2014 အတွင်း အနုပညာသတင်းများ

Posted by Black Magic | Posted in , | Posted on 1:05 AM

သက်မွန်မြင့်ရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးအရံ လုပ်ပေးမယ့် ခင်လေးနွယ်



သရုပ်ဆောင် ခင်လေးနွယ်ကို သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ သူမရဲ့ တစ်ကိုယ်တော်အခွေအကြောင်းကို မေးမြန်းဖြစ်ခဲ့တဲ့အခါ
‘ခင်လေး အနုပညာလှုပ်ရှားမှုတွေ သိပ်ပြီး မလုပ်ဖြစ်တော့ပါဘူး။ လက်ရှိမှာ ရိုက်ကူးရေးတွေကို နားလိုက်ပြီ။ ခင်လေးရဲ့ တစ်ကိုယ်တော် အခွေအတွက် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ အသံသွင်းဖြစ်နေပါတယ်။ ခင်လေးရဲ့ တစ်ကိုယ်တော် အခွေအတွက် စိုးရိမ်စိတ်တွေတော့ ဖြစ်မိပါတယ်။ အခွေထွက်လာတဲ့အခါမှာလည်း သူများတွေ ကိုယ့်ကို ဘယ်လိုများဝေဖန်ကြမလဲ ဆိုပြီးတော့ စိတ်ပူမိတယ်။ ခင်လေးဘက်ကတော့ ဒီအခွေလေးနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင်လို့ တတ်နိုင်သလောက် ကြိုးစားနေပါတယ်။ ခင်လေးက အဆိုလိုင်းဘက်က မဟုတ်တဲ့အတွက် အရင်တုန်းကတော့ စီးရီးထုတ်ရင် ကောင်းပါ့မလားလို့ တွေဝေမိသေးတယ်။ အခုလောလောဆယ်မှာ သရုပ်ဆောင်အလုပ်တွေကို နားလိုက်ပေမဲ့ နောင်တရတဲ့စိတ်မျိုးတော့ မဖြစ်ပါဘူး။ ကိုယ့်အတွက် နစ်နာသွားတယ်ဆိုပြီးလည်း မခံစားရပါဘူး။ သရုပ်ဆောင်ပြန်လုပ်ဖို့  အစီအစဉ်လောလောဆယ် မရှိသေးပေမဲ့ အခြေအနေတွေက ဘယ်လိုပြောင်းလဲလာမလဲဆိုတာ မသိသေးတဲ့အတွက် ပြောလို့တော့မရသေးပါဘူး။
ခင်လေးရဲ့ တစ်ကိုယ်တော် အခွေကို ပရိသတ်ရှေ့ချပြဖို့ကတော့ လိုပါသေးတယ်။ ကြာဦးမှာပါ။ ဒီအခွေလေးနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့ မပြောချင်သေးပါဘူး။ နီးမှပဲ ပြောတာကောင်းမယ်လို့ ထင်ပါတယ်။ ခင်လေး သက်မွန်မြင့်ရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးအရံလုပ်ပေးဖို့ရှိမယ်။

၂၀၁၄မှာ မြင်နေကျ မဟုတ်တဲ့ ဇာတ်ရုပ်မျိုးတွေ ရွေးချယ် ရိုက်ကူးတော့မယ့် ၀တ်မှုန်ရွှေရည်




ဆယ်ကျော်သက်တွေသည်းသည်းလှုပ် အားပေးကြသလို သူမရဲ့သရုပ်ဆောင်ပုံ၊ သူမရဲ့ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ စိတ်ဓာတ်တွေကြောင့် အနုပညာအသိုင်းအ၀ိုင်းမှာ လူချစ်လူခင်များတဲ့ သူကတော့ ကစ်ကစ်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ပါ။ သူမရဲ့ လတ်တလော လှုပ်ရှားမှုကို ပထမဆုံး မေးကြည့်လိုက်တဲ့အခါ သူမက ‘အခုလောလောဆယ်တော့ ကစ်ကြော်ငြာလေးတွေ ရိုက်ဖြစ်နေတယ်။ ပြီးတော့ ဖုန်းနဲ့ပတ်သတ်ပြီးတော့Huawei တစ်ခုပဲ။ Ambassador အဖြစ် ၂ နှစ်ချုပ်ထားတယ်။ ကျန်တာတွေက ပြောထားတာတွေတော့ရှိတယ်။ မသေချာသေးဘူး။ စာချုပ်ချုပ်ထားတော့ ကိုယ့်ဖက်က မြင်တာလေးတွေကို ညှိနှိုင်းတာမျိုးလေး တွေရှိတယ်။ သူတို့ကို အကြံပေးတာမျိုးလေးတွေ ရှိတယ်။ သူတို့အနေနဲ့ကျတော့လဲ ကိုယ်နဲ့က ပထမဆုံး စာချုပ်ချုပ်တာ၊ သံအမတ်ခန့်တာဆိုတော့ လိုအပ်တာလေးတွေ ကစ်မြင်တာလေးတွေကို အကြံပေးဖြစ်တယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ဖြစ်တယ်။ ကစ်ကြော်ငြာတွေ ရိုက်တဲ့အခါမှာ ပရိသတ်အတွက် မရိုးရအောင် အမြဲစဉ်းစားဖြစ်တယ်။ အမြဲလဲ ကြိုးစားဖြစ်ပါတယ်’တဲ့။
ကားရိုက်အကြောင်းတွေကိုလည်း ‘၂၃ရက်နေ့ကျရင် ကောင်းပြည့်နဲ့ ဒါရိုက်တာ မကြည်ဖြူသျှင်နဲ့ လူငယ် ကျောင်းသားကားလေး ရိုက်ပါမယ်။
ရုံတင်ကားတွေအနေနဲ့က ပြောထားတာတော့ရှိတယ်။ သေချာရင် ပြောပါမယ်။ ဒီ၂၀၁၄ ထဲမှာ ကစ်စဉ်းစားထားတာလေးတွေ ရှိပါတယ်။ ၂၀၁၃ နဲ့မတူတဲ့ ရသအသစ်၊ အနုပညာဖန်တီးမှုအသစ်တွေ ပရိသတ်အတွက် ချပြဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။
ရှေ့မှာထွက်ထားတဲ့နှင်းဆီဇာတ်ကားနဲ့ပတ်သတ်ပြီး မေးကြည့်ဖြစ်တဲ့ အခါမှာတော့ ‘အဲဒီပရိသတ်က နှစ်မျိုးနှစ်စားရှိတယ်။ ဘာလို့လဲဆိုတော့ ချစ်၊ကြိုက်၊ကွဲ၊ညားတွေကို မြင်နေကြပရိသတ်တွေက အဲဒီကားလေးကို ကြိုက်တယ်။ တချို့ကျတော့လဲ အက်ရှင်ကားဖြစ်တဲ့အတွက် တစ်မျိုးပေါ့။ အဲလိုကားမျိုးလေးတွေကို အမြဲမဟုတ်သလို တစ်ခါတစ်လေတော့ရိုက်ဖြစ်ပါမယ။် ကစ်အခု နောက်ပိုင်းဆိုရင် မြင်နေကျမဟုတ်တဲ့ ဇာတ်ရုပ်ပုံစံတွေကို ရွေးပြီးရိုက်ပါမယ်။ အရင် ကစ်ရိုက်ထားတာတွေက အလှချစ်စရာလေးတွေ များတယ်။ ခုနောက်ပိုင်းမှာတော့ ကာရိုက်တာကို ဦးစားပေးပြီးတော့ရိုက်ထားတာလေး တွေရှိပါတယ်။ ပညာပေး ကားရိုက်တယ်ဆိုတာက ပရိသတ်အတွက်ရော၊ ကိုယ့်အတွက်ရော ရိုက်ရကျိုးနပ်တဲ့အတွက် လက်ခံရိုက်ကူးဖြစ်တာပါ။ အဲလိုကားတွေက ဇာတ်ရှားတယ်။ ဇာတ်အိမ်ကလဲ ခိုင်မှဆိုတော့ နောက်တစ်ကား ရိုက်ဖို့အတွက်ကစ်တို့စီစဉ်နေပါတယ်။ ရိုက်ဖို့လဲရှိပါတယ်။ ပြီးတော့ အခုခေတ်ပရိသတ်က အရင်ကလိုမဟုတ်ဘူး။ နားလည်နေကြပြီ။ ဒါကရုပ်ရှင်ပေါ့။ ရုပ်ရှင်ဆိုတာအပြင်မှာ ရှိရင်လဲရှိမယ်။ မရှိရင်လဲမှရှိဘူး။ ပရိသတ်က ခေတ်မှီတယ်။ နားလည်တဲ့အတွက် ဘယ်လောက်ပဲ ရုပ်ရှင်ထဲမှာ ဆိုးပြနေပါစေ။ နားလည်တဲ့အတွက် အိုက်တင်ကောင်းတယ်လို့ပဲ သတ်မှတ်ကြတဲ့အတွက် ကစ်ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။’ လို့ သူမက ပြောပါတယ်။

၅လပိုင်းမှာ တစ်ကိုယ်တော်ခွေထွက်ဖို့ ကြိုးစားနေတဲ့ လွှမ်းပိုင်




Hip Hop Music ကိုနှစ်ခြိုက်စွာ အားပေးနေတဲ့ လူငယ်တွေရဲ့ရင်ဘတ်ထဲကို ၀င်ကြည့်လိုက်ရင် လွှမ်းပိုင် ဆိုတဲ့ ကောင်လေးကို အားလုံးတွေ့မြင်ရမှာပါ။ 89နဲ့စပြီး Underground မှာ နာမည်ရခဲ့သလို Rock Star နဲ့ တစ်ဖန် Mainstream ကိုပါ ထပ်ပြီး ၀င်ရောက်လာခဲ့တဲ့ လွှမ်းပိုင်ဟာ ခုဆိုရင် အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက်နဲ့ကို ဂီတလောကမှာ ရပ်တည်လာနိုင်ခဲ့ပြီမို့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတစ်ချို့နဲ့အတူ တစ်ကိုယ်တော်အခွေအကြောင်း မေးကြည့်လိုက်တဲ့အခါ သူက ‘ လတ်တလော အနုပညာလှုပ်ရှားမှုက ဘိုဘို၃ နှစ်ပြည့်အခွေထဲမှာ " ငါတို့ဝေး " ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ဆိုထားပါတယ်။ တစ်ကိုယ်တော်အခွေက ၅လပိုင်းလောက်ထွက်ဖို့မှန်းထားပါတယ်။ သွင်းထားတာကတော့  ၅ပုဒ်လောက်ပြီသွားပြီ။ တေးရေးတွေက ကျွန်တော် တစ်ယောက်တည်းပဲ။ အတွဲက ထက်ထက် တစ်ပုဒ်ပါမယ။် ပါမယ့်ပုံစံတွေက အရင်ကျွန်တော်ထွက်ခဲ့ဖူးတဲ့ ပျော်စရာကြီးထဲက ပုံမျိုးတွေလဲ ပါမယ်။
လက်လက်ကိုထလို့၊ ချစ်တယ်မုန်းတယ်ထဲက ပုံစံတွေလဲ ပါမယ်။ ပြီးတော့ ဒုံးပျံထဲကလို ပုံစံတွေလဲပါမယ်။ ပြီးတော့ ဂီတစာဆို ဆိုပြီး ပုံစံသစ်တွေလဲ လုပ်ထားတယ်။ အားလုံးကို ရောစပ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ် ’ တဲ့။
သင်္ကြန်ခွေတွေနဲ့ပတ်သတ်ပြီးတော့လဲ ‘ မာစတာသင်္ကြန်၂၀၁၄ မှာထက်ထက်နဲ့တွဲဆိုထားပါတယ်။ ကျွန်တော်နဲ့ထက်ထက် ပေါင်းရေးထားတာပေါ့။ ’လို့ သူကပြောပါတယ်။


စန္ဒီ \ ခင်ဆွေသက် \
Trend Myanmar \ Myanmar Blog

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.