MyanPay အသုံးပြုပြီးအင်တာနက်မှတစ်ဆင့်ဖုန်းကဒ်ဝယ်နည်း

Posted by Black Magic | Posted in , | Posted on 3:53 AM



အားလုံးဘဲ မင်္ဂလာပါ...အခုအင်တာနက်ပေါ်မှာ ငွေရှာနည်းတွေ ပလူပျံနေတာကို တော်တော်များများသိကြမယ်ထင်ပါတယ်... ဟုတ်ပီ... အင်တာနက်ပေါ်မယ် ငွေရှာကြတယ်..ရလာတဲ့ငွေတွေကိုဖုန်းကဒ်ဘယ်လို ပြန်ဝယ်မလဲ.... မသိသေးတဲ့သူများအတွက် နည်းလမ်းပြလိုက်ပါတယ်.. ဒီနေရာမယ် မေးစရာတစ်ခုရှိတယ်
အင်တာနက်ပေါ်က ရတဲ့ငွေတွေက ဒေါ်လာနဲ့ရတယ် အဲဒီဒေါ်လာတွေနဲ့ဘယ်လိုဖုန်းကဒ်ဝယ်မှာလဲ ? ဖုန်းကဒ်ကတော့ မြန်မာငွေနဲ့ဝယ်ရတာပါ.. ဘယ်လိုဝယ်ရသလဲဆိုရင်...လိုအပ်ချက်တွေအနေနဲ့...

မိမိမှာ MyanPay Account တစ်ခုရှိရပါမယ်။ www.myanpay.com.mm မှာအကောင့်ဖွင့်ပါ..ပြီးတာနဲ့ သူတို့ကိုဖုန်းဆက်ပီး ပိုက်ဆံ ငါးထောင်သွင်းခါ Account verify လုပ်လိုက်ပါ။ ဒါဆိုရင် မိမိမှာ MyanPay Account တစ်ခုရရှိသွားပြီဖြစ်ပါတယ်။

Exchanger ရှိရပါ့မယ်... ဘယ်လိုလဲဆိုတော့ ငွေရှာဆိုဒ်တွေဆီကနေ ရလာတဲ့ငွေတွေကို ထုတ်ဖို့အတွက် Exchanger ကိုဆက်သွယ်ရပါ့မယ်..Exchanger ကနေ မြန်မာငွေပြောင်းလဲပြီး မိမိရဲ့ MyanPay Account ထဲသို့ မြန်မာငွေပို့ပေးမှာဖြစ်ပါတယ်... Exchanger ကတော့ adflycreator@gmail.com (0r) 09 420 700 582 သို့ဆက်သွယ်နိုင်ပါတယ်...ကိုယ့်ရဲ့ MyanPay Account ထဲကိုငွေရောက်လာပါလိမ့်မယ်.. ရောက်လာပြီဆိုတာနဲ့ ဖုန်းကဒ် စတင်ဝယ်နိုင်ပြီဖြစ်ပါတယ်... ကဲ...ဘယ်လို ၀ယ်မလဲ အရင်ဆုံး www.topup.com.mm ကိုသွားလိုက်ပါ
Picture
ပေါ်ပုံမယ်ပြထားတဲ့အတိုင်း မိမိဖြည့်သွင်းလိုတဲ့ ဖုန်း Type ကိုရွေးပါ..ပြီးတာနဲ့ အောက်က ပုံအတိုင်း ကိုယ်ဖြည့်သွင်းလိုတဲ့ဖုန်းနံပတ်ကိုထည့်လိုက်ပါ..အပေါ်ရော အောက်ရော ဂဏန်းတူပါစေ.... အိုကေ..ပြီးတာနဲ့ Top Up Now ကိုနှိပ်လိုက်ပါ..ဒါဆိုရင် မိမိရဲ့ MyanPay Account ကိုရောက်သွားပါမယ်။
Picture
MyanPay Account Login နေရာမှာ မိမိရဲ့ Username and Pass ကိုရိုက်ထည့်လိုက်ပါ.. ပြီးတာနဲ့ Login ၀င်လိုက်ပါ။ အောက်က ပုံကိုဆက်ကြည့်ပါ။
Picture
Continue ကိုနှိပ်ပါ..... အောက်က ပုံကိုဆက်ကြည့်ပါ။
Picture
ပီးတာနဲ့ Pay Now ကိုနှိပ်လိုက်ပါ...ဒါဆိုရင် မိမိရဲ့ဖုန်းအတွင်းသို့ အင်တာနက်မှအလိုအလျောက်ငွေဖြည့်သွင်းပေးမှာဖြစ်ပါတယ်..တစ်ခါတစ်ရံ ပြည်သူ့အချစ်တော် MPT စုတ်ပြတ်သလတ်နေတဲ့လိုင်းအနေအထားကြောင့် ငွေတိုက်ရိုက်မဖြည့်နိုင်မှာ ဖြည့်သွင်းလိုသည့်ဖုန်းအတွင်းသို့ ကုဒ်နံပတ်ကိုပို့ပေးပါလိမ့်မယ်..အဲကုဒ်နံပတ်အတိုင်းဖြည့်လိုက်ရုံပါဘဲ.. ဒါဆိုရင်အဆင်ပြေပါပြီ..လွယ်လွယ်လေးပါဘဲခင်ဗျ။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.