System Application ပျက်သွားရင် ပြန်သွင်းနည်း

Posted by Black Magic | Posted in , | Posted on 12:17 PM





မသိသေးသူများအတွက် ဗဟုသုတအဖြစ် ရည်ညွှန်းပါတယ်
ကျွန်တော့်ဖုန်းစ၀ယ်ပြီး ၁လလောက်ကြာတော့ Gallery Apk လေးက Force Stop ပြပြီး ၊ ဖွင့်လိုက်ရင် စက်ပါ အရမ်း ဟန်းသွားတယ်..အဲဒါနဲ့ ကျွန်တော်လည်း ဒီကောင်လေးကို Uninstall လုပ်ပြီးအသစ်ပြန် သွင်းမယ် အကြံနဲ့ Backup လုပ်ပစ်လိုက်ပါတယ်။ဘာနဲ့လုပ်သလဲဆိုတော့ DX Toolbox လေးနဲ့ပါ။ ယူပြီးတော့ အဲကောင်လေးကို DX Toolbox လေးနဲ့ပဲ Uninstall လုပ်ပြစ်လိုက်ပါတယ် ။ ပြီးတော့ ကျွန်တော်ခုနက backup လုပ်ထားတာကို Install လုပ်လိုက်တော့ Not Install ကြီးပဲပြနေပါတယ်။ ဘယ်လိုမှသွင်းမရခဲ့ဘူး အဲဒါနဲ့ အခြား Gallery Apkတွေပဲ ဒေါင်းပြီး သုံးနေပါတယ် (လုပ်ရမှာပျင်းလို့ပါ။ ဒီနေ့တစ်ယောက်က ဖုန်းဆက်မေးပါတယ် သူ့ဖုန်းက Dial, Message တွေ ပျောက်သွားတယ်..၊ ဘယ်လိုပြန်လုပ်ရမလဲတဲ့..၊ ကျွန်တော် အကြံပေးလိုက်ပါတယ်..။အခြား ကိုယ့်ဖုန်းနဲ့တူတဲ့ တစ်လုံးကနေ Backup ယူပြီးပြန်သွင်းလိုက်ပါလို့...။ လွယ်လွယ်လေး ပြောလိုက်ပါတယ် သူလုပ်တတ်မယ်ထင်လို့ပါ။ ဒါပေမယ့် System App တွေက လွယ်လွယ်သွင်းလို့မရပါဘူး။ဒီသွင်းနည်းလေးသိဖို့တော့လိုအပ်ပါတယ်။ အဓိကကတော့ System ကို ကလိပြီဆိုကတည်းက Toot Access ရထားဖို့လည်း လိုအပ်ပါတယ်။နောက် Root Explorer ဆိုတဲ့ Apk လေးလည်းလိုအပ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ အခြားဖုန်းထဲက ကိုယ်လိုချင်တဲ့ system apkကို DX toolbox လေးသုံးကာ Backup ယူလိုက်ပါ ပြီးရင် ကျွန်တော်တို့ဖုန်းရဲ့ SD ကဒ် တစ်နေရာမှာသိမ်းထားလိုက်ပါ ။ ထို့နောက် Root Explorerလေးကို ဖွင့်လိုက်ပါ ဖွင့်တဲ့အခါ Root Access တောင်းရင် Allow လုပ်ပစ်လိုက်ပါ။ နောက်ပြီး Root explorer လေးကို R/W လုပ်ရပါမယ်၊ ဒါမှ Write လုပ်နိုင်မှာမို့ပါ။အဲဒီ Root Explorer ထဲကနေပြီးတော့ System ထဲက App ထဲကိုသွားပါ..၊ ခုနက ကျွန်တော်တို့သိမ်းထားခဲ့တဲ့ System App လေးတွေကို နာမည်လုံးဝမပြောင်းပဲနဲ့ Copy Here လုပ်ပေးလိုက်ပါ..၊ ပြီးရင် အဲဒီ App ကို အကြာကြီး ဖိထားကာ Permission ကိုရွေးလိုက်ပါ အဲမှာ Owner ရဲ့ Read ရော Write ရော မှတ်ခြစ်လေးလုပ်ထားပေးလိုက်ပြီး OK နှိပ်လိုက်ပါ ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ် မတက်လာခဲ့ရင်ဖုန်းကို Restart လုပ်ကြည့်လိုက်ပါ OK သွားပါလိမ့်မယ်ခင်ဗျာ
Download Root Explorer v3.1.5 * [1.88 MB]
Download DX Toolbox (Optional) [7.42 MB]

Require : : Root ထားရပါမယ် , Root Explorer , DX toolbox လေးများ ရှိထားရင် ကောင်းပါတယ်။ APK တွေကို နာမည်မပြောင်းပါနဲ့ သူ့မူလ အတိုင်းပဲ ထားပါ../
Credit To Aung Kyaw

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.