တကယ်ရှိတယ်လို့မထင်ရအောင် လှတဲ့နေရာများ

Posted by Black Magic | Posted in , | Posted on 3:52 AM


ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ဖြစ်တည်နေတဲ့ ထူးခြားလှပဆုံးနေရာတွေကို ခရီးသွားလာရေး ၀န်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Travelandleisure က ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေ က သွားရောက် ရိုက်ကူးထားပြီး ကမ္ဘာတစ်လွှားက ခရီးသွားလာရတာဝါသနာပါသူတွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။


1. အချစ်ဥမင်လှိုဏ်ခေါင်း



ယူကရိန်းနိုင်ငံ၊ကယ်လ်ဗင်မြို့ အနီး တောနက်ကြီးထဲမှာ အစိမ်းရောင်သစ်ပင်တွေလှလှပပ ၀န်းရံနေတဲ့ မီးရထားလမ်းကလေးကို သင်တွေ့ လိုက်တယ်ဆိုရင် အရမ်းအံ့သြမိသွားမှာပါ။ ဒီလှပတဲ့ အစိမ်းရောင်ရထားလမ်းကလေးဟာ တကယ်တော့ သစ်စက်ရုံတစ်ခုရဲ့ကိုယ်ပိုင်ရထားလမ်းလေးဖြစ်ပြီး တောနက်ထဲက သစ်ပင်တွေကို သယ်ဆောင်တဲ့အခါမှာ အသုံးပြုတာပါ။ ၁.၈ မိုင်ရှည်လျားတဲ့ ဒီ အချစ်ဥမင် လေးဟာ အရှေ့ ဥရောပက ကဗျာဆန်ချင်တဲ့ချစ်သူတွေအတွက် အကောင်းဆုံးနေရာတစ်ခုအဖြစ် ကျော်ကြားပါတယ်။


2. နယ်သာလန်က ခတ္တာပန်းခင်းများ

နယ်သာလန်နိုင်ငံကျေးလက်ဒေသတွေမှာ အနှံ့ အပြားရှိတဲ့ ခတ္တာပန်းခင်းတွေဟာ နွေဦးရာသီအရောက်မှာ အလှပဆုံးရှုခင်းကိုဖန်တီးပေးပါတယ်။ အရောင်အသွေးစုံတဲ့ ခတ္တာပန်းခင်းတွေဟာ မြင်လိုက်ရသူတစ်ဦးကို အံ့သြမှင်တက်မိသွားစေမှာပါ..။


3. Salar de Uyuni (ဆားရေကန်)



Salar de Uyni လို့ အမည်ရတဲ့ ဘိုလီဗီးယားနိုင်ငံက ကမ္ဘာ့အကြီးဆုံးဆားမျက်နှာပြင်ကြီးဟာ စတုရန်းကီလိုမီတာ ၁၀,၅၈၂ ကျယ်ဝန်းပါတယ်။ ကမ္ဘာဦးရေကန်ကြီးတွေကနေ အသွင်ပြောင်းဖြစ်လာတဲ့ Salar ဟာ ထူထဲတဲ့ ဆားပမာဏ မျက်နှာပြင်ရှိတဲ့အတွက် မှန်ချပ်ကြီးတစ်ခုလိုဖြစ်နေပြီး ကောင်းကင်ရဲ့ လှပမှု၊ တိမ်တိုက်တွေရဲ့ခမ်းနားမှုကို ခြေထောက်အောက်မှာ အထင်းသားမြင်တွေ့ နေရပါတယ်။


4. ဂျပန်နိုင်ငံရဲ့ ဟီတာချီ ပြည်သူ့ ပန်းခြံ



ဟက်တာဧက ၁၉၀ ကျော်ကျယ်ဝန်းတဲ့ ဟီတာချီပန်းခြံဟာ သူ့ ရဲ့ မှင်တက်စရာရှုခင်းတွေကြောင့် ကျော်ကြား လှပါတယ်။ တစ်နှစ်ပတ်လုံး ပန်းမျိုးစုံဖုံးအုပ်ထားတဲ့ ဟီတာချီပန်းခြံမှာ နာမည်ကျော် ရော့ခ်စင်တင်ဖျော်ဖြေပွဲ ဖြစ်တဲ့ Rock in Japan ကို ကျင်းပလေ့ရှိပါတယ်။


5.  မန်ဒယ်ဟော ရေခဲလှိုဏ်ဂူများ



အမေရိကန်ပြည်ထောင်စု၊ အစွန်အဖျားအလာစကာပြည်နယ်၊မန်ဒယ်ဟော တောင်ကြားမှာ တည်ရှိတဲ့ မန်ဒယ်ဟော ရေခဲလှိုဏ်ဂူများဟာ  ၁၂ မိုင်ကျော် ရှည်လျားပါတယ်။
ဒါပေမယ့် အခုပူနွေးလာတဲ့ ကမ္ဘာ့ရာသီဥတု ကြောင့် တဖြည်းဖြည်း ပျက်စီးလာနေတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

6. Tianzi တောင်တန်း




တရုတ်အင်ပါယာ သမိုင်းတစ်လျှောက်မှာ အထင်ရှားဆုံးတစ်ခုဖြစ်တဲ့ Tianzi တောင်တန်းဟာလည်း အကောင်းဆုံး ရှုမျှော်ခင်းတွေကို ပေးစွမ်းနိုင်တဲ့ အဆန်းကြယ်ဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။
Tianzi ဆိုတာ ကောင်းကင်ဘုံရဲ့သားတော်လို့ အဓိပ္ပါယ်ရပြီး  ကမ္ဘာလှည့်ခရီးသည်အမြောက်အများ
နေ့စဉ်လာလည် ပတ်ကြပါတယ်။


7. Roraima တောင်ကုန်းမြင့်



တောင်အမေရိကမှာတည်ရှိတဲ့ Roraima တောင်ကုန်းမြင့်ကို အင်္ဂလိပ်နယ်မြေသစ်ရှာဖွေသူ Walter Raleigh က ၁၅၉၆ ခုနှစ်မှာ စတင်တွေ့ ရှိခဲ့ပါတယ်။
အမြင့်ပေ မီတာ ၁၂၀၀ ကျော်ရှိတဲ့ Roraima တောင်ကုန်းမြင့်ဟာ ဘရာဇီး၊ ဗင်နီဇွဲလား၊ ဂရီးယန်းနား နိုင်ငံသုံးနိုင်ငံဆုံ နယ်နိမိတ်အမှတ်တစ်ခုလည်းဖြစ်ပြီး ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံးဘူမိဖြစ်တည် မှုတစ်ခုလည်း ဖြစ်ပါတယ်။

Ref: boredpanda.com ,Credit: Trend Myanmar

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.