ကွက်ပျောက်အနိုင်ယူခြင်း

Posted by Black Magic | Posted in | Posted on 12:01 AM

တစ်ခါက စာပေပညာေ၇ာ ဗဟုသုတအရာမှာပါနှံ့စပ်နားလည်ကျွမ်းကျင်တဲ့ အသိပညာရှင်တစ်ယောက်ရှိပါတယ်
ပြီးတော့ သူ့လိုပဲအသိပညာအ၇ာမှာထူးချွန်တဲ့သားငယ်တစ်ယောက်လည်းရှိပါတယ်...
ဒါပေမယ့် သူ့သားငယ်ရဲ့လုပ်ကိုင်ပုံတစ်ခုက ၊ ရွာသားတွေ အပေါ်ကို ဒီသားအဖက တကယ်ရောပညာမှတတ်ရဲ့လားဆိုတဲ့ သံသယကိုတိုးပွားစေခဲ့လို့
ဒီပြသနာက ဖခင်ဆီကိုဆိုက်ရောက်လာပါတော့တယ်.....။



ခင်ဗျားဟာ တကယ့်စာတတ်ပေတတ်တစ်ယောက်ဖြစ်တယ်ဆိုတာသံသယမရှိပါဘူး ၊


ခင်ဗျားရဲ့အကြံဥာဏ်နဲ့လူပေါင်းများစွာရဲ့
ပြသနာကိုဖြေရှင်းပေးနိုင်ခဲ့တယ်ဆိုတာလည်း...သိပါတယ် ၊ ဒါပေမယ့်..ခင်ဗျားရဲ့သားကတော့ ရွှေဆိုတာဘာလဲ ငွေဆိုတာဘာလဲ သိပုံမရသလို
တန်ဖိုးဆိုတာကိုလည်း သိပုံမရဘူးနဲ့တူတယ်....လို့ ရွာသားတစ်ယောက် လာပြောတဲ့အခါမှာ ...။

ဖခင်ဖြစ်သူဟာ သူ့သားငယ်ကို ချက်ခြင်းခေါ်ပြီးမေးတယ်
သားငယ်။....ရွှေနဲ့ငွေနဲ့ဘယ်ဟာက တန်ဖိုးပိုရှိလဲ ??? .ရွှေကတန်ဖိုးပိုရှိတယ်လို့ သားငယ်ကပြန်ဖြေပါတယ်...။
အေး...သားငယ်ပြောတာမှန်သားပဲ ၊ ဒါဆို ရွာလူကြီးက မင်းဟာ ရွှေရဲ့တန်ဖိုးကိုတောင်မသိဘူးလို့လာပြောနေရတာလဲ...
သူငါ့ကိုလာနောက်နေတာလား ၊ အခြားရွာသားတွေရဲ့အရှေ့မှာငါ့ကိုသက်သက်အရှက်ခွဲချင်တာလား ၊
ငါ့နောက်ကွယ်မှာ ဒီကိစ္စအတွက် တစ်ရွာလုံးက ငါ့ကို ပျက်ရယ်ပြုနေကြမှာသေချာတယ် ၊ အဖေစိတ်မကောင်းဘူးကွာ
အဖေ့ကို ရှင်းပြစမ်းပါအုံး....ဘာကြောင့်လဲ.......

အဲ့ဒီအခါမှာ သားဖြစ်သူက အကြောင်းစုံကိုဒီလိုရှင်းပြပါတယ်
နေ့တိုင်းနေ့တိုင်း ကျနော်ကျောင်းကိုသွားတဲ့အခါမှာ ၊ ရွာလူကြီးကကျနော့်ကိုသူ့ရဲ့အိမ်ထဲကို အမြဲတမ်းဖိတ်ခေါ်တတ်ပါတယ်
ပြီးတော့ သူ့လက်ဖ၀ါးပေါ်မှာ ရွှေပြား နဲ့ ငွေပြားကိုတပြားစီ တင်ပြီးတော့ ရွာသားတွေရဲ့ရှေ့မှောက်မှာ
ဘယ်ဟာကတန်ဖိုးရှိလဲ..တန်ဖိုးရှိတဲ့အရာကို ရွေးယူစမ်းပါလို့..ခိုင်းလေ့ရှိပါတယ်...။
ကျနော်က ငွေပြားကိုကောက်ယူလိုက်ပါတယ် ၊ ကျနော်ငွေပြားးကိုကောက်ယူလိုက်တိုင်း ၊ ရွာလူကြီးရော တခြားရွာသားတွေပါ
တပြိုင်နက်ရယ်မောကြပါတယ် ၊ အဲ့ဒီနောက်ကျနော်ကျောင်းကိုဆက်သွားပါတယ် ၊
အဲ့ဒီလိုဖြစ်နေတာ တော်တော်ကြာနေပါပြီ....
ဒါကြောင့် အဖေ့ကို သူတို့ဒီလိုလာပြောကြတာနေမှာပါ....။

သားငယ်ရဲ့စကားအဆုံးမှာတော့ ဖခင်ဖြစ်သူဟာ တော်တော်လေးကို စိတ်ရှုပ်ထွေးသွားပါတယ် ၊
သူ့သားငယ်ဟာ ရွှေရဲ့တန်ဖိုးကိုသိရက်သားနဲ့ ရွှေ နဲ့ငွေအကြားရွေးချယ်မှုလုပ်ခိုင်းတိုင်း ၊ ငွေပြားတစ်ပြားကိုပဲ အမြဲရွေးချယ်ခဲ့တယ်
ဘာကြောင့်လဲ..ဘာကြောင့်ရွှေဒင်္ဂါးပြားကို မင်းမရွေးချယ်ခဲ့တာလဲ....လို့ သူ့သားကိုသိချင်ဇောနဲ့မေးတဲ့အခါမှာတော့....
သားဖြစ်သူက ဖခင်ဖြစ်သူရဲ့လက်ကိုဆွဲပြီး သူ့အခန်းထဲကိုခေါ်သွားပါတယ် ၊
ပြီးတော့ သေတ္တာတစ်လုံးကိုပြလိုက်ပါတယ်
အဲ့ဒီ....သေတ္တာထဲမှာတော့ ငွေဒင်္ဂါးပြားတွေ (၁၀၀)မကရှိနေတာကို မြင်လိုက်ရတော့ ဖခင်ဖြစ်သူကအံ့အားသင့်သွားတယ်..
ဒီအချိန်မှာ သားဖြစ်သူက စိတ်အေးလက်အေးရှင်းပြပါတယ်..
ဒီလိုပါအဖေ....ကျနော့်ရွှေဒင်္ဂါးကိုရွေးချယ်လိုက်တဲ့နေ့ဟာ ကစားပွဲရပ်တန့်သွားတဲ့နေ့ဖြစ်သလို
သူတို့အားလုံးလည်း ၇ယ်မောခြင်းတွေရပ်တန့်ကုန်တဲ့နေ့ဖြစ်သွားပြီး ၊ ပိုဆိုးတာက ကျနော့်ပုံမှန်ဝင်ငွေလည်းရပ်တန့်သွားပါလိမ့်မယ်..
ဒါကြောင့်ပါ..အဖေ....။

မှတ်သားရန်
ကျနော့်တို့ရဲ့ဘ၀အချိုးအကွေ့တွေမှာ တစ်ခါတစ်ရံ အရူးကွက်နင်းပေးရတဲ့အခါမျိုးလည်း ကြုံတွေ့တတ်ပါတယ်
ဘာကြောင့်လဲဆိုတော့..ကျနော်တို့ရဲ့စီနီယာကြီးတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေကပါ...
အဲ့ဒီအကွက်ကိုနှစ်သက်သဘောကျနေမယ်ဆိုရင် ၊ လုပ်ရပါမယ်...။
ဒီလိုပြုလုပ်ခြင်းဟာ ဘ၀တစ်ခုရဲ့ကစားပွဲတစ်ခုမှာ သင်ရှုံးနိမ့်သွားတယ်ဆိုတဲ့အဓိပ္ပါယ်မဟုတ်ပါဘူး
တခြားသောသူတွေကို ကစားနည်းရဲ့တစ်စိတ်တစ်ပိုင်းအပေါ်မှာ အနိုင်ယူခွင့်ပေးလိုက်တာပါ...
တကယ်လို့ သင်ဟာ ကစားပွဲတစ်ခုလုံးကိုစီးထားပြီဆိုရင်တော့....
ဘယ်အပိုင်းက ကောင်းတယ် ၊ ဘယ်အပိုင်းကမကောင်းဘူးဆိုတာ ၊ သင့်စိတ်ကြိုက်ရွေးချယ်ကစားလာနိုင်ပါလိမ့်မယ်ဗျာ

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.