Cydia အား အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း

Posted by Black Magic | Posted in | Posted on 5:32 PM


iOS 7+ အတွက် Jailbreak ထွက်လာပြီးကထဲက ကလိလိုက်ကြတာ... ကလိလိုက်ကြတာ...
Tweaks တွေက iOS 7 နှင့် အလုပ်လုပ်နိုင်ပြီလားဆိုတာလည်း မစူစမ်းမိပဲ အရင်တုန်းက ကိုယ်ကြိုက်တဲ့ Tweaks မှန်သမျှတွေ အကုန်သွင်း... ပြီးသွားတဲ့ အခါကြတော့ Crash တွေဖြစ်လိုက်ကြတာ မနည်းဘူးပါပဲ။

တစ်ချို့က App တွေ ဖွင့်မရတော့ဘူး၊ အချို့က ပန်းသီးမှာတင် တစ်နေကြတယ်၊ အချို့က Cydia ပျောက်သွားတယ်... စုံသမှ.. သိပ်စုံ...
အဲဒီအထဲကမှ Jailbreak ဖြစ်နေပါလျှက် "Cydia" ပျောက်နေတာက ထီပေါက်ပြီး ထီလက်မှတ် ပျောက်နေသလို နေမထိထိုင်မသာ ဖြစ်ရပါတယ်။


Jailbrek ဖြစ်ထားမှန်းလဲသိတယ်၊ Tweaks တွေလည်း အလုပ်လုပ်တယ်၊ Cydia တစ်ခုပဲ ဆင်းပြေးသွားတာ ဘယ်လိုက်ရှာလို့ ရှာရမှန်းမသိ...

ဒီတော့ Jailbreak ဖြစ်ထားပြီး "Cydia" ပျောက်သွားတဲ့ iDevices တွေ အတွက် "Cydia" ကို ပြန်ခေါ်ဖို့ ဓါတ်ရိုက်ဓါတ်ဆင် ပေးလိုက်မဟေ့....
ဒါပေမယ့် "iFile" တော့ သွင်းထားပြီးသား ဖြစ်ပါစေ...  (မရှိသေးရင် ကျွန်တော့ Site မှာလည်း iFile တင်ပေးထားတာရှိပါတယ်..၊ ပြန်ရှာကြည့်လိုက်ပါ..)


  • iDevice မှ တစ်ဆင့် ဤနေရာကို နှိပ်ပါ။
  • (cydia 119.deb) file ကို Download ရယူပါ။ 



  •  ပုံတွင် ဖော်ပြထားသည့်အတိုင်း "Open in iFile" ကို ရွေးပါ


  • iFile ထဲ ရောက်သွားသောအခါ "Installer" ကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ။  

  • iDevice ကို Reboot လုပ်ပါ။  

ကဲ... ဥုံဖွ... Cydia ပြန်ရောက်စေဗျားးး.... 

Credit to : ဖုန်းမြင့်ဝင်းထွန်း & မိုးသိကြား (www.moethagyar.info)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.