အကယ်ဒမီ ဗန်းကိုင်များ ခေါ်ယူ

Posted by Black Magic | Posted in | Posted on 1:00 AM




လျှောက်လွှာခေါ်ယူခြင်း
၁။ ၂ဝ၁၂ ခုနှစ်အတွက် ရန်ကုန်မြို့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုဗန်းကိုင်ဆောင်ရန်အတွက် အောက်ပါအရည်အချင်းနှင့်ကိုက်ညီသော အမျိုးသမီး(အိမ်ထောင်မရှိ)သူများ လျှောက်ထားနိုင်ပါသည်-
(က) ၂ဝ၁၃ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူနှင့်အသက်(၂ဝ)မကျော်လွန်သူ
(ခ) အရပ်အမြင့်(ဖိနပ်မပါ) (၅)ပေ(၄)လက်မ မှ (၅)ပေ(၅)လက်မ အတွင်းဖြစ်ရမည်
(ဂ) ကျန်းမာရေးကောင်းမွန်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းနှင့် ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သူ ဖြစ်ရမည်
၂။ လျှောက်လွှာများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းတွင် (၂၉-၁၁-၂ဝ၁၃)ရက်တွင် စတင်ထုတ်ယူနိုင်ပြီး (၇-၁၂-၂ဝ၁၃)ရက် ညနေ(၅)နာရီ မတိုင်မီနောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

၃။ ထူးချွန်ဆုချီးမြှင့်ပွဲတွင် ပါဝင်မည့်ဆုဗန်းကိုင်များနှင့် အစီအစဉ်ကြေငြာသူများအတွက် မိတ်ကပ်ဆံပင်အလှပြင်ခြင်း၊ လက်ဝတ်ရတနာဆင်မြန်းခြင်း၊ ဝတ်စုံ(ဒီဇိုင်နာအပါအဝင်) ဆင်မြန်းခြင်း၊ ဖိနပ်ဆင်မြန်းခြင်းတို့အား ပါဝင်ဆောင်ရွက်လိုသူများအနေဖြင့် မိမိဆောင်ရွက်လိုသော လုပ်ငန်းအမည်နှင့် ထည့်ဝင်ပေးနိုင်မည့် ငွေပမာဏကိုပါဖော်ပြ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းသို့ (၇-၁၂-၂ဝ၁၃) ရက်ညနေ(၅)နာရီမတိုင်မီ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

မြန်မာ့ရုပ်ရှင်လုပ်ငန်း မှ

(ကျွန်တော် ချစ်ချစ် ပကျိမ လေးတောင်လျှောက်ခိုင်းမလို့ ..၊ သေချာ ဖတ်ကြည့်ပြီးမှ အရပ်မမှီလို့ မလျှောက်ခိုင်းတော့တာ.. ဟီဟိ :)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.