Posted by Black Magic | Posted in Computer Softwares | Posted on 1:39 PM
Computer မှာအလုပ်လုပ်မယ့် Zapya ကို HELPER ဆီကတွေ့လာလို့ Share ပေးလိုက်ပါတယ်ခင်ဗျာ...၊
Helper ကလည်း မအားလို့ အသုံးပြုပုံကိုတော့ ရှင်းပြမထားဘူးဗျ...၊ အဲဒါနဲ့ ကျွန်တော့ဘာသာစမ်းပြီးတော့ Screen Shot လေးတွေနဲ့တင်ပေးလိုက်တယ်ဗျာ..၊ ဒါပေမယ့် အားလုံးသုံးတတ်ကြမယ်ထင်ပါတယ်..၊ သူက Default Password ကို ၈ ခုပေးထားပါတယ်..၊ အဲဒီ Password နဲ့ဝင်ရမှာပါ..၊ Password Change ချင်ရင်လည်းရပါတယ်..၊ Join ရတာတော့ နဲနဲခက်လိမ့်မယ်..၊ အရင်ဆုံး Zapya For PC ကိုဒေါင်းလိုက်ဗျာ..၊
Download Zapya For PC From Miloshare
Download Zapya For PC From Tusfiles
Android အတွက် Zapya မရှိသေးဘူးဆိုရင် Zapya (US Version) ကိုအောက်မှာဒေါင်းလိုက်ဗျာ..၊
(Android အတွက် Zapya ကို US တင်ပေးတာ အကြောင်းရှိတယ်ဗျ..၊ US က Chinese Version တွေနဲ့ Join ရင် အဆင်မပြေပေမယ့်..၊ Computer နဲ့ Join ကြည့်တာတော့ တော်တော်အဆင်ပြေတယ်.. ...၊ ဒါကြောင့်မို့လို US ကိုတင်ပေးလိုက်တာပါ..၊ ဒါမှမဟုတ်လည်း ကိုယ်ကြိုက်တာနဲ့ စမ်းကြည့်လို့်ရပါတယ်..)
Download Zapya For Android From Miloshare
ပထမဆုံး Down လို့ရတဲ့ Zapya (PC) ကို Double Click ပြီးဖွင့်လိုက်ပါ..၊
(Zapya သွင်းပါတယ်ဆိုမှ Zapya မဖွင့်လို့ ဘာဖွင့်ရမှာတုန်းလို့တော့ မမေးနဲ့နော်..၊ စကားအဖြစ်ပြောတာပါ..၊ ဟီးး ) အောက်ကလို ပေါ်လာပါမယ်...၊
အဲဒါနဲ့ ကျွန်တော်လည်းရမ်းသမ်းပြီး အလယ်က Button ကိုနှိပ်လိုက်တယ်...၊ အဆင်ပြေသွားတယ်ဗျ..၊ အောက်ကလိုပေါ်လာတယ်..၊
ထပ်ရမ်းလိုက်တယ်ဗျာ..၊ ပိတ်သွားတယ်..။ အော်..၊ ဘာပါလိမ့်လို့..၊ Install လုပ်တာပြီးသွားပြီဗျ...၊
ခနနေရင် WiFi Access တောင်းလိမ့်မယ်..၊ Allow Access သာနှိပ်ပေးလိုက်ဗျာ..၊
ပြီးရင် Zapya ပွင့်လာမယ်..၊ အောက်ကလိုလေးပေါ့..၊ ကျွန်တော့ထဲမှာတော့
User Name က Pavillion 14 ... Password က 29530000 တဲ့ဗျ..၊ အဲဒါက Change ချင်လည်း ဘေးက မြှားကို နှိပ်ပြီး ဝင်ပြောင်းလို့ရတယ်..၊
လောလောဆယ်တော့ Phone က Zapya ကိုဖွင့်ရမယ့်အဆင့်ရောက်ပြီဗျာ..၊
Phone က Zapya ကိုဖွင့်..၊ Search And Join ကိုနှိပ်..၊
Pavillion 14-PC ကိုနှိပ်ပြီး Join လိုက်တယ်ဗျာ..၊
အဆင်ပြေသွားပြီ...၊ အောက်ကလိုပေါ်လာရင် Send File ဆိုတဲ့အပေါ်ကို ကိုယ်ပို့ချင်တဲ့ File ဆွဲပို့ယုံပဲ..၊
Zapya For PC ကိုတင်ပေးတဲ့ Helper ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ..၊
Comments (0)
Post a Comment