Posted by Black Magic | Posted in ဗဟုသုတများ | Posted on 1:18 AM
ပါတီတွေကနေရာတိုင်းမှာရှိနေသလို အမျိုးသားရော အမျိုးသမီးတွေပါ တက်ရောက်ကြပါတယ်။ ဒီတော့ သောက်လေ့ရှိတဲ့ အမျိုးသမီးတွေကို တခြားနေရာတွေမှာရော ပါတီတွေမှာပါ အများအပြား တွေ့ရတတ်ပါတယ်။အမျိုးသမီးတွေ အရက်မူးရင် တစ်ဦးနဲ့တစ်ဦး တုံ့ပြန်ပုံချင်းမတူပါဘူး။ ဒီတော့ လေဒီမူးလေးတွေရဲ့ ဖြစ်တတ်ပုံလေးတွေ လေ့လာကြည့်ရအောင်။
(၁) Fighter မမ
လူသတ်သမားဆန်ဆန် အပြုံးက သူမနှုတ်ခမ်းဖျားမှာ တွဲခိုနေပြီး သူမကိုယ်သူမ ဖိုက်တာတစ်ဦးလို့ ထင်နေပါပြီ။ သူမကောင်လေးကို လာမြူနေတယ်လို့ မသင်္ကာဖွယ်ရှိတဲ့ ကောင်မလေးတွေကို မျက်တောင် တချက်မခတ် လိုက်လံရှာဖွေနေမှာ ဖြစ်ပြီး တွေ့ပြီဆိုလို့ကတော့ ဘယ်သူမှ ဆွဲချိန်တောင် မရလိုက်ဘူး။ သူမလိုလူမျိုးကတော့ တေးဂီတတွေ အပျော်တွေကို ရပ်အောင် လုပ်ပစ်တတ်သူပါ။
(၂) ဘာမှမသိတော့အောင် သောက်သူ
နှစ်ခွက်လောက် သောက်ပြီး အဆက်မပြတ်အန်တတ်သူပါ။ ဒါပေမယ့် ရပ်သွားသလားဆိုတော့ မရပ်ပါဘူး။ ပိုအန်လေ ပိုသောက်လေပါပဲ။ သူတို့ရဲ့ လိပ်စာကို အင်္ကျံနောက်ကျော (ဒါမှမဟုတ်) ပိုက်ဆံအိတ်မှာ ကပ်ထားရတဲ့ သူတွေဆိုတာ ဒီလိုလူမျိုးပါပဲ။
(၃) သူမကိုယ် သူမ သောက်ထားတယ်လို့ ဘယ်တော့မှ ၀န်မခံတတ်သူ
“မင်း သောက်နေတာ ဘယ်လောက်ကြာပြီလဲ” လို့ သွားမေးလိုက်တယ် ဆိုပါတော့။ “သောက်တယ်။ ကျွန်မ သောက်တယ်လို့ ဘယ်သူပြောလဲ။ ကျွန်မ မသောက်ပါဘူး။ ရှင်သာ သောက်တတ်တဲ့သူ” ဆိုပြီး ဗြောင်ကို ငြင်းတတ်ပါသေးတယ်။ “မယုံရင်ကြည့်ပါလား” ဆိုပြီး လမ်းထလျှောက်တဲ့အချိန်မှာတော့ ဒုတိယ ခြေလှမ်းအရောက်မှာ လဲကျသွားပါတော့တယ်။
(၄) စကားအကျယ်ကြီးပြောသူ
သူမသောက်ထားတယ်။ ပြီးတော့ ဒါကို တစ်လောကလုံးကိုလည်း သိစေချင်တယ်ဆိုတဲ့ သူမျိုးပေါ့။ သူမပါးစပ်ကို alarm ပေးထားသလိုမျိုး “God! I’m so drunk” ဆိုတာကို ဆယ်မိနစ်တစ်ကြိမ် လောက်ကလည်း ထထအော်တတ်ပါသေးတယ်။ သူမပါးစပ် ဟလိုက်တဲ့အကြိမ်တိုင်း သူမပါးစပ်ထဲ ခြေအိတ် ထိုးသွင်းထားပေးချင်စိတ် ပေါက်လာမိတယ် ဆိုတဲ့သူမျိုးပေါ့။
(၅) စမတ်ဖုန်းသမား
အယ်လ်ကိုဟောက သူမရဲ့လက်တွေကို ပိုမြန်အောင်လုပ်လိုက်သလား မသိပါဘူး။ ကောလိပ်ကျောင်းက ရည်းစားဟောင်းပါမကျန် သူမရဲ့ ဖုန်းနံပါတ်စာရင်းထဲမှာ ရှိသမျှ လူတွေ အကုန်လုံးကို ဖုန်းလိုက်ဆက်ပြီး မရမက အတင်းခေါ်တတ်သူမျိုးပါ။
(၆) အတွေးအခေါ်သမား
အရက်ဟာ သူမကို ကောင်းကင်ဘုံရဲ့တံခါးကို ဖွင့်လှစ်ပေးလိုက်သလား မသိပါဘူး။ ရုတ်ရက်ဆိုသလိုပဲ ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ လျှို့ဝှက်နက်နဲမှုတွေကို သူမ နားလည်သလိုမျိုး ဖြစ်သွားပါတော့တယ်။ အဲဒီမှာ သူမရဲ့ ဖီလိုဆော်ဖီတွေကို အမျှင်မပြတ် စပြီးပြောတော့တာပါပဲ။
(၇) ရှုပ်ပွေလိုသူ
မူးပြီဆိုတာနဲ့ ကပွဲကြမ်းပြင်ပေါ်ရောက်သွားပြီး ဘယ်သူနဲ့မဆို တွဲကတော့တာပါပဲ။ ကနေရရင်ပြီးရော ဘယ်သူလာလာ ဒေါင်းတယ်ဆိုတဲ့ လေဒီလေးတွေပေါ့။
ဒီတော့ သင့်အနေနဲ့ သူမ သောက်တတ်တဲ့ အကျင့်လေးကို သိထားပြီးပြီဆိုရင် ကြိုတင် ကာကွယ်မှုတွေ လုပ်ထားဖို့တော့ လိုပြီနော်။
Trend Myanmar.
Shared @ Myanmar Blog










Myanmar Kyat Converter
Comments (0)
Post a Comment