Chewing Gum (P K)

Posted by Black Magic | Posted in , | Posted on 10:57 PM

 Chewing Gum ကိုလူတိုင်း ၀ါးနေပေမယ့် ဘယ်သူက စီးပွားဖြစ် ရောင်းတန်း ၀င်အောင် လုပ်ခဲ့သလဲ ဆိုတာ သိတဲ့လူ နည်းပါတယ်။ ရှေးဂရိနဲ့ အီဂျစ် တွေမှာ ပီကေလို အရာမျိုးတွေ ၀ါးတတ်တဲ့ အလေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာ တာက Thomas Adams ကြောင့်ဖြစ်ပြီး ၁၉ရာစု နှစ်လောက်မှာ တီထွင် ခဲ့တာပါ။ သူက Mexican သမ္မတ Antonio López de Santa Anna က Mexican ဘက်က အပင် တစ်မျိုး ဖြစ်တဲ့ chicle ကိုဝါးနေ တတ်တာကို သတိထား မိပါတယ်။ ပထမတော့ အဲ့ chicle ကို တာယာတွေ၊ မိုးတွင်းစီး ဖိနပ် စတာတွေ ထုတ်ဖို့ ကြိုးစား ပေမယ့် မအောင်မြင် ခဲ့ပါဘူး။ နောက်တော့ အမျိုးမျိုး စမ်းသပ်ရင်းနဲ့ ဒီ chicle ကိုအချိုဓာတ်နဲ့ အရသာ ထည့်ပြီး စမ်းသပ် ရာကနေ အောင်မြင်သွား ခဲ့ပြီး "Adams New York No.1" လို့နာမည် ပေးခဲ့ပြီး ဒီကနေ့ လူတိုင်း ၀ါးနေကြတဲ့ ပီကေကို တီထွင် နိုင်ခဲ့ပါတယ်။

(နောက်ထပ် ပီကေ နဲ့ပါတ်သက်တဲ့ ဗဟုသုတ တစ်ခုကတော့ ပီကေကို သွားတု တပ်ထားတဲ့သူတွေ ဝါးလို့မရပါဘူးတဲ့..၊ ဒါပေမယ့် ထူးဆန်းတာကတော့ ပီကေကိုတီထွင်ခဲ့တဲ့ Thomas Adams က သွားတု တပ်ထားပါသတဲ...၊ :?? ဒီ အကြောင်းအရာလေးက ကလေး ဘ၀တုန်းကကျွန်တော် ဖတ်ဖူးတာလေးပါ..၊ ရတနာ ပန်းခင်းထဲမှာလားမသိဘူး ပါလာတာ..၊ ထူးထူးခြားခြားမို့လို့ အခုထိမှက်မိနေတာ.. ဒါပေမယ့် ဒီ အကြောင်းအရာ က အမှန်လားဆိုတာကိုတော့ ကျွန်တော် သေသေချာချာ မသိပါဘူး..၊ ကြိုပြောထားတာပါ..၊ တော်ကြာ အမှားကြီးကို ဦးနှောက်ထဲစွဲနေမှာစိုးလို့... :) မဟုတ်ဘူးဆိုရင်လည်း Link လေးရှိရင် မျှဦးဗျာ..၊ ကျွန်တော်စွဲနေတာလေး ပြင်လို့ရအောင်..၊ :)
ပျော်ရွှင်ပါစေဗျာ..)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.