Posted by Black Magic | Posted in ထူးထူးခြားခြား | Posted on 2:20 PM
oldLinda Wolfe လို့အမည်ရတဲ့ အမျိုးသမီးပါ။ အသက် ၁၆ နှစ်က ပထမဆုံး အိမ်ထောင်ကျပါတယ်။
အိမ်ဘေးက ရွယ်တူ ကောင်လေးပါ။ ကောင်လေးက ချစ်ခွင့်ပန်မှုကိုလက်ခံပြီး မိဘ သဘောမတူ
လည်း ကိုယ့်သဘောနဲ့ လက်ထပ်ခဲ့ကြပါတယ်။
အချစ်စစ်ကို သူမ ရှာမတွေ့ပါဘူး။ ဒီလိုနဲ့ ကွာရှင်းပြတ် ဆဲပြီး နောက် တစ်ယောက်နဲ့ အိမ်ထောင်ပြု
ပါတယ်။ မတွေ့သေးပါဘူး။ နောက် တစ်ယောက်ထပ်ပြုပါတယ်။ ဒီလိုနဲ့ ၂၃ ယောက် ပြည့်ခဲ့ပါတယ်..။
သူ့မှာ သားသမီး ၇ဦးထွန်းကားပြီး မြေးတွေလည်းရနေပါပြီ။ သူမအသက်ကလည်း ၆၈ နှစ်ပါ။ အ
မေရိကန်နိုင်ငံ အင်ဒီးယားနား ပြည် နယ်မှာ နေထိုင်ပါတယ်။ ကမ္ဘာ့အိမ်ထောင်ပြုအကြိမ် အရေအ
တွက် အများဆုံး အမျိုးသမီးအဖြစ်လည်း စံချိန်တင်ထား ပါတယ်။
အမျိုးသားတွေ အားလုံးနဲ့လည်း ကွာရှင်းပြီးပါပြီ။ အချို့ အမျိုးသားတွေဆိုရင် ကွယ်တောင် ကွယ်လွန်
ခဲ့ပါပြီ။
သို့ပေမယ့် သူ တစ်ယောက်တည်း မနေနိုင်ပါဘူးတဲ့။ အထီးကျန် တဲ့ ဝေဒနာကို မခံစားနိုင်လို့ အိမ်
ထောင်ထပ်ပြုဖို့ အတွက် အစီအစဉ် ရှိသေးကြောင်း သိရပါတယ်။
Ref: wirednews
Comments (0)
Post a Comment