
အသက် ၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေဘဲ ပြည့်တန် ဆာ အဖြစ်စေ ခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ရန်ကုန် တိုင်းေ ဒသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၎င်းအား ပို့ဆောင်ခဲ့သူများက လာရောက်ခေါ်ဆောင်မည်ဖြစ် ကြောင်း ပြောကြား ခဲ့သည့် အတွက်တာဝန်ရှိသူများက အဆိုပါ ဟိုတယ်သို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း
ထိုသို့သွားရောက် စစ်ဆေးရာ၌ မ…အား အဆိုပါဟိုတယ်ရှိ အခန်းအမှတ် ၄ဝ၈တွင်၎င်း၏အဘွားဖြစ်သူဒေါ်…၊ တာမွေမြို့နယ်တွင် နေထိုင်သူ ဒေါ်…၊ ဒဂုံမြောက်တွင်နေထိုင်သူ ဒေါ်… တို့နှင့်အတူတွေ့ရပြီး ၄င်း တို့အားစစ်ဆေးမေးမြန်းခဲ့ကြောင်း၊
အဘွားဖြစ်သူ၏ ပြောကြားချက် အရ ၄င်းသည်ဒဂုံမြောက်မှ ဒေါ် ….၏ဆက်သွယ်ပေးမှုဖြင့် တာမွေတွင်နေထိုင်သူ ဒေါ်… ထံ မှ ငွေကျပ် ၂၇၅,ဝဝဝ ယူကာ အောက်တိုဘာ ၂၇ရက်နေ့ ညပိုင်း တွင်မြေးဖြစ်သူအား…… ဟိုတယ်၊ အခန်းအမှတ်(၄ဝ၈)တွင် တည်းခိုနေသောကို… ထံ ပြည့်တန်ဆာအလို့ငှာပေးအပ်ခဲ့သည်ဟုပြောကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပြည့်တန်ဆာအဖြစ် စေခိုင်းခံ ရသူက ဆက်ဆံမည့်သူ ကို… အား အသက် ၁၂ နှစ်သာရှိသေး ကြောင်း၊မိဘမသိကြောင်း ပြော ပြခဲ့ရာ ကို…. ဆိုသူက အဆိုပါ မိန်းကလေးငယ်အား သနားသဖြင့်ငွေနှစ်သောင်းမုန့်ဖိုးပေး၍ ဘာမှ မလုပ်ဘဲ ဟိုတယ်မှထွက်ခွာသွား ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
အဆိုပါ အမှုနှ င့်ပတ်သက်၍ တာမွေရဲစခန်းမှ အရွယ်မရောက် သေးသူ အား ပြည့်တန်ဆာအလို့ငှာအခကြေးငွေရယူ၍ စေခိုင်းခဲ့သော အမျိုးသမီးသုံးဦးအား
(ပ)၁၂၆၉/ ၁၂၊ ပုဒ်မ (၃၇၂)ဖြင့်ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။
Comments (0)
Post a Comment