Smallest USB 3.0 Flash Drive

Posted by Black Magic | Posted in | Posted on 6:39 AM

ကမ္ဘာ့အသေးငယ်ဆုံး USB 3.0 flash Drive

Electronic ပစ္စည်းတွေကို သေးငယ်ပြီး အစွမ်းထက်အောင် ကြိုးစားတည်ဆောက်လာခဲ့ကြရာ အခုတစ်ခါမှာလည်း ကမ္ဘာ့အသေးငယ်ဆုံး USB 3.0 flash Drive လို့ သတ်မှတ်လောက်တဲ့ PKparis မှထုတ်လုပ်ထားတဲ့ K1 flash drive ကိုမိတ်ဆက်ပေးမှာပါ။ K1 ဟာ Aluminum နဲ့တည်ဆောက်ထားတာဖြစ်ပြီး သူ့ရဲ့ သေးငယ်တဲ့ အရွယ်အစားကြောင့် laptop user တွေအနေနဲ့ flash drive ကို ဖြုတ်လိုက် တပ်လိုက် လုပ်စရာမလိုပဲ အမြဲတမ်း တပ်ထားလို့ရစေမှာပါ။ USB 3.0 ဖြစ်တဲ့အတွက် read, write speeds ကို 140 MB/s အထိ အလုပ်လုပ် နိုင်ပါတယ်။ အချက်ပြမီးအဖြစ် LED activity light လည်းပါဝင်ပါသေးတယ်။ သေးငယ်လွန်းတဲ့ အတွက် ပျောက်မှာကိုတောင် စိုးရိမ်ရပါမယ်။ Storage Size ကိုတော့ ဈေနှုန်းအလိုက် 32GB ကို $48 ဖြင့်လည်းကောင်း၊ 64GB ကို $89 ဖြင့်လည်းကောင်း ၀ယ်ယူရရှိနိုင်ပါတယ်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.