အကယ်ဒမီကို ပိုက်ဆံနဲ့ ဝယ်ယူတယ်ပဲပြောပြော ကိုယ်တိုင် ထုတ်ရိုက်ရတယ် နဝရတ်

Posted by Black Magic | Posted in | Posted on 2:37 PM


အကယ်ဒမီကို ပိုက်ဆံနဲ့ ဝယ်ယူတယ်ပဲပြောပြော ကိုယ်တိုင် ထုတ်ရိုက်ရတယ် နဝရတ်
အကယ်ဒမီ ဆိုတာ နတ်ကြီး တယ်။ မြန်မာ အယူဆိုရင် ပေးရင် လည်းရတယ်။  မပေးရင်လည်း ရ တယ်။ အကယ်ဒမီ ဆိုတာ ကာရိုက် တာနဲ့ပဲ ပရိသတ်ရင်ကို ထိအောင် လုပ်ပေးရ မှာပေါ့။ ဟာသနဲ့ အကယ် ဒမီပေးတယ် ဆိုတာ မရှိဘူးလေ။ ဒရာမာနဲ့ပဲ အကယ်ဒမီ ကိုဖောက်ရ မှာလေ။ ပရိသတ် ရင်ထဲကို အနက် ရှိုင်းဆုံးနေရာထိ ဝင်သွားအောင် လုပ်နိုင်ရင် အကယ်ဒမီနဲ့ နီးစပ်ပြီ လေ။ အကယ်ဒမီလိုချင်ရင် ကိုယ် ရိုက်ချင်တဲ့ဇာတ်ကိုတည်ပြီးအကယ် ဒမီစည်းမျဉ်းနဲ့အညီရိုက်ရမှာ။ ဟာ သကားတွေက အရမ်းပေါက်နေတယ်။
အကယ်ဒမီ အတွက်ဒရာမာကားတွေ က ရှားသွားပြီ။ အနုပညာရှင်တိုင်း ထည့်စဉ်းစားရမယ့်အထဲမှာ အကယ် ဒမီပါတယ်။ ရုပ်ရှင်ကားကြီးရိုက်ပြီ ဆို ပိုက်ဆံလိုချင်တဲ့ကားလား။ အ ကယ်ဒမီလိုချင်တဲ့ကားလားဆိုတာ နှစ်ခုပဲတွက်ရမှာလေ။ အကယ်ဒမီ လိုချင်ပြီးပိုက်ဆံရမယ့်ကားမျိုးပဲနဝရတ် ရွေးတယ်။ အကယ်ဒမီလည်း ရရ မယ်။ ပိုက်ဆံလည်း ရရမယ်။ အ ရည်အသွေး လည်းကောင်းရမယ်။ ပရိသတ်လည်း လက်ခံရမယ်။ နဝရတ် ကတော့ အဲဒါကို ပဲရွေးတယ်။
ကျန်တဲ့ ပရိုဂျူဆာတွေ ကိုတော့ မသိ ဘူး။ အနုပညာရှင် အတွက် အကယ် ဒမီက ပန်းတိုင်ဆိုတာ ဟုတ်ပါတယ်။ နဝရတ်တို့လည်း ဒီပန်းတိုင်ကြောင့် ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး ရိုက်တာလေ။ ကိုယ့်ရဲ့မှတ်တိုင်ပေါ့။ ပန်းတိုင်ဆိုတာ ထက်မှတ်တိုင်လို့ပြော လို့ရတယ်။ မင်းသားခေါင်းဆောင် ဖြစ်နေတဲ့ ခေတ်မှာကိုယ့်ကို ဘယ်သူမှ ခေါင်းဆောင် ထုတ်ရိုက်မှာ မဟုတ်ဘူး။ အဲဒီ အတွက် အကယ်ဒမီကို ပိုက်ဆံနဲ့ ဝယ်ယူတယ် ပဲပြောပြော ကိုယ်တိုင်ထုတ်ရိုက်ရတယ်။ ကိုယ်လုပ်ချင်တဲ့ ဟာကို ကိုယ်ကိုယ်တိုင် ကိုယ့်ပိုက် ဆံနဲ့တော့ လုပ်ခွင့် ရှိတယ်။ ဘယ်သူ့ မျက်နှာမှ ကြည့်စရာ မလိုဘူး

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.