Posted by Black Magic | Posted in Others , ဟိုဟိုဒီဒီ | Posted on 8:53 PM

ကိုယ်နဲ့တော့ မဆိုင်ပါဘူး..၊ ဝယ်လည်းမဝယ်နိုင်ပါဘူး..၊ဘာရယ်မဟုတ်ဘူး..၊တွေ့လို့တင်လိုက်တာ၊ ဟီး..၊
အိမ်ရဲ့တည်နေရာက ရန်ကင်းမိုးကောင်း လမ်းမပေါ်မှာပါ..၊ ၃ထပ် RC အဆောက်အအုံ ဖြစ်ပါတယ်။
၁၄ပေ ဟောခန်း ၄ ခန်း၊ ပထမထပ်မှာ မာစတာခန်း ၁၁ ခန်း၊ အပေါ်ဆုံးထပ်မှာ ဟောခန်း ၁ ခန်း၊ ရုံခန်း ၁ ခန်း ပါဝင်ပါတယ်။
အိပ်ခန်းက ၁၂ ခန်း၊ ရေချိုးခန်းက ၁၇ ခန်း ရှိပြီး အိမ်အကျယ် ၇၃၀၀ စတုရန်းပေ ရှိပါတယ်။
ဖုန်း ၂ လုံး ပါဝင်ပြီး ပါဝါမီတာ ၁ လုံး ပါရှိပါတယ်။ ဈေးနှုန်းကတော့ ရက်စက်တယ်..၊
မြန်မာငွေ ကျပ်သိန်း ၂၉၀၀၀ (သိန်းနှစ်သောင်း ကိုးထောင်) တိတိ ပါတဲ့ခင်ဗျာ..၊ ဒီတော့ ရန်ကုန်မြို့ က ဈေးကြီးပါတယ်ဆိုတဲ့ အိမ်စာရင်းထဲကို ပါပြီပေါ့ဗျာ..၊။ မိသားစုလိုက်နေနိုင်တဲ့အပြင်၊ ဟိုတယ်၊ တည်ခိုခန်းတောင် ပြန်ဖွင့်လို့ရတယ်..၊
ဈေးကြီးသွားရတဲ့ အကြောင်းအရင်းက အဓိက အချက်အချာကျတဲ့နေရာမှာ တည်ရှိနေလို့ ဖြစ်ပါတယ်။ တိုက်က ၂၀၁၀ ခုနှစ်က ဆောက်လုပ်ခဲ့တာဆိုတော့ ၃၊၄ နှစ်သာ သက်တမ်းရှိသေးတဲ့ တိုက် ဖြစ်ပါတယ်။ သိန်း ၃ သောင်းနီးပါး ပေးရတဲ့အဲဒီအိမ်ကို ဒီ Link မှာ ဖော်ပြထားပါတယ်..၊










Myanmar Kyat Converter
Comments (0)
Post a Comment