US က ကမ္ဘာအကြီးမားဆုံးချော်ရည်လှိုင်

Posted by Black Magic | Posted in , | Posted on 11:44 AM


blackmagicmaker.blogspot.com

အမေရိကန် ပြည်ထောင်စု Yellowstone အမျိုးသား ဥယျာဉ် အောက်တွင် တည်ရှိသော မီးတောင်ကြီး သည် ယခင်က ခန့်မှန်းခဲ့ သည်ထက် အဆပေါင်း များစွာပိုကြီး နေကြောင်း အမေရိကန် ဘူမိရူပ သမဂ္ဂညီလာခံ တွင် သိပ္ပံပညာရှင် များက ထုတ်ပြန် ကြေညာ လိုက်သည်။

Yellowstone  အောက်တွင် ရှိသော ကျောက်ရည်ပူ လိုဏ်ကြီးသည် မူလခန့်မှန်း ထားသည်ထက် ၂ ဒသမ ၅ ဆ ပိုကြီးပြီး အရှည် ၅၅ မိုင်ခန့်ပိုကြောင်းသိရသည်
''ငလျှင်လှုပ်တဲ့အချန်ကိုစောင့်ကြည့်ပြီး ငလျင်လှိုင်း ဖြတ်သန်းမှု နှုန်းကို တိုင်းတာခဲ့တယ်။ ငလျင်လှိုင်း တွေက ချော်ရည် ၊ ချော်ကျောက် တွေကို ဖြတ်သန်းတဲ့ အခါမှာ အရှိန်နှေးသွား လေ့ရှိတယ်။ ဒီစနစ်နဲ့ ချော်ရည် လိုဏ်ကြီးရဲ့ အရွယ်အစား အစစ်အမှန်ကို ခန့်မှန်း တွက်ချက် နိုင်ခဲ့တာပါ . . . ''ဟု ယူတာ တက္ကသိုလ်မှ ဒေါက်တာ ဂျေမီဖရဲလ် က ဆိုသည်။

အဆိုပါ ချော်ရည်လိုဏ် သည် အနက် ၁ မိုင်မှ ၉ မိုင်ခန့် အထိ ရှိနိုင်ပြီး ၅၅ မိုင်ခန့် ရှည်လျားကာ မိုင် ၂ဝ ခန့် ကျယ်နိုင်ကြောင်း ၊ ကမ္ဘာပေါ်တွင် ဤမျှ ကြီးမားသော ချော်ရည်လိုဏ် ကို မတွေ့ဖူး သေးကြောင်း ၊
Yellowstone ဒေသအတွက် မခန့်မှန်း နိုင်သော အန္တရာယ်မျိုး သက်ရောက် စေနိုင်ကြောင်း သိရသည်။

ယခင်က မှတ်တမ်းများ အရ Yellowstone မီးတောင်သည် နှစ်ပေါင်း ၇ဝဝဝဝဝ တွင် တစ်ကြိမ် ပေါက်ကွဲလေ့ ရှိရာ နောင် နှစ်ပေါင်း ၄ဝဝဝဝ တွင် တစ်ကြိမ် ထပ်မံ ပေါက်ကွဲဖွယ် ရှိနေကြောင်း သိရသည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.