Unlimited Funny Collection

Posted by Black Magic | Posted in | Posted on 12:32 AM

ဓာတ်ပုံ ၂ ပုံ

အမေရိကန်စစ်သားတစ်ယောက်ဟာ ဗီယက်နမ်မှာတိုက်ပွဲဝင်နေရပါတယ်
တစ်နေ့တော့ မွေးရပ်မြေက စာ(၂)စောင်ကို သူရရှိခဲ့ပါတယ်
တစ်စောင်က သူ့အမေဆီက သူ့ဓါတ်ပုံကိုတောင်းထားတာဖြစ်ပြီး
နောက်တစ်စောင်က သူ့ကောင်မလေးဆီက သူ့ဓါတ်ပုံကိုတောင်းထားတာဖြစ်ပါတယ်
သူ့မှာ ဓါတ်ပုံဆိုလို့(၁)ထဲရှိပြီး ၊ သူမြစ်ထဲမှာ ရေဆင်းကူးတုံးက
သူ့သူငယ်ချင်းတစ်ယောက်ကရိုက်ပေးခဲ့ တာပါ
သူဘာလုပ်ရမလဲဆိုတာကို မသိတာနဲ့ ၊ ဓါတ်ပုံကို(၂)ပိုင်းပိုင်းပြီး
အပေါ်ပိုင်းကို သူ့ချစ်သူဆီကို ပို့လိုက်ပြီး ၊ အောက်ပိုင်းကို မိခင်ဆီကို ပို့လိုက်ပါတယ်
ဘာကြောင့်လဲဆိုတော့ သူ့မိခင်က မျက်စိမှုန်နေပြီး သိပ်ကောင်းကောင်းမမြင်ရဘူးဆိုတာ သူသိလို့ပါ။
ဓါတ်ပုံရဲ့အောက်ခြေပိုင်းဖက်ကို လက်ခံရရှိတဲ့ မိခင်ဟာ ဓါတ်ပုံကိုကြည့်ပြီး သက်ပြင်းနဲ့ ဒီလိုမှတ်ချက်ချပါတယ် :
"အော်..သနားစရာကောင်းတဲ့ငါ့သားလေး
မုတ်ဆိတ်တွေတောင် ရိတ်ဖို့ အချိန်မရှိပါလား
သူ့အဖေနဲ့သိပ်တူတာပဲ
အမြဲတမ်းပါးစပ်မှာ ဆေးလိပ်လေး တခဲခဲနဲ့..."တဲ့လေ.........



ဖြေရှင်း ရခက်တဲ့ ပြဿနာ
မနက်အစောကြီးရှိသေးတယ်
 ဒါပေမဲ့ အရက်ဆိုင်ထဲမှာ လယ်သမားကြီးတစ်ယောက် ကတော့ တော်တော်ကောင်းနေဘီလေ၊
ကိုထွန်းသာ တယောက်ဆိုင်ထဲဝင်လာတယ်သူကလယ်သမားကြီးမိတ်ဆွေတစ်ယောက် ပါ၊၊
လယ်သမားကြီးကိုမြင်တော့ ကိုထွန်းသာ အံ့သြသွားတယ် ။ဘယ်တော့မှ ဒီလိုမနက်အစောကြီး
 သောက်လေ့မရှိတဲ့သူဟာဒီနေ့မှစောစောစီးစီး ကောင်းနေပါလိမ့် ပေါ့လေ။ ဒါနဲ့မေးလိုက်တယ်
“ကိုကြည် ဘယ်လိုလဲဗျ ဒီနေ့မှ ထူးထူး ခြားခြား မနက်ကြီး…”
လယ်သမားကြီးဆွေးမြေ့ကြေကွဲတဲ့မျက်နှာနဲ့ မော့ကြည့်ရင်း
“ဟုတ်တယ်ဗျာ သိပ်စိတ်ညစ်စရာ အဖြစ်ပျက်မျိုးနဲ့ ကြုံ ခဲ့ရတယ်ဗျာ”
“ဘာပြဿနာ ရှိလို့လဲ ကိုကြည်ရယ် ကူညီလို့ရရင်လဲ ဝိုင်းကူညီ စဉ်းစားပေးရတာပေါ့ဗျာ”
“တချို့ ကိစ္စတွေက ဖြေရှင်းလို့မရဘူးကွ”
“ကူညီနိင်ရင် …”
“တချို့ ကိစ္စတွေက…..”
“ကူညီနိင်ရင် …..”
ကိုထွန်းသာ က မြန်မာလူမျိုးတို့ ထုံးစံအတိုင်း
မပြောချင်တာကိုမှ ပိုသိချင်တယ်

“ကိုင်း ဒါဆိုလဲနားထောင် “
လယ်သမားကြီးဦးကြည်လဲ ဝမ်းပန်းတနည်းနဲ့ ဖွင့်ဟပါတော့တယ်

“ငါ့ယာတောမှာ နို့စားနွားမတွေမွေးထားတယ်၊ဒီမနက်နွားမတကောင်ကို နို့ ညှစ်ဖို့ပြင်တယ်၊ နို့ပုံးကိုချပြီးနို့ညစ်တယ်၊နွားမကသိပ်ဆိုးတယ်ကွာ၊နို့ပုံးကိုခြေထောက်နဲ့ကန်မှောက်ပြစ်တယ်၊
ဒါနဲ့ ကန်တဲ့ ညာခြေထောက်ကို ညာဘက်ကတိုင်နဲ့ ကပ်ချည်လိုက်တယ်၊ နို့ဆက်ညှစ်တယ်၊ နို့ပုံးကို ကန်မှောက်ပြန်တယ်၊ အဲဒီခြေထောက်ကို ဘယ်ဘက်တိုင်နဲ့ တွဲချည်လိုက်ပြန်တယ် ၊ နို့ဆက်ညစ်တယ်၊ အမှီးနဲ့ရိုတ်ပြီး နို့ပုံးကို မှောက်ပြန်တယ် ၊ငါ သိပ်စိတ်တိုလာတယ် ၊ အမြီးကို ချည်ဖို့ ကြိုးရှာတယ် ၊ကြိုးမရှိတော့ဘူး ၊ဘာင်းဘီက ခါးပတ်ကို ဖြုတ်လိုက်တယ် ၊နွားမရဲ့ အမြီးကို အပေါ်ကထုတ်တန်းမှာ ကပ်ချည်ဖို့ ကြိုးစားတယ် အဲဒီ အချိန်မှာဘဲ ဘောင်းဘီက ကျွတ်ကျ၊မိန်းမကရောက်လာ …၊အချို့ ကိစ္စတွေ ကဖြေရှင်းလို့ မရပါဘူးကွာ……….၊”

သူခိုးဖမ်းတဲ့စက်

အမေရိကန်နိုင်ငံက သူခိုးဖမ်းတဲ့စက်တစ်လုံးကို လွန်ခဲ့တဲ့ လ ၁ ရက်နေ့ က အစမ်းထုတ်လုပ်ခဲ့...
ဒီစက်ကို England နိုင်ငံမှာ စမ်းသပ် တဲ့အခါမှာ မိနစ်(၃၀)အတွင်း သူခိုးအယောက် (50) မိ...
စပိန်နိုင်ငံ မှာစမ်းသပ်တဲ့အခါ အယောက်(110) ၊ အိန္ဒိယမှာ ( 200) ကျော် ဖမ်းဆီးပေးခဲ့...
မြန်မာနိုင်ငံမှာ  ( 15 )မိနစ်အတွင်း အဲ့ဒီစက်ကိုသူခိုးခိုးခံထိ သွားကြောင်းကြားသိရ........



ချော်လဲကြသူများ..၊
ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို “နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ “ချော်လဲတယ်”လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ” လို့ မှာလိုက်တယ်။
နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို “ချော်လဲတယ်”ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။

ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။

“သူကြီး… ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ”
တဲ့.........


ညစ်ပေ အဖွဲ့ချုပ်

တစ်နေ့ မြန်မာနိုင်မှာ အခြေစိုက်ပြီး ကမ္ဘာ့ ညစ်ပေများ အဖွဲ့ချုပ်ကိုထောင်ဖို့စီစဉ်ကြတယ်။
ဒီတော့ အဖွဲ့သားတွေက အတွင်းရေးမှုး အဖြစ် ဘယ်သူ့ကိုခန့်ရမလဲဆိုတာ ၀ိုင်းတိုင်ပင်ကြတယ်။
တစ်ယောက်ကပြောတယ်
"ငါတို့ အဖွဲ့ အတွက် အတွင်းရေးလုပ်ရမယ့်သူကို သတင်းစာထဲကနေကြောငြာလိုက်ရအောင်ကွာ၊ အဲသည့်ထဲကမှ အသင့်တော်ဆုံးလူကိုရွေးခန့်မယ်"
အဲလိုပြောတော့ ကျန်တဲ့လူတွေက ၀ိုင်းထောက်ခံကြပြီးပြောတဲ့အတိုင်းလုပ်လိုက်ကြတယ်။
နောက်နေ့ ကျတော့ သူတို့ဆီကို ပထမဦးဆုံးရောက်လာတဲ့စာက

"လူကြီးမင်းများခင်ဗျာ ကျွန်တော်ဟာ အင်မတန်မှ ညစ်ပတ်တဲ့လူဖြစ်ပြီး
ရပ်ကွက်ထဲမှာလဲ အော်ကြော့လန်ပါပဲ
ဘယ်လိုတွေ ညစ်ပတ်လဲအကုန် ပြောလိုက်ရရင် စာတော်တော်ရှည်သွားမယ်
ပြောရမယ်ဆိုလို့ရှိရင် အခုရေးလိုက်တဲ့စာဟာ ကျွန်တော် အီအီးကုန်းတဲ့ စက္ကူနဲ့ရေးထားတာပါ
ကျွန်တော့်ကို အတွင်းရေးမှုးခန့် ပါ" တဲ့

အဖွဲ့ ချုပ်ကနေစာပြန်ပါတယ် ပြန်တဲ့စာက

"မိတ်ဆွေ မှာ ညစ်ပတ်တဲ့ အရည်အချင်းတွေ ထိုက်သင့်သလောက်တော့ရှိပါတယ်
ဒါပေမယ့် အဖွဲ့ဝင်ဖြစ်ဖို့တော့ အရည်အချင်းမပြည့် မှီပါဘူး
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေ တစ်ယောက်မှ
အီးအီး မကုန်းကြလို့ပါပဲ"

အောက်က ဟာသလေးကတော့ ဘော်ဒါတို့ဖတ်ဘူးချင်ဖတ်ဖူးလောက်တယ်... ။ဒါပေမယ့် New Version လို့ သဘောထားပြီးထပ်ဖတ်လိုက်ပေါ့ဗျာ..၊
HAPPY BIRTHDAY
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်
းလောက်အောင် တားမနိုင်ဆီးမရ
ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။
တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန်
ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့
အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။
ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
အကြောင်းကြားထားလိုက်တယ်။
အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့
ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ ဝယ်စားမိရောတဲ့။

ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။
အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး
သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။

အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန်
စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။

“အချစ်ရေ…. ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”

အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့
ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို
ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က
မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ
တယ်လီဖုန်းကို သွားကိုင်တယ်။

တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။
ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင်
ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို
အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက်
အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ
အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး ဖြတ်မောင်းသွားသလိုပဲတဲ့။

ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို
လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင်
လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့
နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက်
ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီးဖြတ်မောင်းသွားသလိုပါပဲတဲ့။

ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း
နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို
တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည်
တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ
ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ
ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊
လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့
ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။....

ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့
ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ
အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင်
အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း
ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။

အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ
ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။

ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ အောင့်သက်သက်မျက်နှာတွေနဲ့
“ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။


Beer သမား..၊ 

လူတစ်ယောက်ဟာ ဘီယာဆိုင်မှာ နေ့တိုင်းဘီယာ၂ခွက်ပုံမှန်သောက်လေ့ရှိပါတယ်၊
လူ။          ၊၊ "ဟေ့ ဘီယာ၂ ခွက်ချ"
ကြာလာတော့ အဲဒီလူနဲ့စားပွဲထိုးလေးနဲ့ရင်းနှီးလာပါတယ်……
စားပွဲထိုး။  ။ အကိုကသူများတွေနဲ့မတူဘူး ၂ခွက်ပုံမှန်ဆိုတော့ ထူးဆန်းတယ်နော်၊
လူ။         ။အေးကွ တစ်ခွက်က ငါ့သောက်တာ..၊နောက်တစ်ခွက်ကဆေးရုံမှာရောက်နေတဲ့
                ငါ့အကိုကြီးအတွက်ငါသောက်ပေးရတာကွ။

ဒီလိုနဲ့နောက်တစ်ရက်မှာတော့

လူ။        ။ဟေ့ ဘီယာ တစ်ခွက်ဘဲပေး။

စားပွဲထိုးလေးလဲ နားလည်သဘောပေါက်စွာ ဘီယာတခွက်ချပေးပီး ဂရုဏာသက်စွာနဲ့
စားပွဲထိုး။  ။အကို့ရဲ့ အကိုကြီးအတွက်စိတ်မကောင်းပါဘူးဗျာ ဒါနဲ့ဘယ်အချိန်မှာဆုံးသွားလဲ၊
လူ။         ။ဘာကွ ဘာတွေလာပြောနေတာလဲ..ငါ့အကိုက ဆေးရုံမှာနေကာင်းတယ် ဘာမှမဖြစ်ဘူး
               အခု ငါဘီယာဖြတ်လိုက်ပီ ဒီဘီယာတစ်ခွက်က

               ဆေးရုံမှာရှိတဲ့ငါ့အကိုကြီးအတွက် သောက်ပေးရတာကွ။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.