Monday, February 24

အဆိပ်ရှိတဲ့ ပန်းသီးစေ့




တစ်နေ့ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆရာဝန်နဲ့တွေ့ဖို့မလိုဘူးဆိုတာ ပန်းသီးအသား
အတွက်မှန်နိုင်ပေမဲ့ ပန်းသီးစေ့အတွက်တော့ မမှန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီး စေ့တွေမှာ
Cyanogenic Glycosides ခေါ်တဲ့ အဆိပ်တွေ ပါရှိနေတဲ့အတွက်ပါ။ လုံလောက်တဲ့ ပန်းသီးစေ့တွေ
စားမိရင်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ တကယ်လို့ ခလေးတွေကိုပန်းသီးကျွေး မယ်ဆိုရင်
အစေ့တွေထုတ်ပြစ်ဖို့လိုပါမယ်။ ဒါမှမဟုတ် အူတိုင်အထိကိုက်စားမယ်ဆိုရင်လည်း အစေ့ တွေထုတ်ထားဖို့
လိုပါလိမ့်မယ်။
ဟိုတလောက မိခင်ဖြစ်သူက သနပ်ခါးပေနေတဲ့လက်နဲ့ ကလေးကို ပန်းသီးကျွေးရာ ကလေး
သေဆုံးသွားကြောင်း၊ ဖခင်ဖြစ်သူက သနပ်ခါးနဲ့ ပန်းသီး မတဲ့လို့ ကလေးအဆိပ်ဖြစ်တယ်လို့ မသင်္ကာတဲ့
အတွက် သနပ်ခါးနဲ့ ပန်းသီးတွဲစားကြည့်ရာ ဖခင်ပါသေဆုံးသွားတယ်ဆိုတဲ့ ကြေကွဲ ဖွယ်သတင်းတစ်ခုကို
Blog တစ်ခုမှာဖတ်လိုက်ရပါတယ်။ အဲ့ဒီ Blog ကိုပြန်ရှာတာမတွေ့ တော့ပါဘူး။ ကျမအထင်တော့ ပန်းသီးစေ့တွေစားမိလို့ လို့ ထင်ပါတယ်။
ပန်းသီးအပြင် ချယ်ရီသီး၊မက်မွန်သီး၊သစ်တော်သီး၊မက်မန်း၊တရုပ်ဆီးသီးစေ့များမှာလည်း
Cyanogenic Glycosides အဆိပ် ပါရှိပါတယ်။


ကျမ်းကိုး။
http://chemistry.about.com/b/2007/09/12/yes-apple-seeds-and-cherry-pits-are-poisonous.htm

Credit To ရွှေအိမ်စည်စာကြည့်တို

No comments:

Post a Comment