မလုပ်သင့်တဲ့ နောက်ပြောင်မှု

Posted by Black Magic | Posted in , , | Posted on 9:14 PM



အမျိုးသမီးတယောက် သန့်စင်ခန်းသွားရာက (Super Glue) မြန်မာတွေအခေါ် ဆင်ကော်တွေကပ်နေ
တာ ကြောင့် အိမ်သာက ထလို့မရပဲ အခက်အခဲဖြစ်ခဲ့ရလို့ ကယ်ဆယ်ရေးတွေက ကယ်ယူခဲ့ရပါတယ်။



ဂျော်ဂျီယာ၊ Banks County က DYI စတိုးတခုတွင်းက သန့်စင်ခန်းကို သွားခဲ့တဲ့ အသက် ၄၀ အရွယ်
အမျိုးသမီးဟာ အိမ်သာခုံမှာ တစုံတယောက်က နောက်ပြောင်းကျီစယ်လိုတဲ့သဘောနဲ့ ဆင်ကော်တွေ
ကပ်ထားတာ မသိလိုက်ပဲ သွားမိရာက တင်ပါးအရေပြားတွေဟာ ဆင်ကော်တွေနဲ့ကပ်နေခဲ့တာပါ။

သူလည်း သိလိုက်တဲ့အချိန်မှာ အော်ပြီး အကူအညီတောင်းခဲ့တာပေါ့။ နောက်တော့ ကယ်ဆယ်ရေး
အဖွဲ့တွေ က သူ့ကို ကယ်တင်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဆင်ကော်တွေထိကပ်ခဲ့တဲ့ သူ့တင်ပါးက အရေးပြားတွေမှာတော့ ဒဏ်ရာတွေ တော်
တော် များသွား တယ်လို့ ဆိုတယ်။ အခုတော့အမျိုးသမီးဟာ နေကောင်းကျန်းမာလာပေမယ့် ထိုင်လို့
တော့ မရသေးပါ ဘူးတဲ့။

အခုလို ဒီအမျိုးသမီး အိမ်သာတက်ရင်း ဆင်ကော်တွေကပ်ပြီး ဒုက္ခရောက်ရတဲ့ အဖြစ်ဟာ ကြံကြံဖန်ဖန်
နောက်တတ်သူတွေက လုပ်သွားတယ်ဆိုတာ ဖြစ်နိုင်လို့ ဘယ်သူ လုပ်သွားသလဲ ဆိုတာ စီစီတီဗွီ ကို
ပြန်ကြည့်ပြီး သက်ဆိုင်ရာက စုံစမ်းနေ ပါတယ်လို့ သိရပါတယ်။

တကယ်တော့ ဒီလိုကိစ္စမျိုးဟာ နောက်ပြောင်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ တပါးသူ အတော် ဒုက္ခရောက်
သွား တာ ကို ရယ်စရာအဖြစ် မြင်လိုတဲ့ စိတ်ဓာတ်ဟာ အတော်သေးသိမ်ပါတယ်။

ဒါလိုနောက်ပြောင်မှုမျိုး မြန်မာနိုင်ငံမှာ လည်း မရှိဘူးလို့ ပြောလို့မရပါဘူး။ ရှိခဲ့ရင်လည်း ကျမတို့ မြန်မာ့
လူ့အဖွဲ့အစည်း က ပညာပေးသင့်ပါတယ်။

Credit to : Irrwady Blog By အိမ့်သံစဉ်


Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.