အန္တရာယ်အများဆုံး BMX Stunt

Posted by Black Magic | Posted in , | Posted on 4:35 PM



X-Games အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ငါးခုရထားတဲ့ Daniel Dhers ဟာ သူ့ ရဲ့ အလှပဆုံး နောက်ဆုံး စတန့် ကို ပြသခဲ့ပါတယ်။ အန္တရာယ်များတဲ့အလုပ်တွေကို စွန့် စားလုပ်ရတာ ပျော်ရွှင်တဲ့
BMX စက်ဘီးစီးသမား Daniel Dhers ဟာ မောင်းနှင်နေတဲ့ ထရပ်ကားနှစ်စီး ကြားမှာ စက်ဘီးကို လေထဲ နောက်ပြန်ကျွမ်းထိုးပြရင်း ပီရူးနိုင်ငံ လမ်းပေါ်က ဈေးဝယ်လာတဲ့လူတွေကို မှင်တက်အံ့သြစေခဲ့ပါတယ်။ စက်ဘီးကို လေထဲ နောက်ပြန်ကျွမ်းထိုး ပြတဲ့အချိန်မှာ Daniel ဟာ သူ့ ရဲ့ လက်တွေ၊ခြေထောက်တွေကိုပါ လွှတ်ထားခဲ့တာပါ။

X-Games မှာ ရွှေတံဆိပ်ဆု ငါးဆုရထားတဲ့ Daniel ဟာ ဒီ သေမင်းစိန်ခေါ်တဲ့ပြကွက်ကို ယာဉ်တစ်စီးရဲ့ နောက်တွဲပေါ်မှာ ပြုလုပ်ထားတဲ့ ဆင်ခြေလျှောကုန်းကနေ စတင်ပြသခဲ့တာပါ။ မောင်းနေတဲ့ ကားတစ်စီးရဲ့ ဆင်ခြေလျှောလမ်း တစ်ခုကနေ BMX စတန့် အလှပြတာဟာ ခင်ဗျားအတွက် သိပ်မထူးဆန်း မအံ့သြနိုင်ဘူးလား။ နောက်တစ်စီး ဆိုရင်ကော ဘယ်လိုလဲ။

Daniel ဟာ ကားတစ်စီးပေါ်ကနေ နောက်တစ်စီးဆီကို လေထဲကနေ ခုန်ပျံကျွမ်းထိုးကျော်လွှားပြခဲ့ပါတယ်။ အဲဒီ့အချိန်မှာ အဲဒီ့ထရပ်ကားနှစ်စီးဟာ သူတို့ ရဲ့ ဦးတည်ရာကို မောင်းနှင်ရင်းအလုပ်များနေတာပါ။

၃၆၀ ဒီဂရီလှည့်ပြမှု၊ စတီယာတိုင်ကို ကိုင်ပြီး လေထဲဝဲပြမှုတွေ ၊ လက်လွှတ်ခြေလွှတ်တဲ့ အလှပြမှုတွေအပြင် လက်လွှတ်ပြီး လေထဲနောက်ပြန်ကျွမ်းထိုးပြခဲ့မှုတွေက ရပ်ကြည့်နေတဲ့လူတွေကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါတယ်။

ဒီ Video ကို Youtube မှာ တင်ပြီးနောက်ပိုင်း ၀င်ကြည့်သူအားလုံး အံ့သြချီးမွမ်းခဲ့ကြပြီး Daniel ရဲ့ ရူးသွပ်တဲ့ ဒီပြကွက်ကို သြဘာပေးခဲ့ကြပါတယ်။



အဲဒီ Video ကိုကြည့်ချင်ရင်တော့ အောက်မှာ ကြည့်ကြည့်လိုက်ပါ..၊
Youtube ကနေကြည့်ချင်တယ်ဆိုရင်တော့ http://youtu.be/yllP0PlpmQ4



Ref: abcnews

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.