" ဆင် တစ်ကောင်၏ ဖွင့်ဟ ဝန်ခံချက် "

Posted by Black Magic | Posted in | Posted on 3:44 AM


" ဆင် တစ်ကောင် ၏ ဖွင့်ဟ ဝန်ခံ ချက် "

အမှုစစ် ။ ။ နာမည် လေး တချက် ပြောပါ ။
ဆင် ။ ။ ဆင် ပါ ခင်ဗျာ ။
အမှုစစ် ။ ။ ကျနော် တို့ကို အခက်အခဲ ဖြစ်အောင် မလုပ်ပါနဲ့။ခင်ဗျား မှာ နာမည် ရှိပါတယ်။ကျနော်တို့ လူကြီး တွေ ခင်ဗျားကို ခေါ်တဲ့ နာမည်လေ။ဆင်ဖြူတော် ဘွဲ့ နာမည်လေ။
ဆင်။ ။အော်........။ဆင်ဖြူတော် ရာဇ အဂ္ဂ သီရိ ပစ္စယဂရောဇာ ဆိုတာလား?
အမှုစစ် ။ ။ အင်း.....ဟုတ်တယ်၊ဟုတ်တယ်။ရေးလိုက်မယ်နော်။မျိုးရိုးလေးလုပ်ပါအုံး။
ဆင် ။ ။ ဘင်္ဂလားဆင် ပါ ။
အမှုစစ် ။ ။ လုပ်ပြန်ပြီ ။ခင်ဗျား ကို ကျနော်တို့ လူကြီးတွေ မှတ်ပုံတင် ချပေးထားတုန်းက ရခိုင် ရိုးမက မိလာလို့ ရခိုင်လို့ထည့်ထားတယ်လေ။ရေးလိုက်မယ်နော်။နေရပ်လိပ်စာပြောပါခင်ဗျာ။
ဆင် ။ ။ ဘင်္ဂလားဒေ့ရှ် ။
အမှုစစ် ။ ။ လွဲပြန်ပြီ။အခုနေတဲ့ နေရပ်လိပ်စာမင်းဓမ္မဆင်ဖြူတော်ဝင်း၊ကြို့ကုန်းအရှေ့ရပ်ကွက်၊အင်းစိန် မြို့နယ် ကိုပြောတာ။ရေးလိုက်မယ်နော်။အခင်းဖြစ်ပွားပုံလေးပြောပြပါ။
ဆင် ။ ။ မဖြူတာ ကို ဖြူတယ်လို့ ပြောပြီး ဆင်ဖြူတော် လို့ ခေါ်တယ်။ရာထူးသာရှိတယ်။ခြေချုပ်က အခုထက်ထိ မလွတ်နိုင်ဘူး။တောထဲ ကမှ လွတ်လပ်သေးတယ်။အစွယ်ရှည်လာပြီ။ဖြတ်ပေးပါလို့ပြောတော့လည်း မသိချင်ယောင်ဆောင်နေကြတယ်။တနေ့၊တနေ့ အစာစားပြီးလည်းကောင်းကောင်း မနေရဘူး။ကြံ တချောင်းမကုန်သေးဘူး၊အတင်းလမ်းလျှောက်ခိုင်း တယ် ။အစာမကျေလို့ နေမကောင်း ဖြစ်ရင် ဆင်ပဲ ဒုက္ခ ရောက်မယ်။ ကြာလာတော့ သည်းညည်းမခံ နိုင်တော့ ပဲ တင်းတင်း လာတယ်။အဲတာ နဲ့ အမြင်ကတ်ပြီး ကြုံတဲ့ သူ ကို တင်းထိုး ထိုးလိုက်တာ။ အဲတာကြောင့် ကိုသိန်းစိန် ကြားက ခံသွားရတာပါ ။စိတ်မကောင်း ပါဘူး။ကျနော့် ကို အရေးယူပြီး တောထဲ ပို့ပစ်ပါ ။
အမှုစစ် ။ ။ အော်........ဒါက နားလည်မှု လွဲလို့ ကိုသိန်းစိန် ကြားက ခံသွားရ တာပါ။ဒါတော့ရေးလို့ မဖြစ်ဘူး။တော်ကြာ အဘ ဆူနေမယ်။ကြည့်ကောင်းသလိုပဲရေးလိုက်မယ်။ဆင်ဖြူတော်ကြီး မှာ ဘာအပြစ်မှ မရှိပါဘူး။အဘ ကလည်း မှာလိုက် ပါတယ်။ကိုသိန်းစိန် အတွက် ခွင့်လွှတ် ပေးပါတဲ့။သူ အပြောအဆိုမတတ်လို့ ဒီလို ဖြစ်ရတာပါ။နောက်ပြီး ဆင်ဖြူတော်ကြီး ကိုယ့်ကျန်းမာ ရေး သာ ကိုယ် ဂရုစိုက်ပါတဲ့။ဒါပဲနော် ကိုဆင်ဖြူတော်။အလုပ်လေးရှိသေးလို့ ကျနော့် ကို ခွင့်ပြုပါအုံး။
ဆင် ။ ။ အဲတာတွေ ဆင် စိတ်ညစ်တာ ။ ဒီ ဆင်ဖြူတော်ဆိုတဲ့ ဝဠ် က ဘယ်တော့ ကျွတ် ပါ့ မလဲ...........။

မေတ္တာများစွာဖြင့် -

ကော်ဇို
၉ - ၁၁ - ၂၀၁၃ ။""
credit Ko zaw zaw oo

အမှုစစ် ။ ။ နာမည် လေး တချက် ပြောပါ ။
ဆင် ။ ။ ဆင် ပါ ခင်ဗျာ ။

အမှုစစ် ။ ။ ကျနော် တို့ကို အခက်အခဲ ဖြစ်အောင် မလုပ်ပါနဲ့။ ခင်ဗျား မှာ နာမည် ရှိပါတယ်။ ကျနော်တို့
              လူကြီး တွေ ခင်ဗျားကို ခေါ်တဲ့ နာမည်လေ။ဆင်ဖြူတော် ဘွဲ့ နာမည်လေ။
ဆင်။ ။ အော်........။ ဆင်ဖြူတော် ရာဇ အဂ္ဂ သီရိ ပစ္စယဂရောဇာ ဆိုတာလား?

အမှုစစ် ။ ။ အင်း.....ဟုတ်တယ်၊ ဟုတ်တယ်။ ရေးလိုက်မယ်နော်။ မျိုးရိုးလေးလုပ်ပါအုံး။
ဆင် ။ ။ ဘင်္ဂလားဆင် ပါ ။

အမှုစစ် ။ ။ လုပ်ပြန်ပြီ ။ ခင်ဗျားကို ကျနော်တို့ လူကြီးတွေ မှတ်ပုံတင် ချပေးထားတုန်းက ရခိုင်ရိုးမက
              မိလာလို့ ရခိုင်လို့ထည့်ထားတယ်လေ။ ရေးလိုက်မယ်နော်။ နေရပ်လိပ်စာ ပြောပါခင်ဗျာ။
ဆင် ။ ။ ဘင်္ဂလားဒေ့ရှ် ။

အမှုစစ် ။ ။ လွဲပြန်ပြီ။ အခုနေတဲ့ နေရပ်လိပ်စာ မင်းဓမ္မဆင်ဖြူတော်ဝင်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊
              အင်းစိန် မြို့နယ်ကိုပြောတာ။ ရေးလိုက်မယ်နော်။ အခင်းဖြစ်ပွားပုံလေးပြောပြပါ။
ဆင် ။ ။ မဖြူတာကို ဖြူတယ်လို့ ပြောပြီး ဆင်ဖြူတော် လို့ ခေါ်တယ်။ ရာထူးသာရှိတယ်။ ခြေချုပ်က
           အခုထက်ထိ မလွတ်နိုင်ဘူး။ တောထဲကမှ လွတ်လပ်သေးတယ်။ အစွယ်ရှည်လာပြီ။
           ဖြတ်ပေးပါလို့ပြောတော့လည်း မသိချင်ယောင်ဆောင်နေကြတယ်။ တနေ့၊ တနေ့ အစာစား
           ပြီးလည်းကောင်းကောင်း မနေရဘူး။ ကြံ တချောင်းမကုန်သေးဘူး၊ အတင်းလမ်းလျှောက်ခိုင်း
           တယ် ။အစာမကျေလို့ နေမကောင်း ဖြစ်ရင် ဆင်ပဲ ဒုက္ခ ရောက်မယ်။ ကြာလာတော့ သည်းညည်း
           မခံ နိုင်တော့ ပဲ တင်းတင်း လာတယ်။အဲတာ နဲ့ အမြင်ကတ်ပြီး ကြုံတဲ့ သူ ကို တင်းထိုး ထိုးလိုက်
          တာ။ အဲတာကြောင့် ကိုသိန်းစိန် ကြားက ခံသွားရတာပါ ။ စိတ်မကောင်း ပါဘူး။ကျနော့် ကို အရေး
          ယူပြီး တောထဲ ပို့ပစ်ပါ ။

အမှုစစ် ။ ။ အော်........ဒါက နားလည်မှု လွဲလို့ ကိုသိန်းစိန် ကြားကခံသွားရတာပါ။ ဒါတော့ရေးလို့
               မဖြစ်ဘူး။တော်ကြာ အဘ ဆူနေမယ်။ကြည့်ကောင်းသလိုပဲရေးလိုက်မယ်။ဆင်ဖြူတော်ကြီးမှာ
               ဘာအပြစ်မှ မရှိပါဘူး။အဘ ကလည်း မှာလိုက် ပါတယ်။ ကိုသိန်းစိန် အတွက် ခွင့်လွှတ် ပေး
               ပါတဲ့။ သူ အပြောအဆိုမတတ်လို့ ဒီလို ဖြစ်ရတာပါ။ နောက်ပြီး ဆင်ဖြူတော်ကြီး ကိုယ့်ကျန်းမာ
              ရေးသာ ကိုယ် ဂရုစိုက်ပါတဲ့။ ဒါပဲနော် ကိုဆင်ဖြူတော်။ အလုပ်လေးရှိသေးလို့ ကျနော့်ကို
              ခွင့်ပြုပါအုံး။

ဆင် ။ ။ အဲတာတွေ ဆင် စိတ်ညစ်တာ ။ ဒီ ဆင်ဖြူတော်ဆိုတဲ့ ဝဠ် က ဘယ်တော့ ကျွတ် ပါ့မလဲ.....။

မေတ္တာများစွာဖြင့် - ကော်ဇို ၉ - ၁၁ - ၂၀၁၃ ။

credit Ko zaw zaw oo

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.