Posted by Black Magic | Posted in Website အညွှန်း , ဗဟုသုတများ | Posted on 10:41 PM

http://beta.mmchess.com/register.php
စစ်တုရင်ကစားနည်း -
၁။ နယ်အရုပ် ကစားနည်း

နယ်အရုပ်မှာရှေ့တကွက်ကိုသာရွှေ့လို့ရသည်။ ရန်သူ့အရုပ်အားစားလျှင်ဒေါင့်ဖြတ်သာစားနိုင်သည်။ အနောက်တိုင်းChess က Pawn နဲ့ရွှေ့ပုံတူတူပေါ့။
၂။ မင်းကြီး ကစားနည်း

မင်းကြီးအရုပ်သည် အရပ်မျက်နှာအစုံသို့တစ်ကွက်ရွှေ့နိုင်သည်။ အနောက်တိုင်းChess က King နဲ့ကစားနည်းတူတယ်။
၃။ ရထားကစားနည်း

စစ်တုရင်ကစားနည်းတွင် - ရထားသည် အပေါင်း (+) လက္ခဏာပုံစံအကွက်အစအဆုံးရွှေ့နိုင်သည်။ Chessကစားနည်းမှ Castle နှင့်ဆင်တူသည်။ Castling လုပ်မရပါ။
၎။ ဆင်အရုပ် ကစားနည်း

ဆင်အရုပ်သည် အမြှောက် (X) လက္ခဏာပုံစံ ၊ ဒေါင့်ဖြတ်လေးကွက်အပြင် ရှေ့တည့်တည့်တကွက်ပါရွှေ့နိုင်သည်။ Bishop လိုဒေါင့်ဖြတ်အစအဆုံးမသွားနိုင်ပဲ ဒေါင့်ဖြတ်တကွက်စီ နဲ့ရှေ့တကွတ်သာရွှေ့လို့ရတာပါ။
၅။ စစ်ကဲအရုပ် ကစားနည်း

စစ်ကဲအရုပ်သည် အမြှောက် (X) လက္ခဏာပုံစံဒေါင့်ဖြတ်လေးကွက်ရွှေ့နိုင်သည်။ စစ်ကဲအစားခံရပါက စစ်ကဲလိုင်းပေါ်ရှိသော နယ်တစ်ရုပ်ကိုစစ်ကဲအဖြစ်Promote လုပ်နိုင်သည်။ စစ်ကဲအရုပ်မှာရွှေ့နိုင်တဲ့အကွက်၎နေရာရှိပြီး ဆင်အရုပ်မှာ၅နေရာရှိပါတယ်။
၆ ။ မြင်းအရုပ်ကစားနည်း

မြင်းအရုပ်သည် (L)ပုံစံ ရွှေ့နိုင်သည်။ အနောက်တိုင်းChess မှ Horse နှင့်ကစားပုံတူသည်။
(မူရင်း Page မှာ Horse လို့သုံးထားလို့ ကျွန်တော်လည်း Horse လို့ပဲတင်ပေးလိုက်ပါတယ်..၊ Chess မှာတော့ မြင်းကို Khight လို့ခေါ်တယ်ထင်ပါတယ်..)
ဒီ Post မှာ ပဲနောက်ထပ် နည်းတွေကို Update လုပ်ပေးပါဦးမယ်..၊ မြန်မာ့စစ်တုရင်ကို Online မှာဆော့ချင်တယ်ဆိုရင်တော့ http://beta.mmchess.com/register.php မှာ Register လုပ်ပြီးတော့ ဆော့နိုင်ပါပြီခင်ဗျာ..၊











Myanmar Kyat Converter
Comments (0)
Post a Comment