Posted by Black Magic | Posted in သတင်းများ | Posted on 3:30 AM

အမေရိကန်သမ္မတ အိုဘားမား နဲ့ ကနေဒါဝန်ကြီးချုပ် စတီဖင်ဟာပါ တို့ ဘီယာကြေး လောင်းအစားလုပ်ခဲ့
သည့် ဆိုချီအိုလံပစ် အမျိုးသမီးရေခဲပြင်ဟော်ကီပြိုင်ပွဲတွင် အိုဘားမား ရှုံးနိမ့်သွားခဲ့သည်။ ဆိုချီအိုလံပစ်
ပြိုင်ပွဲ၏ ရေခဲပြင် ဟော်ကီပြိုင်ပွဲ အမျိုးသား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အမေရိကန်နှင့် ကနေဒါတို့ တွေ့ဆုံခဲ့သည့်အပြင် အမျိုးသမီး ဗိုလ်လုပွဲတွင်လည်း ၎င်းတို့နှစ်သင်း တွေ့ဆုံနေခဲ့ရာ အိုဘားမားနှင့် ဟာပါတို့ ဘီယာ တစ်ခွက်ကြေးစီ လောင်းကြေး ထပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးပြိုင်ပွဲတွင် အမေရိကန်အသင်း နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း သာမန်ပွဲချိန်တွင်း ကနေဒါဘက်မှ ချေပဂိုးများ ပြန်လည်ရယူခဲ့ပြီး ဖိလစ်ပေါ်လင်၏ အချိန်ပိုသွင်းဂိုးကြောင့် အနိုင်ရရှိခဲ့ပြီး လေးကြိမ်ဆက်အိုလံပစ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် အိုဘားမားအနေဖြင့် ဘီယာတစ်ခွက် လောင်းကြေးရှုံးခဲ့ပြီး စတီဖင်ဟာပါနှင့် လောင်းကစားလုပ်ရာတွင် ဒုတိယအကြိမ်မြောက် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်သွားခဲ့ရသည်။
Share From Yoe Yar Lay










Myanmar Kyat Converter
Comments (0)
Post a Comment