ဖတ်မိတဲ့ဟာသတွေ

Posted by Black Magic | Posted in | Posted on 4:17 AM


Customer တယောက်စီမှ Microsoft သို့ပေးပို့သောစာ
***************************************
Attn: Bill Gates
Subject: ကွန်ပျူတာအသစ်မှ problem များ.

1. ကွန်ပျူတာမှာ START ပဲပါပြီး STOP မပါပါဘူး.
ပြန်ပြီးဆန်းစစ်သင့်တယ်လို့ထင်ပါတယ်.

2. ကွန်ပျူတာမှာ RUN ပါတာတွေ့ပါတယ်. အဲ့ဒါကို SIT လို့ပြောင်းပေးသင့်ပါတယ်.
ဒါမှ ထိုင် နေရင်း အဲ့ဒီခလုပ်ကို နှိပ်နိုင်မှာပါ။

3. FIND button ပါတာတွေ့လိုက်ပါတယ်. ဒါပေမယ့် တကယ်အသုံးမ၀င်ပါဘူး.
ကျွန်တော့် မိန်းမ တံခါးသော့ပျောက်တာ FIND ကိုနှိပ်ပြီး ရှာပေမယ့် ရှာလို့မရပါဘူး။ ပြန်ဆန်းစစ်ပေးပါ။

4.ကျွန်တော့်ခလေး Microsoft Word ကိုကောင်းကောင်းတတ်သွားပါပြီ. သူက
Microsoft Sentences ကိုလေ့လာချင်နေပါတယ်. ဘယ်လို ၀န်ဆောင်မှုပေးနိုင်မှာလဲ ။ ဖြေကြားပေးပါ။

5. ကျွန်တော် COMPUTER, CPU, MOUSE, KEYBOARD အားလုံးဝယ်လာပါတယ်.
ဒါပေမယ့် MY COMPUTER ICON ပဲတွေ့ပါတယ်. ကျန်တဲ့ DEVICES တွေ
ဘယ်လိုလုပ်ပေးမှာလဲသိချင်ပါတယ်။

6. အံသြစရာတခုရှိပါတယ်. MY PICTURE ထဲမှာ ၀င်ကြည့်လိုက်တော့ ကျွန်တော့်ပုံလဲ တစ်ပုံမှ မတွေ့ပါဘူး. ဘယ်အချိန်မှ MY PICTURE ထဲမှာ ကျွန်တော့်ပုံ ထည့်ပေးမှာလဲ။

7. MICROSOFT OFFICE ကိုတွေ့ပါတယ်။
ဒါဆို MICROSOFT HOME ရော. ကျွန်တော်က အိမ်မှာပဲသုံးမှာမို့လို့ပါ။

8.MY RECENT DOCUMENTS ရှိပေမယ့် MY PAST DOCUMENTS မရှိပါဘူး။
ဘယ်တော့ ထည့်ပေးမှာလဲ။

9. MY NETWORK PLACES ရှိပါတယ်. ကျေးဇူးပြုပြီး MY SECRET PLACES
ထပ်ထည့်ပေးပါ. ကျွန်တော် ရုံးချိန်ပြီးရင် ဘယ်သွားတယ်ဆိုတာ ကျွန်တော့်မိန်းမကို
မသိစေချင်လို့ပါ။

နောက်ဆုံးမေးခွန်းကတော့ Mr.Bill Gates  လူကြီးမင်း နာမည်မှာ GATES ပါပြီး
ဘာလို့ Microsoft Windows ဆိုပြီး ရောင်းနေတာလည်း..၊ တကယ်ဆို Microsoft Gates မဖြစ်သင့်ဘူးလား




နာ့ဘ၀ပျက်ရဒယ် .. ငါ ဥာဏ်ကောင်းလွန်းခဲ့တယ် ..
***************************************

အမျိုးသားတစ်ဦးဟာ အရေးပေါ်ပြဿနာ ဖြစ်နေပါတယ်။
ခန်းမတစ်နေရာမှာရှိတဲ့ အမျိုးသားသုံးအိမ်သာကို ဝင်ဖို့ကြိုးစားတိုင်း မအားဖြစ်နေတဲ့အတွက် ဝင်ခွင့်မရပါဘူး ။

ရှုံ့ရှုံ့ မဲ့မဲ့ဖြစ်နေတဲ့သူ့ကို အနားမှာရှိတဲ့ မိန်းမလှလေးတစ်ဦးက သတိထားမိသွားတာကြောင့်.....

“ ဒီမှာ... ရှင်တော်တော် ပြဿနာတက်နေပုံရတယ်... အမျိုးသမီးအိမ်သာမှာ ဘယ်သူမှမရှိဘူး ။
တကယ်လို့ ရှင်က အဲဒီအိမ်သာထဲမှာရှိတဲ့ ဘယ်ခလုတ်ကိုမှ မနှိပ်ပါဘူးလို့ ကတိပေးမယ်ဆိုရင်တော့ အမျိုးသမီးအိမ်သာထဲ ဝင်လိုက်ပါ။ ကျွန်မတို့ ခွင့်ပြုပါတယ် ” လို့ ဆိုလိုက်ပါတယ်။

ထွက်ကျမတတ်ဖြစ်နေတဲ့ အမျိုးသားကလည်း တောင်းတဲ့ကတိကို အလွယ်တကူပေးလိုက်ပြီး အမျိုးသမီး အိမ်သာထဲကို ကမန်းကတန်း ဝင်ခဲ့ပါတယ် ။

ကမုတ်ပေါ်ကို ထိုင်လိုက်တာနဲ့တစ်ပြိုင်နက် နေသာထိုင်သာရှိသွားပါပြီ။

ဒီတော့မှ အိမ်သာနံရံကို သတိထားကြည့်လိုက်တော့ ခလုတ်တွေ သုံးခုရှိနေတယ်ဆိုတာ သတိထားမိပါတယ်... ။

ဒါပေမယ့် ဘယ်ခလုတ်ကိုမှ မကိုင်ပါဘူးလို့ ကတိပေးခဲ့တာကြောင့် အောင့်အီးသည်းခံနေပါတယ်။ အဲဒီခလုတ်သုံးခုမှာ.....


WW , WA , PP လို့ ရေးထားပါတယ်... ခလုတ်အနီတစ်ခုမှာတော့ ATR လို့ရေးပြီး ကပ်ထားပါတယ် ။

ဒီခလုတ်တွေ ငါ ကိုင်လိုက်ရုံနဲ့ ဘယ်သူသိတာမှတ်လို့ လို့လည်း စိတ်ထဲမှာ အောက်မေ့မိပါတယ်။

သိချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပြီး WW လို့ ရေးထားတဲ့ ခလုတ်ကို နှိပ်လိုက်ရာ

ရေနွေးများ ပေါ်ထွက်လာပြီး သန့်စင်ပေးပါတယ်။

ဒီလိုသန့်စင်ပေးတာမျိုး အမျိုးသား အိမ်သာဖက်မှာ မရှိတဲ့ အတွက် သူ တော်တော်ကျေနပ်သွားပါတယ်။

( WW ဆိုတာက Warm Water ရေနွေးကို ဆိုလိုတာပါ ).... နောက်ထပ် ခလုတ်တစ်ခုဖြစ်တဲ့ WA ကို စမ်းသပ်ချင်စိတ်တွေ ပေါ်ပေါက်လာပြန်ပါတယ်။

သူနှိပ်လိုက်တဲ့အခါမှာတော့ စောစောက ရေနွေးအစား လေခပ်နွေးနွေးတွေထွက်လာပြီး
 ရေကို ခြောက်သွားစေပါတယ်။ ရေခြောက်သွားတော့မှ သူက ခလုတ်ကိုပိတ်လိုက်ပါတယ်။

နောက်ထပ်ဘာမှ မစဉ်းစားတော့ပဲ PP လို့ရေးထားတဲ့ ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာတော့..... Power Paff ပေါင်ဒါရိုက်တဲ့ ပတ်ဖ်အကြီးကြီးတစ်ခု ပေါ်ထွက်လာပြီး တင်ပါးကို အားရပါးရ ပေါင်ဒါရိုက်ပေးပါတယ်။
သင်းပျံ့သွားတဲ့ ရနံ့ကြောင့် သူတအံ့တသြ ဖြစ်သွားရပါတယ် ။

အမျိုးသမီးအိမ်သာက တယ်လဲ ဇိမ်ကျလှတာကိုး.. လို့လဲ တွေးရင်း သဘောတွေကျနေမိပါတယ်။
ဒါနဲ့ ပေါင်ဒါရိုက်အပြီးမှာ ဘာမှမစဉ်းစားတော့ပဲ နောက်ဆုံးခလုတ်တစ်ခုဖြစ်တဲ့
ATR ကို နှိပ်ချလိုက်ပါတော့တယ်.... သူသတိရချိန်မှာတော့ ဆေးရုံပေါ်ကိုရောက်နေပါပြီ...

သူနာပြု ဆရာမလေး တစ်ဦး နဲ့ ဆရာဝန်ကြီးတစ်ဦး က သတိရလာတဲ့ သူ့ အနားမှာ ကြင်နာစွာ ငုံ့ကြည့်နေကြတာကို

ပထမဆုံး တွေ့လိုက်ရတဲ့ အတွက်

“ကျွန်တော် ဘာဖြစ်သွားတာလဲ...??ဒီနေရာကို ဘယ်လိုလုပ်ရောက်လာတာလဲ...??

ကျွန်တော် နောက်ဆုံး သတိရတာကတော့ အမျိုးသမီး အိမ်သာထဲမှာ ကျွန်တော် ရှိနေတာပဲ”
လို့ မေးလိုက်ပါတယ်....။

အဲဒီ့အခါ သူနာပြုဆရာမလေးက ခပ်ပြုံးပြုံးလေး ဖြစ်သွားပြီး ဆရာဝန်ကြီးကို လှမ်းကြည့်လိုက်ပါတယ်။

ဆရာဝန်ကြီးက
“ဘာမှ စိတ်မပူပါနဲ့ဗျာ... ကျွန်တော်တို့ Operation လုပ်တာ အောင်မြင်ပါတယ်....
 နောက်တစ်ပါတ်လောက်ကြာတဲ့ အခါ ဒဏ်ရာကျက်သွားမှာပါဗျာ” လို့ 
တစ်ခွန်းတည်းပြောပြီး ဆက်ပြီး Round လှည့်သွားပါတယ်။

အဲဒီ အခါ အမျိုးသားလည်း ထိတ်လန့်သွားပြီး အနားက ထွက်ခွာအံ့ဆဲဆဲ ဆရာမလေးကို အလောတကြီးနဲ့......
“.. နေ .. နေ .. နေပါဦး ဆရာမရယ်... ကျွန်တော် ဘာကြောင့် Operation လုပ်ရတယ်ဆိုတာ
 ပြောပြခဲ့ပါဦးဗျာ.... ” လို့ မေးလိုက်တော့ သူနာပြုဆရာမလေးက

“ စိတ်မကောင်းပါဘူးရှင်... စိစိညက်ညက်ကြေသွားတဲ့ အစိတ်အပိုင်း နှစ်ခုကိုတော့ ကျွန်မတို့ အောင်မြင်စွာနဲ့ပဲ Operation လုပ်နိုင်ခဲ့ပါတယ်ရှင့်..... ရှင် ကခလုတ်တွေ လျှောက်နှိပ်တာကိုး ATR ဆိုတာက *Automatic Tampon Remover* အမျိုးသမီးသုံး ဂွမ်းကတ် အလိုအလျောက်ခွာတဲ့ စက်ရှင့် " လို့ ဖြေလိုက်ပါတော့တယ်.... ။

သတိရလာခါစ အမျိုးသားလူနာလဲ ဂစ် ခနဲ ပြန်တက်သွားပါတော့တယ်... ။

Credit - Original Writer





လူလည်
***************************************

အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင်သွားပြီး မျက်နှာပေါ်က
အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။ ဒေါ်လာ ငါးထောင်လောက်  သုံးပစ်လိုက်ရပေမဲ့ အင်မတန်
အကျိုးထူးတဲ့ ရလာဒ်ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက်သေး
တယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။

“ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
“၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။
“အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။

နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို
အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။

ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
“မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။


ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက်လျှောက်လာရင်း
ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို
ရောက်တော့ ထုံးစံအတိုင်း သူမ မေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။

“အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။
“ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်”
အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။

သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့ အဖိုးအို တစ်ဦးကို
တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီး မေးလိုက်ပြန်တယ်။

အဖိုးအိုက ပြောတယ်။ “ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။ အမြင်အာရုံတွေလဲ
မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့ အသက်ကို တိတိကျကျ ပြောနိုင်တဲ့
နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့
ဘော်လီ အင်္ကျီအောက်ကို ငါလက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို

တိတိကျကျ၊ သေချာပေါက်ကို ပြောနိုင်မှာပါ”

အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်က အနိုင်ယူ သွားခဲ့တယ်။

သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့ ပြောလိုက်တယ်။

“ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့”
အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊ ဆုပ်နယ် ပွတ်သပ်လိုက်နဲ့  လုပ်နေတယ်။
အချိန် နည်းနည်းကြာတော့ အမျိုးသမီးက စိတ်မရှည်တော့ဘူး။

“ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ”
ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ခုကို စမ်းသပ် နေရာကနေ နောက်ဆုံး အကြိမ်
ဖွဖွ ဆုပ်နယ် လိုက်ပြီး လက်ကိုဖယ်ရင်း ပြောလိုက်တယ်။

“ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား”
အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး ဖြစ်နေတာပေါ့။

“တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ”
“ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက ကတိတောင်းတယ်။

“ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။

“မက်ဂ်ဒေါ်နယ် ဆိုင်မှာတုန်းက ငါ မင်းအနောက်မှာ တန်းစီနေတာလေ”

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.