Posted by Black Magic | Posted in ကျန်းမာရေး , ဗဟုသုတများ , အလှအပ | Posted on 12:40 PM

နေ့စဉ်လှပအောင် လိမ်းခြယ်နေတဲ့ မိတ်ကပ်၊ အိုင်းရှဲဒိုး၊ Mascara နဲ့ နှုတ် ခမ်းနီတွေကို ညအိပ်ရာ မဝင်ခင် အချိန်မှာ သန့်စင်ပစ် လိုက်သင့်တယ် ဆိုတာ သင် သိပါရဲ့လား၊ မိတ်ကပ် အလှပြင်ပစ္စည်း တွေဖျက်တဲ့ Remover တွေကို ဈေးကြီး ကြီးပေးမဝယ်ဖြစ်ဘူးဆိုရင်တော့ သင့်မီးဖို ချောင်ထဲကနေ အလွယ်တကူ ဖန်တီးယူ လို့ရနိုင် ပါတယ်။
၁။ မျက်တောင်ဆိုးဆေး Mascara တွေ ကို ဖျက်ချင်ရင် သံလွင်ဆီကို ဝါဂွမ်း ဒါမှ မဟုတ် တစ်သျှူးမှာ အစက်ချလိုက်ပြီး မျက်တောင်ပေါ်မှာ ခဏလောက် ဖိကပ် ထားလိုက်ပါ။ စက္ကန့် ၂ဝ လောက်ကြာ ချိန်မှာ ပျက်သွားနိုင်ပါတယ်။ ပြီးရင် ရေ အေးနဲ့ မျက်နှာသစ်လိုက်ပါ။
၂။ သခွားသီးအရည်နဲ့ Baby Oil အနည်း ငယ်ကို ရောစပ်ပြီး ဂွမ်းဖတ်နဲ့တို့ကာ မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင် ပေးနိုင်ပါတယ်။
၃။ သံပရာခြမ်းနဲ့ မျက်နှာနဲ့ အရေပြား ပေါ်က အဆီပြန်တဲ့နေရာတွေကို ပွတ် တိုက်သန့်စင်ပေးနိုင်ပါတယ်။
၎။ ညဘက်မှာ မျက်နှာတစ်ပြင်လုံး ပေါ် နွားနို့အစိမ်းနဲ့ လောင်းလိုက်ပြီး စိုနေချိန်မှာ လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံ နှိပ်နယ်ရင် မိတ်ကပ်ပျက် နိုင်ပါတယ်။ မျက်နှာအဆီပြန်တာကို သက်သာစေပြီး သန့်စင်သွားစေပါတယ်။
၅။ အာလူးအရည်တစ်ဇွန်းထဲကို လိမ္မော် ရည် တစ်စက်ထည့်ကာ မျက်နှာပေါ်မှာ ငါးမိနစ်လောက် နှိပ်နယ်ပေးလိုက်ရင် အ မည်းစက်တွေ သက်သာစေပါတယ်။
၆။ ဂျုံမှုန်နဲ့ နွားနို့ကို ပျစ်နေအောင် ရော စပ်ပြီး မျက်နှာပေါ်မှာ ပေါင်းတင်ထား ကာ ၁ဝ မိနစ်ထားပြီး ပြန်ခွာလိုက်ပါ။ မျက်နှာကြေးချွတ်လိုက်သလို ဝင်းပသွား ပါလိမ့်မယ်။
၇။ ဂွမ်းစကို အာလူးအရည်ရွှဲနေအောင် ဆွတ်ပြီး အရေပြားပေါ်မှာ ၁ဝ မိနစ် လောက် ပွတ်တိုက်ပေးပြီး ရေဆေးချ လိုက်ပါ။ ချွေးပေါက်ကျယ်တာတွေ သက်သာကာ အညစ်အကြေး ကင်းစင် သွားနိုင်ပါတယ်။
၈။ ငှက်ပျောသီးနဲ့ နွားနို့ကို ပျစ်နေအောင် ရောစပ်ပြီး မျက်နှာပေါ်မှာ ၁ဝမိနစ်ထား ကာ ရေဆေးလိုက်ပါ။
၉။ ကလေးခေါင်းလျှော်ရည်ကို ဂွမ်းစပေါ် တင်ပြီး ရေစိုခံ Mascara တွေကို ဖျက် ပေးနိုင်ပါတယ်။
၁ဝ။ သစ်ချသီးနဲ့ ဂျုံမှုန့်ကို ရောစပ်အမှုန့် ပြုလုပ်ပြီး အရေပြားပေါ်ကို ရေဆွတ်ကာ ပွတ်တိုက်ပေးရင် ဆဲလ်သေတွေကို ဖယ် ရှားပေးနိုင် ပါတယ်။ (ရေချိုးဆား ပုံစံမျိုး အသုံးပြုပါ)










Myanmar Kyat Converter
Comments (0)
Post a Comment