မြတ်ဗုဒ္ဓ ရှင်တော်ဘုရားရဲ့ "အရဟံ"ဂုဏ်တော်

Posted by Black Magic | Posted in | Posted on 9:28 PM



သူငယ်ချင်းတို့ရေ !!

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားရဲ့ ဂုဏ်တော်အနန္တထဲက "အရဟံ"ဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို မှတ်သားကြ
ရအောင်!

"အရဟံ"ဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို အဓိပ္ပာယ် (၃) မျိုး ဖွင့်ဆို ကြည်ညိုကြမယ်ပေါ့။

၁။ အရဟံ = စိတ်ယုတ်မာ ခပ်သိမ်း ကင်းငြိမ်းတော်မူသော မြတ်စွာဘုရား ...
၂။ အရဟံ = ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ...
၃။ အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား ...

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် စိတ်ယုတ်မာ အညစ်အကြေးတွေ ကင်းရှင်းလို့ မမြင်ကွယ်ရာ ဆိတ်ကွယ်ရာ
အခြေအနေမျိုးမှာပင်လျှင် မကောင်းမှု ဒုစရိုက်တွေကို မပြုမလုပ်ဘူး။

ဒီလို စိတ်ယုတ်မာ အညစ်အကြေးတွေ ကင်းရှင်း, မကောင်းမှု ဒုစရိုက်တွေကိုလည်း မပြုမလုပ်တဲ့အတွက်
လောကသားတို့ရဲ့ ပူဇော်ရိုကျိုး မြတ်နိုးလေးစားမှုကို ခံယူထိုက်တာပဲ ... လို့ အကြောင်းအကျိုး ဆက်နွှယ်
ပြီး မှတ်ထားလိုက်ကြရအောင်နော် ...

ကဲ! သူငယ်ချင်းတို့ရေ မင်းတို့ငါတို့တတွေမှာရော ... !! ... !! ... ? ? ?

သူငယ်ချင်းတို့အတွက် ကောင်းသောအချိန် ဖြစ်ပါစေ!

Credit:မင်းရန်နောင်

Ref: Forever Friends Myanmar Social Natwork

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.