Posted by Black Magic | Posted in ထူးထူးခြားခြား , သတင်းများ | Posted on 9:12 PM

ထိုင်းလမ်းဘေးဈေးသည်တစ်ဦး ကမ္ဘာကျော် (STARBUCKS) စတာဘတ်ခ် ကုမ္ပဏီက တရားစွဲတဲ့သတင်းဖြစ်ပါတယ်။ ထိုင်းဥပဒေ အသိုင်းအ၀ိုင်းမှာလည်း ဆွေးနွေးစရာ အချက်တခုဖြစ်နေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြဘုရားတည်ရှိရာ နေရာနဲ့  သိပ်မဝေးတဲ့ ကျောက်ဖယားမြစ်အနီး ထါ့ဖရာ့အထစ် အရပ်မှာ ဆိုင်ကယ်ဘေးတွဲလက်တွန်းလှည်း (STARBUNG) စတားဘန်း ဆိုင်းပုဒ်တတ်ပြီး လ္ဘက်ရည်နဲ့ ကော်ဖီ ရောင်းနေတဲ့ သူကို တရားစွဲတာဖြစ်ပါတယ်။
စတားဘန်းရဲ့ ကုန်အမှတ်တံဆိပ်ဟာ စတားဘတ်ခ်ကို ကူးချထားတယ်ဆိုပြီး
အောက်တိုဘာလ 19 ရက်နေ့က ရှေ့ နေကတဆင့် သတိပေးစာပေးပို့ ခဲ့တာဖြစ်ပါတယ်။ 7 ရက်အတွင်း ဆိုင်းပုဒ် ဖျက်သိမ်းပေးဖို့ ကိုလည်းဖေါ်ပြထား ပါတယ်။ အီလက်ထရိုးနစ် နဲ့ ပြန့် နေတဲ့ ပုံတွေလည်း ဖယ်ရှားပေးရမယ်လို့ သတိပေးခဲ့ပါတယ်။
တရားစွဲခံရသူက သူ့ အနေနဲ့  ဒီနေရာ လ္ဘက်ရည်နဲ့  ကော်ဖီ ရောင်းနေတာ 6 နှစ်ရှိနေပြီး။ စတားဘန်း တံဆိပ်ကို လွန်ခဲ့တဲ့ 6 လလောက်ကမှ စပြီး သုံးစွဲလာတယ်။ ဒါကလည်း စားသုံးတစ်ဦးက ပုံစံဆွဲခဲ့ပေးလို့ သဘောကျတာနဲ့  သုံးတာဖြစ်တယ်လို့ ပြောပါတယ်။ စတားဘန်း ဖြစ်လာခဲ့ရတာက
ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်ကို အကိုလို့ ခေါ်ရင် အဘန်း လို့ ခေါ်ကြပါတယ်။ ရောင်းသူ က အစ္စလာမ်ဘာသာဝင် ဖြစ်လို့ စားသုံးသူတွေက စရင်းနောက်ရင်း နဲ့  စတာဘန်း လို့ ခေါ်လာကြတယ်။ စားသုံးတစ်ယောက်ပဲ ဒီပုံကိုဆွဲလာပေးလို့  ဒီဆိုင်းပုဒ်ကို သုံးဖြစ်သွားပါတယ်။ ထူးခြားလို့ ဟာသအဖြစ် တွေ့ တဲ့သူတွေက ဖေ့တ်စ်ဘုတ်ခ် နဲ့ အင်တာနက်တွေကို တင်ကြတယ်။ ဆိုင်ရှင်က အင်တာနက်လည်း မသုံးတတ်သူဖြစ်လို့ အင်တာနက်ထဲက ပုံတွေလည်း မဖျက်တတ်ဘူးလို့ ပြောပါတယ်။
ဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး ထိုင်းထိပ်တန်း ရှေ့ နေအသိုင်းအ၀ိုင်းက ကုခံပေးမယ်ပြောလို့ ဆိုင်းပုဒ်မပြုပဲ ဆက်လက်ရောင်းနေစဲဖြစ်ပါတယ်။










Myanmar Kyat Converter
Comments (0)
Post a Comment