Posted by Black Magic | Posted in ထူးထူးခြားခြား | Posted on 1:07 PM
6-1-2014
မာစီဟော့ခ်သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ ပရော်ဖက်ရှင်နယ် ပန်းချီဆရာမ တစ်ဦးဖြစ်သည်။ အခြား ပန်းချီပညာရှင် များနှင့် ကွဲလွဲသော တစ်ချက်မှာ မာစီက စုတ်တံကို အသုံးပြုပြီး ပန်းချီဆွဲရ သည်ကို သမားရိုးကျ ဆန်လွန်းသည်ဟု ယူဆထားခြင်း ဖြစ်သည်။ သူမသည် ဒေါ်လာ (၅၀၀) တန် ပန်းချီကား အတော်များများကို ရောင်းချခဲ့ပြီး ဖြစ်သည်။ ထိုပန်းချီကားများကို ရေးဆွဲရာတွင် စုတ်တံအစား အရွယ်
သတ်မှတ်ချက် 30Dရှိသော သူမ၏ ရင်သားကိုသာ မာစီက အားကိုးအား
ထား ပြုခဲ့သည်။
ရင်သားပေါ်တွင် ဆေးရောင်မျိုးစံ ခြယ်သပြီး ပိတ်ကား အဖြူပေါ်တွင် ဖိနှိပ် ခြင်းဖြင့် အရောင်အသွေး စုံလင်သော ပန်းချီကားများကို မာစီက ဖန်တီးရေးဆွဲခဲ့သည်။ ရင်သား၏ ဖိနှိပ်အားနှင့် ပွတ်တိုက်မှု လမ်းကြောင်း
တို့ကို မျိုးစုံပြောင်းလဲကာ သူမ၏ ပန်းချီများကို ရေးဆွဲခဲ့ခြင်းဟု မာစီက ဆိုသည်။
ဆေးခြယ်ရာတွင်လည်း ရင်အုံတစ်ခုလုံးကို ခြယ်သခြင်း၊ ရင်အုံထိပ်ဖျားကို သာ ခြယ်သခြင်း အစရှိသဖြင့် ကွဲပြားသော ချဉ်းကပ်မှု အသီးသီး လိုအပ်ကြောင်း သူမက ရှင်းပြခဲ့သည်။ မာစီသည် အဆိုပါ ပန်းချီကားမျိုးကို
(၂၀၀၆)ခုနှစ်တွင် ပထမဆုံးအကြိမ် စမ်းသပ် ရေးဆွဲခဲ့သည်။ ယခုအခါ Boobie Painter ဟု အမည်ပေးထားသည့် Online Shop မှတစ်ဆင့် ယင်းပန်းချီကားမျိုး ထောင်နှင့်ချီ ရောင်းချပြီးဖြစ်ကြောင်း မာစီကပြောကြား
ခဲ့သည်။
"ကျွန်မရဲ့ အနုပညာ ဖန်တီးမှုက ရင်းနှီးကျွမ်းဝင်မှု၊ နှိုးဆွမှု၊ စူးစမ်းမှုနဲ့ ဆန်းသစ်ထူးခြားမှုတွေကို နိမိတ်ဆောင်ပါတယ်။ ဒါဟာ လှပဆန်းကျယ်ပြီး တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့ ပုံရိပ်တစ်ခုပါ" ဟု မာစီက မှတ်ချက်ပြုခဲ့
သည်။ သူမက ဂျက်ဆင်ပိုလော့ခ်နှင့် ဗင်းဆင့်ဗန်ဂိုးတို့ကို အားကျသူ ဖြစ်ကြောင်းလည်း မာစီကဝန်ခံခဲ့သည်။ သူမသည် ပန်းချီကားများ ရောင်း
ချ၍ ရရှိလာသမျှ ငွေကြေးများအနက် အစိတ်အပိုင်း တစ်ရပ်ကို ရင်သား
ကင်ဆာ တိုက်ဖျက်ရေးအတွက် ထူထောင်ထားသည့် ဆူဆန်ဂျီကိုးလ်မန်း ဖောင်ဒေးရှင်းသို့ လှူဒါန်းနေကြောင်းလည်း သိရှိရသည်။
"ကျွန်မရဲ့ ပန်းချီကားတွေကို ဗြိတိန်၊ ဩစတြေးလျတို့ထိ တင်ပို့ရောင်းချရ
တယ်။ အမေရိကန်မှာတော့နေရာတော်တော်များများကို ရောင်းချထားပြီး ပါပြီ"ဟုလည်း မာစီက ဂုဏ်ယူစွာ ပြောဆိုခဲ့သည်။ နာမည်ကျော်များ
အနက် ရော့ဘ်ဒိုင်ဒရက်ခ်၊ ဟုဂ်ျဟက်ဖ်နာနှင့် ရက်ဆဲလ်ဘရန်း တို့သည် လည်း မာစီ၏ လက်ရာကို အားပေးဝယ်ယူထားသူများ ဖြစ်ကြောင်း သတင်းများက ဖော်ပြသွားသည်။
Source: Planet Myanmar Myanmar Journalist Network
Myanma Spectrum












Myanmar Kyat Converter
Comments (0)
Post a Comment