Posted by Black Magic | Posted in ထူးထူးခြားခြား , သတင်းများ | Posted on 9:58 AM
အမေရိက အရှေ့ မြောက်ပိုင်းမှာ ၀င်ရောက်လျက်ရှိတဲ့ ၀င်ရိုးစွန်းမုန်တိုင်း ဟာကျူလီကြောင့် ဒေသတစ်ချို့ မှာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအပူချိန်စံချိန်ကို ရောက်ရှိလျက်ရှိပါတယ်။ တစ်ချို့ ဒေသတွေမှာ အနုတ် -၅၀ ဆဲလ်စီးယပ်စ် အထိရောက်ရှိပြီးနောက် ယူအက်စ် ၊ ကနေဒါနယ်စပ်က နာမည်ကျော် နိုင်ယာဂရာ ရေတံခွန်ဟာ ခက်ခက်ခဲခဲလာရောက်ရတဲ့ ခရီးသွားတွေအတွက် တစ်သက်မမေ့နိုင်တဲ့မြင်ကွင်းကို ပေးစွမ်းခဲ့ပါတယ်။ မကြာသေးမီက ကျရောက်ခဲ့တဲ့ ဟာကျူလီအမည်ရ ဆောင်းမုန်တိုင်းကြောင့် အမေရိကန်ပြည်သူ သန်းပေါင်း ၁၉၀ ကျော်ဟာ ရေခဲထက်အေးစက်တဲ့ရာသီဥတုကို ခံစားခဲ့ရပြီး အအေးချိန်ဟာ ငရဲတောင် အေးခဲသွားတယ်လို့ နာမည်တွင် ခဲ့ပါတယ်။ ဒီ ၀င်ရိုးစွန်မုန်တိုင်းဟာ
အာတိတ်ဒေသမှာ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိပေမယ့် တောင်အမေရိကတိုက်ကို
ဦးတည်ရွေ့ လျားလာတဲ့ ဖြစ်စဉ်ကတော့ အင်မတန်မှ ရှားပါးတယ်လို့ သိရပါတယ်။ ရေခဲအမှတ်အောက် များစွာ ကျဆင်းနေတဲ့ အချိန်မှာ ရိုက်ကူးခဲ့တဲ့ ရေတံခွန်ရဲ့ ဓာတ်ပုံတွေကို Reuters သတင်းဌာနရဲ့ သတင်းထောက် Aaron Harris က မနေ့ ကရိုက်ယူခဲ့တာဖြစ်ပါတယ်။
လ
Comments (0)
Post a Comment