ကလောင်သရဲဘသစ်မှ ဗိုနဗနအား စိန်ခေါ်လိုက်ခြင်း (ကျွန်တော်နှင့် နငယ်ဗလခြိုက်န (စ))

Posted by Black Magic | Posted in , | Posted on 11:56 AM

$ရမ်းမိုက်တယ်ဗျာ...၊ ဖတ်ကြည့်ကြစမ်းပါ..၊ ကျွန်တော်တော့ $တမုန်း သဘောကျတယ်..၊



Kyaw Ba Thit



ဆရာသမားက ဆရာသမား... တရားက တရား...
ကျုပ်ရာဇ၀င် ရိုင်းမသွားဖို့..
ခင်ဗျားကြီးကို အမှန်တရားအတိုင်း စီရင်မှ ဖြစ်မယ်။

ကြောင်ကြာကြာ ရေမငုံ့နိုင်ဘူး လူတစ်ချို့ ယုံကြည်နေကြ
ခင်ဗျားကြီးကတော့ အောက်ဆီဂျင်ဗူး ကျောမှာပိုးပြီး ရေကူးနေတဲ့ကြောင်...။

“ပညာရေးကို ဦးစားပေးမယ် တပည့်” တဲ့
အဟုတ်မှတ်ပြီး ခင်ဗျားကြီးဆီ တပည့်ခံမိခဲ့
ခင်ဗျားကြီးပြောတာ နားထောင်၊ ခင်ဗျားကြီးချမှတ်တာ လိုက်နာ၊
ခင်ဗျားကြီးသင်ရာ မှတ်သား။

နှစ်ပေါင်းနှစ်ဆယ်လုံးလုံး တပည့်ခံသင်ကြားခဲ့သမျှ
ကျုပ် စာလုံးပေါင်းဖတ်တတ်တာ သုံးမျိုးပဲ တွေ့ရရဲ့..
၁။ ခင်ဗျားကြီး ဦးတည်ချက် (၁၇၀)
၂။ ခင်ဗျားကြီးနာမည်နဲ့
၃။ အရက်ပုလင်းပေါ်က တံဆိပ်တစ်ချို့ရယ်..။

ဒီအတောအတွင်းမှာပဲ
ခင်ဗျားကြီးကတော့ ဗိုက်ကြီးကားလာ
ဂေါက်သီး ရိုက်တတ်လာ၊ ငေါက်တလှည့် ငမ်းတစ်လှည့် လုပ်တတ်လာ...
အိမ်နောက်ဖေးမှာလည်း ဈေးဆိုင်တွေတည်လို့
အိမ်နောက်ဖေးရဲ့ နောက်ဖေးမှာလည်း ကြက်ကလေးတွေ တိတ်တိတ်ပုန်း မွေးလို့။

ကျုပ်အဖို့မှာတော့ ဒုံရင်းဟာ ဒုံရင်း
“အပေးအကမ်းရှိမှ တိုးတက်မယ်” တဲ့
“အကပ်မကောင်း သူကောင်းမဖြစ်”.... တဲ့၊ Lထစ်ကြီးထဲမှပဲ...။

“ဤမြို့တော်ကြီးကို ကာကွယ်ဖို့အတွက် တံတိုင်းကြီးတစ်ခု တည်ဆောက်ရေးသည်
ဆရာ၊ တပည့်နှစ်ယောက်လုံး၏ ပဓာနတာဝန်ကြီး ဖြစ်သည်”
ခပ်တည်တည် ခင်ဗျားကြီး ရွှီးခဲ့သမျှ
ကျုပ်လိုလူ အူတူတူငနဲခမျာ လုပ်အားပေးခဲ့ရ.. နှစ်ပေါင်းနှစ်ဆယ်...။

လား... လား...
အဆောက်အဦးကြီး တကယ်တမ်းပြီးလို့ ရုပ်လုံးကြီးပေါ်လာမှ သိလိုက်ရတယ်..
အဲဒီတံတိုင်းကြီးဆိုတာ
"ခင်ဗျားကြီးနေဖို့ တစ်ကိုယ်တော်အိမ်"...တဲ့၊ တောက်...စ်။
တစ်ချိန်တည်းမှာ ခင်ဗျားကြီးမျက်နှာပေါ်က ပုတ်သင်ညိုတံဆိပ် အစွပ်တွေ ကွာကျ
ဘီလူးထက်အရုပ်ဆိုးတဲ့ ခင်ဗျားကြီးမျက်နှာ တွေ့လိုက်ရ။

တကယ်ဆို...
ခင်ဗျားကြီးရဲ့ ပုတ်သင်ညိုလို အရောင်းပြောင်းနေတဲ့ နာမည်တွေကို ကြည့်ပြီး
ကျုပ် အစကတည်းက သဘောပေါက်ခဲ့သင့်တယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်က ခင်ဗျားကိုယ်ခင်ဗျား န၀တ..တဲ့၊
ခဏနေတော့ အခြေအနေအရ ပြောင်းသွားပြန်တယ်၊ နအဖ..တဲ့။
ဟော...
ပွင့်လင်းမလိုလို ရာသီအရောက်မှာတော့ ခင်ဗျားကြီးက လုပ်ချလိုက်တော့တယ်၊
နဗန.. တဲ့။ ကောင်းကြသေးရဲလား။

ပြီးတော့မှ ခင်ဗျားကြီးက ဖေ့စ်ဘွခ်ပေါ်က ပို့ချတယ်...
ဦးထုပ်အစိမ်းကို ခေါင်းပေါင်းအဖြူလို့ စာလုံးပေါင်းရမယ်...
ဗိုကို ဦးလို့ မြန်မာလို ဆိုရမယ်
ဖွတ်ဥကို ဖွဲ့ဥလို့ အသံထွက်ရမယ်....။

ဖွတ်ဥဟာ မစားကောင်းဘူး၊ တံတိုင်းကြီးကို မျက်စောင်းနဲ့တောင် မထိုးကြနဲ့၊
ကျေးဇူးရှင်ကို မစော်ကားနဲ့၊ တပည့် ချောက်ထဲမကျဖို့ ချောက်အစွန်းမှာ
ကြိုးနဲ့ တုတ်ထားတဲ့ဆရာ
ဟိုလိုလို ဒီလိုလိုဟာတွေနဲ့ မှိုင်းတိုက်၊ ဟိုဟိုဒီဒီတစ္ဆေတွေနဲ့ ခြိမ်းခြောက်။

ဒီမှာ ဦးနဗန...
ခင်ဗျားကြီး သိထားဖို့က... ခင်ဗျားကြီးခေတ်ဟာ ကုန်သွားပြီ။
ခင်ဗျားကြီး စုပ်သမျှ ခံလာခဲ့တဲ့ (ဂုတ်သွေးပိုင်ရှင်) ကလောင်သရဲ ဘသစ်က
ခင်ဗျားကြီးမျက်နှာဖုံးကို ဆွဲချွတ်ပစ်လိုက်ပြီ။

တပည့်ဆိုတာ
ကိုယ့်ကို သင်ပြမယ့်ဆရာကို
ကိုယ်တိုင် ကြိုက်သလို ရွေးချယ်၊ ကိုယ်တိုင် ကြိုက်သလို ငြင်းပယ်
အဲဒီလို စနစ်မျိုး ဖြစ်သင့်တယ်
ဆရာသမား ဗိုက်ကားဖို့၊ ဂေါက်ရိုက်ဖို့၊ အငေါက်အငမ်းခံဖို့
အိမ်နောက်ဖေး ဈေးဆိုင်နဲ့ ကြက်ကလေးတွေ အစာကျွေးဖို့
ဘယ်.. အေပေးမှ နှစ်ခါ ငုံ့ခံနေမှာ မဟုတ်ဘူး။

ပြီး ဆရာသမားကောင်းဆိုတာ
ကိုယ့်တပည့်ကို သားပိုက်ကောင်လို ဥထားဖို့ မဟုတ်ဘူး၊
"တပည့်တစ်ယောက်ရဲ့ အတွေးသူပုန်မီးတောက်ကို
တဟုန်းဟုန်း ထတောက်အောင် နှိုးဆွပေးသူ ဖြစ်ရမယ်"... တဲ့၊ (အိုရှိုက ပြောထားတယ်)။

အခုတော့ ခင်ဗျားကြီးလုပ်ပုံကြောင့်
ကျုပ်ခေါင်းထဲ သူပုန်မီးတောက်ရုံမက
ဖြစ်နိုင်ရင် တောပါခိုပြီး ခင်ဗျားကြီးရဲ့ ဘောင်းဘီခွကြားထဲ
ချိန်ကိုက်ဗုံးတစ်လုံးထည့်၊ အိပ်ယာဝင်ခါနီးမှ ၀ုန်းခနဲ ဖောက်ခွဲပစ်လိုက်ချင်မိရဲ့။

တွတ်ပီရဲ့ဒပဲ့ ဗိုက်ကလေးစကား ငှားပြောရရင်...
"ကြိုးဝိုင်းပေါ်မှာ ဆရာရယ်၊ ယောက်ဖရယ် မရှိဘူး...”
ခင်ဗျားကြီး သတ္တိရှိရင် ပါရမီကုန်းကျော်တံတားအနား လိုက်လာခဲ့...။

ဆရာသမားမို့လို့ စေတနာနဲ့ တစ်ခုတော့ ကြိုပြောထားချင်ရဲ့
မြက်ခင်းပြင်ပေါ်က
ခြေတစ်ပေါင်ကျိုးနေတဲ့ ဓားခုတ်ကောင်တစ်ကောင်ကို
အင်ခနဲ ကြုံးဝါးပြီး ဖနောင့်နဲ့ ပေါက်ပြတတ်ရုံလောက်နဲ့
လက်ရှိသိုင်းလောကကို စိန်ခေါ်ဖို့ မကြိုးစားနဲ့... ။

ဝှာစန်းတောင်မှာ ဒါမျိုးတွေက (ဟိုဟာ) ကျိုးနေတဲ့သူတွေအတွက်တောင် ရိုးနေပြီ..
အဟက်.. ဟက်.. ဟက်...စ်။
......................

ပုံ

ကိုးတိုက်မှာ ဂျပိုးကိုက်တာ မခံနိုင်လို့
နောက်တိုက်မှာ အခြောက်ကိုက်တာခံလာခဲ့တဲ့ကောင်
ကလောင်သရဲဘအုပ်
(အဲလေ) ဘသစ် — with Ko Navana.


Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.