုက်ပါတယ်….

ဘိုသံပေါက် ။   ။ နာမည်က ဘယ့်နှာကြောင့် ‘ပတ်စာခွာ’ ဖြစ်ရတာလဲဗျ
ပတ်စာခွာ ။   ။ မူလနာမည်ကတော့ ပတ်ဆောင်ဟွာပါ၊ မနေ့က မြန်မာအသင်းကို အချိန်မတိုင်မှီ ပြိုင်ပွဲကထွက်အောင် စွမ်းဆောင်နိုင်လိုက်တဲ့အတွက် နာမည်က ‘ပတ်စာခွာ’ ဖြစ်သွားရတာပါ၊
ပတ်စာခွာပြီး ဖျာသိမ်းရင် အိမ်ပြန်ရပြီလေ ငိ ငိ

ဘိုသံပေါက် ။   ။ ငိ ငိ ဆိုတာဘာလဲ၊ ခညားက ပျော်နေတာပေါ့ ဟုတ်လား
ပတ်စာခွာ ။ ။ ပျော်တာပေါ့ကွ၊ ဇာတ်ထဲက လူဆိုးလိုပဲ စောစောသေ စောစောအိပ်ရဒယ်

ဘိုသံပေါက်။ ။ ကောင်းပ့ါ၊ ဒါနဲ့ Head to Head ကို မသိဘူးဆို
ပတ်စာခွာ ။ ။ ဟုတ်တယ်၊ Head to Head ဆိုတာ ခေါင်းခြင်းတိုက်တယ် မှတ်နေတာ  

ဘိုသံပေါက်။ ။ ဒါဆို ဘောလုံးကို ခြေထောက်နဲ့ ကန်တယ်ဆိုတာလောက်တော့ သိတယ်မလား
ပတ်စာခွာ ။ ။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အစက မသိဘူးကွ၊ ဒီရောက်လို့ ဘောလုံးနည်းပြဖြစ်မှ သိတာ ဘိုသံပေါက်။ ။ ဂျာ၊ ဒါဆို ခညားက ကိုရီးယားမှာ ဘာလုပ်တာတုန်း
ပတ်စာခွာ ။ ။ င့ါမိန်းမက ကင်ချီးလုပ်ရောင်းတယ်၊ ငါက ပဲခေါက်ဆွဲကို တွန်းလှည်းလေးနဲ့ ရောင်းတယ် ဘိုသံပေါက်။ ။ ဘုရား ဘုရား၊ ဒါနဲ့များ ဒီမှာ ဘောလုံးနည်းပြ လာလုပ်နေသေးတယ်
ပတ်စာခွာ ။ ။ ဘောချုပ်က တောင့်တလွန်းလို့ လုပ်ပေးရတာလေ
ဘိုသံပေါက်။ ။ ဘာလဲဗျ… ဘောချုပ် ဆိုတာကြီးက
ပတ်စာခွာ ။ ။ ဘောလုံးအဖွဲ့ချုပ်ကို အတိုကောက် ခေါ်တာပါကွာ
ဘိုသံပေါက်။ ။ နည်းပြခန့်တဲ့လူတွေကလည်းဗျာ ပဲခေါက်ဆွဲရောင်းတဲ့လူမှ ခေါ်လာရတယ်လို့
ပတ်စာခွာ ။ ။ ဒါတော့ကွာ ကိုရီးယားလူမျိုးဆိုတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ကွင်းထဲငုတ်တုတ်ထိုင်နေ လူရှိန်တာပေါ့လို့
ဘိုသံပေါက်။ ။ နေပါအုံး ကျော်ကိုကို ကို ဘာလို့ ပထမပိုင်းမှ ထည့်မသုံးတာတုန်း
ပတ်စာခွာ ။ ။ အာ ဒီကောင်လေးက အရမ်းမိုက်ရိုင်းတယ်ကွ၊ င့ါကို လာလာပြီး ဆဲဆဲနေလို့
ဘိုသံပေါက်။ ။ ဘယ်လို ဆဲတာတုန်း
ပတ်စာခွာ ။ ။ င့ါကိုမြင်တာနဲ့ ‘အညာဆန်ရော၊ အညာဆန်ရော’ နဲ့
ဘိုသံပေါက်။ ။ ဂျာ… အဲဒါ ကိုရီးယားလို့ နှုတ်ဆက်တာလေဂျာ
ပတ်စာခွာ ။ ။ ငင်… ဟုတ်လား၊ တိပေါင် ငါက င့ါဆဲတယ် မှတ်လို့ ငိငိ
ဘိုသံပေါက်။ ။ အံ့သြပ့ါဗျာ၊ ကိုယ့်စကားကိုတောင် မသိတော့ဘူးလား
ပတ်စာခွာ ။ ။ အသက်ကကြီးပြီကွ၊ တခါတခါ ကိုယ့်နာမည်တောင် ကိုယ်မေ့မေ့နေလို့ လက်ဖဝါးမှာ ရေးပြီး မှတ်ထားရတာ
ဘိုသံပေါက်။ ။ ဒီလောက်မေ့တတ်နေလဲ ဘာလို့ မြန်မာဘောလုံးအသင်းနည်းပြ လုပ်နေသေးလဲ
ပတ်စာခွာ ။ ။ ဒါတော့ အစားရချောင်တာကိုးလို့
ဘိုသံပေါက်။ ။ ကဲဟုတ်ပါပြီ၊ ခညား ဘယ်တော့ ကိုရီးယားကို ပြန်မှာတုန်း
ပတ်စာခွာ ။ ။ ပြန်မှာကွ၊ မပြန်ခင် ဗမာပြည်အနှံ့ အလည်အပတ်ထွက်လိုက်အုံးမယ်၊ နှစ်မစေ့ခင် စာချုပ်ဖျက်လို့ မျိုးမျိုးမျက်မျက် ရထားတဲ့ လျော်ကြေးလေး ရှိနေတုန်း ငိ ငိ
ဘိုသံပေါက်။ ။ လည် လည်၊ ခညား ချောင်းအရိုက်ခံနေရအုံးမယ်
ပတ်စာခွာ ။ ။ မီကြောက်ပေါင်၊ အဲ ဒါနဲ့ နေပါအုံး မင်းနာမည်ကရော ဘာလို့ ဘိုသံပေါက် ဖြစ်နေရတာတုန်း ဘိုသံပေါက်။ ။ နာမည်ရင်းကတော့ တာတီးပါဗျာ၊ ကျနော် အင်္ဂလိပ်လိုပြောရင် ဘိုသံပီသလွန်းလို့ ‘ဘိုသံပေါက်’ လို့ ခေါ်ကြတာ
ပတ်စာခွာ ။ ။ ဘုရား ဘုရား…
သန်၎ကို-မကျေနပ်လို့ တခါထပ်ဖွသည်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.