နှစ်လည်လောက်မှာလာမယ် iPhone 6

Posted by Black Magic | Posted in | Posted on 9:02 PM


၂၀၁၄ ခုနှစ် အလယ်ပိုင်းတွင် ထွက် ရှိလာမည်ဟု ခန့်မှန်းထားကြသော iPhone 6 ၏ ကင်မရာ လုပ်ဆောင် ချက်သည် နည်းပညာပိုင်းအဆင့် အလွန် မြင့်မားစွာဖြင့် ထွက်ပေါ်လာမည်ဖြစ်ကြောင်း Apple ကုမ္ပဏီမှ အတည်ပြု ပြောဆိုခဲ့သည်။

ပြီးခဲ့သည် ရက်သတ္တပတ်က APPLE သည် ကြေးတမ်းစား ပရော်ဖက်ရှင်နယ် ကင်မရာများတွင် သုံးစွဲလေ့ ရှိသော SNAPPY CAM ပရိုဂရမ်ကို ၀ယ်ယူလိုက်ခြင်းကြောင့် အဆိုပါသတင်းကို အတည်ပြု ပြောကြားခဲ့ ခြင်းဖြစ်ပြီး သမားရိုးကျ ဖုန်းများတွင် ပါဝင်လေ့ရှိသော ကင်မရာတို့၏ လုပ်ဆောင်ချက်များနှင့် မတူကွဲပြား ခြားနားနေမည် ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် စမတ်ဖုန်းများ၏ ပုံရိပ်တစ်ခုကို DSLR ရိုက်ကူးရန် မဖြစ်နိုင်သေးသည့် ကန့်သတ်ချက်များကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်ဟု ကုမ္ပဏီမှ ပြောကြားသည်။

SNAPPY CAM သည် ၀ါရင့်ပရော်ဖက်ရှင်နယ် DLSR ကင်မရာများတွင် သုံးစွဲလေ့ရှိသော ပရိုဂရမ်ငယ်တခု ဖြစ်ပြီး အိုင်ဖုန်းအတွက် အဆ ချုံ့၊ ချဲ့နိုင်မှု (ZOOM)၊ အလင်းပြန် မြန်ဆန်နှုန်း ထိန်းသိမ်းနိုင်မှု(SHUTTER SPEED CONTROL) ပုံရိပ် တည်ငြိမ်အချိုးဆ၊ (ASPECT RATIO) များအပြင် လျှပ်တစ်ပြက် ရိုက်ကူးနိုင်မှု နှင့် ပုံရိပ်အရည်အသွေးတို့ကိုပါ ထည့်သွင်း အသုံးပြုပေးမည်ဟု သိရသည်။

“APPLE က ၀ယ်ခဲ့တာ ကုမ္ပဏီငယ် ကလေးက ပရိုဂရမ်ငယ်ကလေးပါ။ ဒါပေမဲ့ ဘယ်လောက် အရည် အသွေးရှိမယ် ဆိုတာကိုတော့ စောင့်ကြည့်နိုင်ပါတယ်။ ဒါကို လာမည့် CES 2014 မှာ ခင်ဗျားတို့ မြင် တွေ့ရမှာပါ” ဟု APPLE ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ၀င့်ဝင့်ကြွားကြွား ပြောဆိုခဲ့သည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.