ကောင်လေးငယ်ငယ်ချောချောလေးတွေကို ထည်လည်းတွဲနေတဲ့ မက်ဒေါနား

Posted by Black Magic | Posted in | Posted on 4:32 PM



အသက်(၅၅)နှစ်ရှိပြီဖြစ်တဲ့ နာမည်ကျော် Pop အဆိုတော်မက်ဒေါနား (Madonna )
သည် ယခုအခါ သူမကို ထောက်ပံ့ပေးနေသည့် အကအဖွဲ့ဝင် တစ်ဦးဖြစ်သော တီမောစတီဖန်စ်နှင့် တွဲနေကြောင်း သိရသည်။
တီမော၏ အသက်မှာ (၂၆)နှစ်သာ ရှိသေးသည်။ မက်ဒေါနားအနေဖြင့် ကိုယ်တိုင်က အသက်ရနေပြီ ဖြစ်သော်လည်း အမျိုးသား ငယ်ငယ်ချောချောလေးများကို စွဲလမ်းနေသူဟု ဝေဖန်ခံနေရပြီ ဖြစ်သည်။ မက်ဒေါနားသည် ယခင်ကတည်းက သူမအသက်၏ ထက်ဝက်မျှသာရှိသော လူငယ်လေးများနှင့် တွဲခဲ့ဖူးသည်။

တီမောနှင့် မတွဲမီကလည်း မက်ဒေါနားသည် အသက်(၂၅)နှစ်သာ ရှိသေးသည့် ဘရာဟင်မ်ဇိုင်ဘတ်နှင့် ဇာတ်လမ်းဖြစ်ခဲ့သည်။ ဘရာဟင်မ်နှင့် မက်ဒေါနားတို့ လမ်းခွဲပြီး တစ်လမပြည့်မီမှာပင် ယခုတစ်ဖန် တီမောနှင့် ချိတ်မိခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ Material Girlစတား အဆိုတော်၏ အသက်(၁၃)နှစ်အရွယ် သားဖြစ်သူ ရော့ကိုနှင့် တီမောတို့သည် ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနှင့်ပြီး ဖြစ်သည်။ တီမောသည် မက်ဒေါနား၏ မိသားစုနှင့်လည်း အကျွမ်းတဝင် ရှိနေပြီဟု ယူဆရသည်။ တီမော၏ Twitter Account တွင် ၎င်း၏ အလုပ်အကိုင်ကို Creative Director , Choregrapher၊ Actor ဟူ၍ ဖော်ပြထားသည်။

၎င်းသည် Twitterတွင် Followerပေါင်း (၂၄၀၀၀၀)ကျော် ရရှိထားပြီ ဖြစ်သော်လည်း မက်ဒေါနားနှင့် သတင်းကြောင့် ပိုမိုလူသိများလာမည်မှာ သေချာနေသည်။ တီမောသည် မက်ဒေါနားတို့ မိသားစု ဆွစ်ဇာလန်တွင် နှင်းလျှောစီး အပန်းဖြေခရီး ထွက်ခဲ့ရာ၌လည်း လိုက်ပါသွားခဲ့သည်။ မက်ဒေါနားသည် ဒီဇိုင်နာ ရူဒေါ့ဖ်ဗလန်တီနို၏ နှစ်သစ်ကူး ပါတီပွဲတွင် တီမောကို သူမ၏ ချစ်သူသစ်အဖြစ် စတင်ပွဲထုတ်ခဲ့ကြောင်းလည်း သိရှိရသည်။
Ref : Planet Myanmar Network

  

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Powered By:

Black Magic © 2013 - All Rights Reserved.