တည်းခိုခန်း အတွင်း တည်းနေသည့် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်ငွေလုကာ တိုက်လေးလွှာမှ ခုန်ချခိုင်း

Posted by Black Magic | Posted in | Posted on 4:08 PM

တည်းခိုခန်း အတွင်း တည်းနေသည့် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်ငွေလုကာ တိုက်လေးလွှာမှ ခုန်ချခိုင်း
တည်းခိုခန်း တစ်ခုတွင် တည်းနေသည့် အမျိုးသမီးနှစ်ဦးကို အခြား အခန်းနေ  အမျိုးသား တစ်ဦးက ရိုက်နှက်ငွေ လုကာ လေးလွှာအမြင့်မှ ခုန်ချခိုင်း ခဲ့ကြောင်း သတင်း ရရှိသည်။ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် လမ်းပေါ်တွင် ရှိသည့် စကားဝါမြေ တည်းခိုခန်း လေးလွှာ၌ တည်းနေသော အမျိုးသမီးနှစ်ဦး၏ အခန်းတံခါးကို အမျိုးသား တစ်ဦးက တံခါးခေါက်၍ ၀င်လာခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
ထို့နောက် ယင်း အမျိုးသားက အသင့်ပါလာသည့် ငရုတ် ကျည်ပွေ့ဖြင့် အဆိုပါ အမျိုးသမီးနှစ်ဦးကို ထုနှက်ကာ ငွေလုယူပြီး လေးလွှာပြ တင်းပေါက်မှ ခုန်ချခိုင်းခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ် တမ်းတွင် ဖော်ပြထားသည်။ “တည်းခိုခန်းရဲ့ လုံခြုံရေးလို အပ်ချက်ဖြစ်မယ် ထင်တယ်။ ငွေလုတဲ့ လူက လုထားတဲ့ငွေကို အ၀တ်နဲ့ထုပ်ပြီး သူ့အခန်းမှာထားခဲ့တယ်။ သူက ရပ်ကွက်ထဲက နောက်တည်းခိုခန်းတစ်ခုမှာ သွားထပ်တည်းနေတာကို ကျွန်တော်တို့ရှေ့မှာတင် ဖမ်းလိုက်တာပါ”ဟု ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားကြီးတစ်ဦး ကပြောသည်။
ပြတင်းပေါက်မှ ခုန်ချခဲ့ရသည့် အမျိုးသမီးနှစ်ဦးသည် တည်းခိုခန်း အနောက်ဘက်မြေပြင်သို့ ပြုတ်ကျ ခဲ့သောကြောင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများ ရရှိ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ အလုခံရသည့် အမျိုးသမီးနှစ်ဦးသည် ယောက်မတော်စပ်ကာ ၎င်းတို့နှစ်ဦး အနက် တစ်ဦး၏အမျိုးသားဖြစ်သူသည် ယင်းတည်းခိုခန်း အခြားတစ်ခန်း၌ သတ်သတ်တည်းခိုနေခြင်းဖြစ်သည်။ အမျိုးသမီးနှစ်ဦးနှင့် အခြားအခန်း၌ တည်းခိုနေသူ တို့သည် ငပုတောမြို့နယ်မှ ဘုရင့်နောင်ပွဲရုံသို့ လာရောက်လာ ငါးခြောက်ရောင်းကြခြင်းဖြစ်သည်။
ထို့ကြောင့် ရိုက်နှက်ကာ ငွေလု၍ ခုန်ချခိုင်းသည့် အမျိုးသားကို လုယက်မှုကျူးလွန်၍ နာကျင်စေသည့် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ကာ လုယက်မှုဖြစ်ပွားပြီး တစ်နာရီအတွင်း ဖမ်းဆီးမိကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
(*သတိထားနိုင်အောင်လို့တင်ပေးလိုက်တာပါ..၊ မိန်းကလေးမှမဟုတ်ပါဘူး..၊ ယောက်ကျားလေးတွေလည်းသတိထားရအောင်လို့ပါ..၊)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.