Posted by Black Magic | Posted in သတင်းများ | Posted on 2:09 PM
ရန်ကုန်တိုင်းအတွင်း တရားမ၀င် မောင်းနှင်နေသော ကားများကို စစ်ဆေးရာ နယ်လိုင်စင်ဖြင့် မောင်းနှင် နေသော ကားမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်အထိ ရန်ကုန်တိုင်းတွင် ကား ၃,၅၂၅ စီးကို စစ်ဆေးခဲ့ရာ ယင်းတို့အနက်မှ ၂၀ ရာခိုင်နှုန်းခန့်မှာ နယ်လိုင်စင်ဖြင့် မောင်းနှင်နေခြင်းဖြစ်သည်။
အဆိုပါကားများအနေဖြင့် ရန်ကုန်တွင်အခြေချ၍ စီးပွားရေး လုပ်ကိုင်နေ သည်ဟု ယူဆပါက
စည်ပင်သာ ယာဘက်မှ အရေးယူသွားမည်ဖြစ်သည်။
ဦးလင်းထွဋ်က “လိုင်စင်က သိပ်စစ်လို့မရဘူး။ ၀ှီးတက်ကို စစ်လိုက်တဲ့အခါမှာ နယ်ကကားလား ရန်ကုန် ကကားလားဆိုတာ သူ့ရဲ့လိပ်စာကိုကြည့်ရင် သိတယ်။ ရန်ကုန်မှာသွားလာနေတဲ့ ယာဉ်စီးရေ၂၀ ရာခိုင် နှုန်းကျော်က နယ်လိုင်စင်နဲ့ ရန်ကုန်မှာ ပြေးဆွဲနေတယ်လို့ ယူဆတယ်”ဟု ပြောသည်။
ကားအစီးရေ ၃,၅၂၅ စီးကို စစ်ဆေးရာတွင် ရန်ကုန်လိုင်စင်ဖြင့် ၂,၈၂၁ စီးကျော် တွေ့ရှိပြီး နယ်လိုင်စင် ဖြင့် ၇၀၄ စီးကို တွေ့ရှိခဲ့သည်။
နယ်လိုင်စင်ဖြင့် ကိုယ်ပိုင်ကား ၁၄၀ စီးနှင့် အငှားယာဉ် ၅၆၄ စီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဦးလင်းထွဋ်က “နယ်ကားတွေက နယ်မှာ အလုပ်လုပ်ဖို့ပဲ နယ်လိုင်စင်ယူထားတာ။ တစ်နိုင်ငံလုံး သွား ခွင့်ရှိတယ်။ သို့သော် တခြားတိုင်းနဲ့ပြည်နယ်မှာ နေထိုင်လုပ်စားခွင့်မရှိဘူး။ နယ်လိုင်စင်နဲ့ သက်သက် သာသာနဲ့ ၀ယ်ပြီး ရန်ကုန်မှာ လာလုပ်စားတဲ့ သဘောဖြစ်တယ်။ စည်ပင်က အရေးယူရမယ့်အပိုင်းတွေ ဖြစ်တယ်”ဟု ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)၏ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် ကားအစီးရေ ၅၃၁,၉၈၅ ရှိပြီး အငှားယာဉ် ၁၅၇,၂၆၅ စီးရှိသည်။
Mizzima - News in Burmese










Myanmar Kyat Converter
Comments (0)
Post a Comment