Posted by Black Magic | Posted in Android Applications | Posted on 3:34 PM
ကမ္ဘာပေါ်မှာဖုန်းတစ်လုံးချင်းစီရဲ့အသေးစိတ်အချက်အလက်များကို
အစုံလင်ဆုံးဖော်ပြပေးတဲ့ Website ရှိပါတယ်။ အဲဒါကတော့ GSM Arena ဖြစ်ပါတယ်။ ယင်း site ဟာဖုန်းတစ်လုံး အသစ်ထွက်လိုက်တာနဲ့ မိနစ်ပိုင်းမခြား အချိန်နဲ့တစ်ပြေးညီ ယင်းဖုန်းရဲ့အကြောင်းကို အသေးစိတ်အချက်အလက်များနဲ့အတူ ဖုန်းရဲ့အားနည်းချက်အားသာချက်များကို ဖော်ပြပေးနေတာကြောင့် ဖုန်းတစ်လုံးအကြောင်းသိချင်သူတိုင်း ယင်း website ကိုမကြည့်လို့မရလောက်အောင်ကို စုံလင်မှုရှိလှတဲ့ နံပါတ် ၁ Mobile Reviews Website ဖြစ်ပါတယ်။ အခု Android ဖုန်းအသုံးပြုသူတွေအတွက် GSM Arena Website ကိုသီးသန့်ဝင်ကြည့်စရာမလိုအောင် ‘GSM Arena’ Mobile Application ကိုပြုလုပ်ပေးလိုက်ပါတယ်။ ဒီ application လေးကိုဖုန်းထဲမှာသွင်းထားခြင်းအားဖြင့် ကမ္ဘာပေါ်မှာထွက်ရှိထားသမျှမိုဘိုင်းဖုန်းတစ်လုံးချင်းစီရဲ့အသေးစိတ်အချက်အလက်များကို ကိုယ့်ဖုန်းထဲကနေအချိန်မရွေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုရန် ဖုန်းမှာအင်တာနက်တော့ဖွင့်ထားဖို့လိုပါတယ်။
GSM Arena for Android ကိုအောက်က Link မှာရယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.mmas.gsmarena
Google Play ၀င်လို့အဆင်မပြေသူများအနေနဲ့အောက်က link ကနေ GSM Arena for Android ကို Direct Download ရယူနိုင်ပါတယ်။
http://goo.gl/XUuvsD
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Credit To Thet Naing Soe ( Myanmar Mobile App Store )
Comments (0)
Post a Comment