“နင် တို့ ထောက်လှမ်းရေးလား၊ ဖမ်းလေ အခု ငါ့ ကို ဖမ်း” .. တဲ့

Posted by Black Magic | Posted in | Posted on 10:27 AM


“နင် တို့ ထောက်လှမ်းရေးလား၊ ဖမ်းလေ အခု ငါ့ ကို ဖမ်း” .. တဲ့

အမိုးက အသက် ၇၄ နှစ်ရှိပြီ။ ထန်ရေကြိုက်တယ်။ ကျန်းမာတယ်၊ သူ ငယ်ငယ်ကတည်းက သောက်တာတဲ့ မျိုးနဲ့ရိုးနဲ့သောက်တာ၊ သူ့သားသမီးတွေလဲ အကုန် ထန်းရေ သောက်တတ်တယ်တဲ့၊ အားရပါးရကို ပြောတာ၊ ကျနော်တို့ကိုလဲ ထန်းရေနဲ့ ငါးခြောက်ကြော် ဧည့်ခံတယ်။ သူ့သားနဲ့ မိတ်ဆွေတွေလာမယ်ဆိုတော့ ထန်ရေတွေဝယ်ပြီး ကော်ဘူးကြီးတွေနဲ့ထဲ့ တွင်းရေနဲ့ စိမ်ထားတာ အများကြီးပဲ။ ကျနော်တို့က အသောက်နှေးလို့တောင် အမိုးကလှောင်လိုက်သေးတယ်။

ဒီညကတော့ အမိုးညပေါ့။ ပြောစရာတွေ မကုန်နိုင်တော့လောက်အောင်ကို ရွာအကြောင်း လယ်အကြောင်း၊ ဆွေမျိုးတွေအကြောင်း၊ လယ်တွေကားလမ်းဖြတ်သွားတဲ့အကြောင်း၊ တောခိုသွားတဲ့ သားအကြောင်း စုံနေရောပဲ။
အမိုး စကားတွေပြောလို့ အရှိန်ရပြီဆို တချက်တချက် စကားပြောရပ်သွားပြီး နင်တို့  ထောက်လှမ်းရေးတွေလာ ဖမ်းချင် ဖမ်းလေ လို့ ပြောတယ်။ ကျနော်တို့တွေက ဗမာသံစစ်စစ်တွေနဲ့ စကားပြောတာလေ၊ အဲဒီ အသံတွေကို ကြားရင် အမိုးရဲ့အာရုံတွေက လွန်ခဲ့တဲ့ ၂၆ နှစ် မိုးမှောင်ကြီးကျခဲ့တဲ့ အတိတ်ကပုံရိပ်တွေဆီ တချက်တချက် အတွေးရောက်သွားပုံ ရတယ်။ ကျနော်တို့က အမိုးသားနဲ့ အတူတူနေတဲ့သူတွေလေလို့ ပြောပြလိုက်မှ 
“အေ့ အေ .. စော စော က ပြော ရော ပေါ့ တဲ့” ကရင်သံလေးလေးကြီးနဲ့ ပြန်ပြောတယ်။

အဲဒါနဲ့ လွန်ခဲ့တဲ့ ၂၆ နှစ်က အမိုးသားတောခိုပြီး အိမ်မှာကျန်ခဲ့တဲ့ သူ့အကြောင်းတွေကို ပြန်ပြောပြတယ်။ ပြောပြရုံမကဘူး ထထပြီး အမူအယာတွေနဲ့ပြသေးတယ်။ အမိုးသား တောခိုသွားတော့ ကော့ကရိတ်က အာဏာပိုင်တွေက တယောက်ပြီးတယောက် အမိုးကို ခေါ် ခေါ် စစ်ကြတယ်။ ခေါ်စစ်တာ ဘယ်နှယောက် ဘယ်နှယောက်မှန်းကို မသိတော့ဘူး၊ ဒီရွာမှာနေတာကြာပြီ လူကြီးဒီလောက်များမှန် အဲဒီအခါမှ သိတာ တဲ့။ သူတို့မေးတာက အမိုးသား ဘယ်သွားလဲ၊ ဘယ်မှာဝှက်ထားလဲ၊ ကိုယ်တိုင်လိုက်ပို့တာလား အစုံပဲ မေးလိုက်ကြတာ။ တွေ့ရင်လာပြောနော်ဆိုတာလဲ ပါသေးတယ်။ သူတို့တွေ ခေါ်ပြီဆိုလဲ အချိန်အခါမရွေးဘူး၊ ည ဘယ်အချိန် ဖြစ်နေဖြစ်နေ ခေါ်လိုက်တာပဲ၊ သွားရတာ ပဲ။ 

အရင်တုန်းကနေတာ ဒီ ကော့ကရိတ်မှာ နေတာမဟုတ်ဘူး ကော့နွဲရွာမှာနေတာ ခေါ်ပြီဆို သူတို့ဆီသွားရတဲ့ ခရီးက မသေးဘူး။ စစ်တပ်ကခေါ်တယ်ဆို ညအချိန်မတော်လဲ ထသွားရ၊ ချောင်းဖြတ်ရ၊ ရေကလဲ ရင်စို့လောက်ရှိတာ၊ လက်ထဲမှ သားအငယ်လေးကို မြှောက်ပြီး ကိုင်ထားရသေးတယ်လေ။ ရင်စို့လောက်ရှိတဲ့ရေကို ဖြတ်ပါများတော့ ရင်ကြပ်တဲ့ရောဂါ စွဲပါလေရော၊ ပြောနေရင်တန်းလန်းထပြီး ညကြီးမင်းကြီး ထမီရင်လျာ၊ ကလေးကို လက်နှစ်ဖက်နဲ့ မြှောက်၊ ချောင်းရေ ရင်စို့လောက်ကို ဖြတ်နေပုံ လုပ်ပြသေးတယ်။

နောက်ဆုံး ခေါ်စစ်ပါများလာတော့ လူက မခံနိုင်တော့ဘူး၊ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်လဲ ခဏခဏ ဖြစ်တယ်၊ တောခိုတဲ့ သားအတွက်လဲ စိတ်ကပူတာ ဘယ်လိုနေရထိုင်ရမှန်းမသိ၊ လူမသိ သူမသိ ကျိတ်ငိုခဲ့ရပေါင်းလဲ မနည်းတော့ဘူး၊ ရပ်ထဲ ရွာထဲမှာလဲ မေးထူးခေါ်ပြော လုပ်မယ့်သူလဲ ပါးလာတယ်။ တောခိုသွားတဲ့သားရဲ့ ရည်းစားကလဲ ခွင့်လာတောင်းတယ်၊ အမိုးသားကို မစောင့်နိုင်တော့ဘူး ယောက်ကျား ယူတော့မယ်ဆိုတော့၊ ယူပေါ့လို့ ပြောလိုက်တယ်။

နောက်ဆုံး မထူးတော့ဘူး၊ ငါ့ကို ဖမ်းချင်ရင်လဲဖမ်း သတ်ချင်ရင်လဲသတ်၊ ငါ့ကလေးကိုလဲ နင်တို့တွေ့တဲ့နေရာမှာ ပစ်သတ်လိုက်၊ သူ့ကို ငါပို့တာ ရန်ကုန်စက်မှုတက္ကသိုလ်ပို့တာ၊ တောထဲသွားတာ သူဟာသူသွားတာ၊ ငါ့ပို့တာမဟုတ်ဘူး၊ င့ါကို လာမမေးကြနဲ့တော့လို့ ပြောထဲ့လိုက်တယ်။ အပြတ်ပဲ။ ဒီကြားထဲ စက်ဆိုတဲ့ကိစ္စရှိသေးတယ်။ အိမ်မှာစက်ရှိလားလို့ ထောက်လှမ်းရေးတွေကမေးတယ်။ မေးတော့ ရှိတယ်လို့ပြောလိုက်တယ်လေ။ အဲဒါနဲ့အိမ်ကို တက်ရှာတယ်၊ သူတို့စိတ်တိုင်းကျမွှေနှောက်ပြီး သူတို့လိုချင်တာမရဘူးဖြစ်နေတော့ အမိုးကို မေးတယ်၊ စက်ရှိတယ်လို့ပြောတာ စက်က ဘယ်မှာလဲလို့ မေးလာတော့ အမိုးက အင်္ကျီချုပ်တဲ့ ခြေနင်းစက်ကို ပြလိုက်တော့ အဲဒါမဟုတ်ဘူး စကားပြောစက်တဲ့ အဲဒါနဲ့ အမိုးက နင်တို့ပြောတဲ့ စက် မတွေ့ဖူးဘူးလို့ ပြောလိုက်တယ်။ 
သူတို့က နောက်တော့ အမိုးတို့ကို ကော့နွဲရွာမှာ နေလို့မရအောင် အကြောင်းဖန်လိုက်တယ်။ ဒါနဲ့ အခုနေတဲ့ ကော့ကရိတ် ချောင်းတောင်ရပ်ကွက် ရောက်လာရတာပေါ့ .. တဲ့။ 

အမိုးက အသက်အရွယ်ရလာခဲ့ပြီ၊ ပြုသူတွေ မေ့ချင်ဟန်ဆောင်နေပေမယ့် အဘွားမေကျင်ကတော့ ခုထိမမေ့သေးလို့ ၊ ခုလို တချက် တချက် ကျနော်တို့ကို နင်တို့ ထောက်လှမ်းရေးလားလို့  ဘာကြောင့် မေးတယ်ဆိုတာ သဘောပေါက်လိုက်မိတယ်။

ခုတော့ ဘွားမေကျင်က ချောင်းတောင်ရပ်ကွက်မှာ ခေါင်သူကြီး ဖြစ်နေပြီလေ။ မြေကိစ္စ လယ်ကိစ္စတွေ ဆန္ဒပြတောင်းဆိုဖို့ ဘွားမေကျင် ရှေ့ကထွက်ရင် နောက်က လိုက်မယ့်လူချည်း ဖြစ်ကုန်ကြပြီ။

ယမုံ


အမိုးက အသက် ၇၄ နှစ်ရှိပြီ။ ထန်ရေကြိုက်တယ်။ ကျန်းမာတယ်၊ သူ ငယ်ငယ်ကတည်းက သောက်တာတဲ့ မျိုးနဲ့ရိုးနဲ့သောက်တာ၊ သူ့သားသမီးတွေလဲ အကုန် ထန်းရေ သောက်တတ်တယ်တဲ့၊ အားရပါးရကို ပြောတာ၊ ကျနော်တို့ကိုလဲ ထန်းရေနဲ့ ငါးခြောက်ကြော် ဧည့်ခံတယ်။ သူ့သားနဲ့ မိတ်ဆွေတွေလာမယ်ဆိုတော့ ထန်ရေတွေဝယ်ပြီး ကော်ဘူးကြီးတွေနဲ့ထဲ့ တွင်းရေနဲ့ စိမ်ထားတာ အများကြီးပဲ။
ကျနော်တို့က အသောက်နှေးလို့တောင် အမိုးကလှောင်လိုက်သေးတယ်။

ဒီညကတော့ အမိုးညပေါ့။ ပြောစရာတွေ မကုန်နိုင်တော့လောက်အောင်ကို ရွာအကြောင်း လယ်အကြောင်း၊ ဆွေမျိုးတွေအကြောင်း၊ လယ်တွေကားလမ်းဖြတ်သွားတဲ့အကြောင်း၊ တောခိုသွားတဲ့ သားအကြောင်း စုံနေရောပဲ။
အမိုး စကားတွေပြောလို့ အရှိန်ရပြီဆို တချက်တချက် စကားပြောရပ်သွားပြီး နင်တို့ ထောက်လှမ်းရေးတွေလာ ဖမ်းချင် ဖမ်းလေ လို့ ပြောတယ်။ ကျနော်တို့တွေက ဗမာသံစစ်စစ်တွေနဲ့ စကားပြောတာလေ၊ အဲဒီ အသံတွေကို ကြားရင် အမိုးရဲ့အာရုံတွေက လွန်ခဲ့တဲ့ ၂၆ နှစ် မိုးမှောင်ကြီးကျခဲ့တဲ့ အတိတ်ကပုံရိပ်တွေဆီ တချက်တချက် အတွေးရောက်သွားပုံ ရတယ်။ ကျနော်တို့က အမိုးသားနဲ့ အတူတူနေတဲ့သူတွေလေလို့ ပြောပြလိုက်မှ
“အေ့ အေ .. စော စော က ပြော ရော ပေါ့ တဲ့” ကရင်သံလေးလေးကြီးနဲ့ ပြန်ပြောတယ်။

အဲဒါနဲ့ လွန်ခဲ့တဲ့ ၂၆ နှစ်က အမိုးသားတောခိုပြီး အိမ်မှာကျန်ခဲ့တဲ့ သူ့အကြောင်းတွေကို ပြန်ပြောပြတယ်။ ပြောပြရုံမကဘူး ထထပြီး အမူအယာတွေနဲ့ပြသေးတယ်။ အမိုးသား တောခိုသွားတော့ ကော့ကရိတ်က အာဏာပိုင်တွေက တယောက်ပြီးတယောက် အမိုးကို ခေါ် ခေါ် စစ်ကြတယ်။ ခေါ်စစ်တာ ဘယ်နှယောက် ဘယ်နှယောက်မှန်းကို မသိတော့ဘူး၊ ဒီရွာမှာနေတာကြာပြီ လူကြီးဒီလောက်များမှန် အဲဒီအခါမှ သိတာ တဲ့။ သူတို့မေးတာက အမိုးသား ဘယ်သွားလဲ၊ ဘယ်မှာဝှက်ထားလဲ၊ ကိုယ်တိုင်လိုက်ပို့တာလား အစုံပဲ မေးလိုက်ကြတာ။ တွေ့ရင်လာပြောနော်ဆိုတာလဲ ပါသေးတယ်။ သူတို့တွေ ခေါ်ပြီဆိုလဲ အချိန်အခါမရွေးဘူး၊ ည ဘယ်အချိန် ဖြစ်နေဖြစ်နေ ခေါ်လိုက်တာပဲ၊ သွားရတာ ပဲ။

အရင်တုန်းကနေတာ ဒီ ကော့ကရိတ်မှာ နေတာမဟုတ်ဘူး ကော့နွဲရွာမှာနေတာ ခေါ်ပြီဆို သူတို့ဆီသွားရတဲ့ ခရီးက မသေးဘူး။ စစ်တပ်ကခေါ်တယ်ဆို ညအချိန်မတော်လဲ ထသွားရ၊ ချောင်းဖြတ်ရ၊ ရေကလဲ ရင်စို့လောက်ရှိတာ၊ လက်ထဲမှ သားအငယ်လေးကို မြှောက်ပြီး ကိုင်ထားရသေးတယ်လေ။ ရင်စို့လောက်ရှိတဲ့ရေကို ဖြတ်ပါများတော့ ရင်ကြပ်တဲ့ရောဂါ စွဲပါလေရော၊ ပြောနေရင်တန်းလန်းထပြီး ညကြီးမင်းကြီး ထမီရင်လျာ၊ ကလေးကို လက်နှစ်ဖက်နဲ့ မြှောက်၊ ချောင်းရေ ရင်စို့လောက်ကို ဖြတ်နေပုံ လုပ်ပြသေးတယ်။

နောက်ဆုံး ခေါ်စစ်ပါများလာတော့ လူက မခံနိုင်တော့ဘူး၊ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်လဲ ခဏခဏ ဖြစ်တယ်၊ တောခိုတဲ့ သားအတွက်လဲ စိတ်ကပူတာ ဘယ်လိုနေရထိုင်ရမှန်းမသိ၊ လူမသိ သူမသိ ကျိတ်ငိုခဲ့ရပေါင်းလဲ မနည်းတော့ဘူး၊ ရပ်ထဲ ရွာထဲမှာလဲ မေးထူးခေါ်ပြော လုပ်မယ့်သူလဲ ပါးလာတယ်။ တောခိုသွားတဲ့သားရဲ့ ရည်းစားကလဲ ခွင့်လာတောင်းတယ်၊ အမိုးသားကို မစောင့်နိုင်တော့ဘူး ယောက်ကျား ယူတော့မယ်ဆိုတော့၊ ယူပေါ့လို့ ပြောလိုက်တယ်။

နောက်ဆုံး မထူးတော့ဘူး၊ ငါ့ကို ဖမ်းချင်ရင်လဲဖမ်း သတ်ချင်ရင်လဲသတ်၊ ငါ့ကလေးကိုလဲ နင်တို့တွေ့တဲ့နေရာမှာ ပစ်သတ်လိုက်၊ သူ့ကို ငါပို့တာ ရန်ကုန်စက်မှုတက္ကသိုလ်ပို့တာ၊ တောထဲသွားတာ သူဟာသူသွားတာ၊ ငါ့ပို့တာမဟုတ်ဘူး၊ င့ါကို လာမမေးကြနဲ့တော့လို့ ပြောထဲ့လိုက်တယ်။ အပြတ်ပဲ။ ဒီကြားထဲ စက်ဆိုတဲ့ကိစ္စရှိသေးတယ်။ အိမ်မှာစက်ရှိလားလို့ ထောက်လှမ်းရေးတွေကမေးတယ်။ မေးတော့ ရှိတယ်လို့ပြောလိုက်တယ်လေ။ အဲဒါနဲ့အိမ်ကို တက်ရှာတယ်၊ သူတို့စိတ်တိုင်းကျမွှေနှောက်ပြီး သူတို့လိုချင်တာမရဘူးဖြစ်နေတော့ အမိုးကို မေးတယ်၊ စက်ရှိတယ်လို့ပြောတာ စက်က ဘယ်မှာလဲလို့ မေးလာတော့ အမိုးက အင်္ကျီချုပ်တဲ့ ခြေနင်းစက်ကို ပြလိုက်တော့ အဲဒါမဟုတ်ဘူး စကားပြောစက်တဲ့ အဲဒါနဲ့ အမိုးက နင်တို့ပြောတဲ့ စက် မတွေ့ဖူးဘူးလို့ ပြောလိုက်တယ်။
သူတို့က နောက်တော့ အမိုးတို့ကို ကော့နွဲရွာမှာ နေလို့မရအောင် အကြောင်းဖန်လိုက်တယ်။ ဒါနဲ့ အခုနေတဲ့ ကော့ကရိတ် ချောင်းတောင်ရပ်ကွက် ရောက်လာရတာပေါ့ .. တဲ့။

အမိုးက အသက်အရွယ်ရလာခဲ့ပြီ၊ ပြုသူတွေ မေ့ချင်ဟန်ဆောင်နေပေမယ့် အဘွားမေကျင်ကတော့ ခုထိမမေ့သေးလို့ ၊ ခုလို တချက် တချက် ကျနော်တို့ကို နင်တို့ ထောက်လှမ်းရေးလားလို့ ဘာကြောင့် မေးတယ်ဆိုတာ သဘောပေါက်လိုက်မိတယ်။

ခုတော့ ဘွားမေကျင်က ချောင်းတောင်ရပ်ကွက်မှာ ခေါင်သူကြီး ဖြစ်နေပြီလေ။ မြေကိစ္စ လယ်ကိစ္စတွေ ဆန္ဒပြတောင်းဆိုဖို့ ဘွားမေကျင် ရှေ့ကထွက်ရင် နောက်က လိုက်မယ့်လူချည်း ဖြစ်ကုန်ကြပြီ။

ယမုံ
Shared @ Yamoun Nar

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Powered By:

Black Magic © 2013 - All Rights Reserved.