ချစ်သူနဲ့ ဈေးဝယ် ထွက်တဲ့ ဘဲ ၇ လွှာက ခုန်ချ

Posted by Black Magic | Posted in , | Posted on 7:08 AM


ချစ်သူနဲ့ ဈေးဝယ် ထွက်တဲ့ တရုတ် အမျိုးသား တဦးက တနေကုန် တနေခန်း ဈေးဝယ်ကြ အပြီးမှာ 
ကုန်တိုက် ၇ လွှာ အမြင့်ကနေ ခုန်ချလိုက်တယ်လို့ သတင်းတပုဒ်က ဆိုပါတယ်။

အဲဒီလူ ကွယ်လွန်သွားပါတယ်။ 




၅ နာရီကြာ ဈေးဝယ်ထွက်အပြီးမှာ ခုန်ချလိုက်တာလို့ ဆိုတယ်။

Jiangsu ပြည်နယ် Xuzhou မြို့ကြီးက ကုန်တိုက်တခုမှာ ဖြစ်ခဲ့တာ၊ အဲဒီလူ နာမည်ကTao Hsiao, 
အသက် ၃၈ နှစ်။

ဖိနပ်ဆိုင်ထဲ သွားမယ် ဆိုတဲ့ အမျိုးသမီးရဲ့ အစီအစဉ်ကြောင့် သူတို့နှစ်ဦးကြား အငြင်းပွားကြကြောင်း 
မျက်မြင်သက်သေတွေက ပြောပါတယ် တဲ့။

ဖိနပ်တွေ ၀ယ်ထားတာ တသက်လုံး စီးမကုန်ဘူး၊ ထပ်မ၀ယ်နဲ့တော့လို့ အမျိုးသားကပြောတယ်၊ အမျိုး
သမီးက သူ့ကို ကပ်ဈေးကုပ်၊ ကော်တရာ၊ ခရစ်စမတ် ပျော်စရာကာလကို ဖျက်လိုဖျက်ဆီးလုပ်တယ် 
ဆိုပြီး အော်လိုက်တယ်လို့ ဆိုတယ်။

နောက်ဆုံးတော့ အမျိုးသားက ၀ယ်ထားတဲ့ ပစ္စည်း ပစ္စယတွေကို လွှင့်ပစ် လိုက်ပြီး ကုန်တိုက် ပေါ်က 
ခုန်ချလိုက်တယ်၊ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုတယ်။ 

တခြား ဈေးဝယ်သူတွေတော့ ထိခိုက်ဒဏ်ရာရခြင်း မရှိပါဘူး တဲ့။


The Washington Times အွန်လိုင်းမှာ ဒီသတင်း ၉ ရက်နေ့က ရေးထားပါတယ်။ Daily Mail နဲ့ 
CCTV ရုပ်သံသတင်းဌာနတို့ကို ကိုးကားရေးသားထားတာပါ။ အွန်လိုင်း သတင်းစာမျက်နှာအများ
အပြားမှာ ဒီသတင်းကို တွေ့ခဲ့ရပါလိမ့်မယ်။

ဒီနှစ်ယောက်ဟာ အစွန်းနှစ်ဘက်ကို ရောက်သွားကြသူတွေလို့ ထင်ရပါတယ်။
ဘယ်သူ့ပိုက်ဆံနဲ့ ဈေးဝယ်ထွက်ခဲ့ကြသလဲ ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။ သူတို့တွဲခဲ့ကြ
တာ ဘယ်လောက်ကြာပြီလဲ ဆိုတာလည်း ရေးမထားပါ။

ဈေးဝယ်ထွက်ရင် တနေကုန်သွားတတ်သူတွေဟာ ကိုယ်နဲ့ ၀ါသနာပါသူတွေနဲ့ပဲ ကုန်တိုက်သွားသင့်
တယ် သို့မဟုတ် တယောက်တည်း သွားသင့်တယ်ဆိုတဲ့ သင်ခန်းစာကို ဒီသတင်းကနေ ရကြဖွယ်ရှိ
ပါတယ်။

ကိုယ် ခေါ်သွားတဲ့သူဟာ ကုန်တိုက်မှာ တနာရီထက် ပိုပြီး မလျှောက်ချင်တဲ့သူ ဖြစ်နေတတ်ပါတယ်။

ဈေးဝယ်ထွက်ရာမှာ စိတ်တူကိုယ်တူဖြစ်တဲ့သူကို ရှာဖွေ တွေ့ရှိနိုင်ကြပါစေ။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.