သတိထားစရာ ADOXY

Posted by Black Magic | Posted in , | Posted on 2:00 PM



ကိုယ့်အပေါင်းအသင်းတို့ရေ...

ADOXY ဆိုတဲ့ ဒီဆေးကို မနေ့ကမှ အိမ်ကမသိပဲ ဦးလေး တစ်ယောက် ညွှန်းလို့ ၀ယ်လာခဲ့တဲ့ဆေးပါ။ ဆေးအကြောင်းကို ကိုပြည့်ဖြိုးအောင် wall မှာ ရေးထားတာလေး ဖတ်ကြည့်တုန်းကတော့ သိပ်အလေးမထားလိုက်မိဘူး ကိုယ့်အိမ်မှာ ဒီဆေးဘူးတွေ့တော့မှ ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတယ်... အဲ့လိုပဲ ကိုယ်ရုံးက လုပ်ဖော်ကိုင်ဖက်ကလည်း သူ့အသိ တစ်ယောက်ညွှန်လို့ သောက်နေပါတယ်တဲ့... ဒါဆိုရင် ဒီဆေးက တော်တော်လေးကို
ပြန့်နေပြီဆိုတဲ့သဘောပါပဲ.... ဒီဆေးက AIDS တို့ ကင်ဆာတို့ ရောဂါပေါင်းစုံကို ပျောက်တယ်ဆိုပြီး CD နဲ့ကို လိုက်ဖြန့်နေတဲ့ဆေးပါ။ ဈေးနှုန်းကတော့ ၃၀၀၀၀ ကျော်ပါ။ ... ဆေးသောက်ရတဲ့ နည်းက ရေထဲကို အစက် ၅စက်ချပြီး သောက်လိုက်ရုံပဲတဲ့.... ဒီဆေးက US မှာ FDA က လက် မ ခံ ဘဲ
Warning ထိ ထား တဲ့ ဆေးလို့ ကြားသိရပါတယ်။ အပြည့်အစုံကို သိရအောင် ကိုပြည့်ဖြိုးအောင် wall မှ copy ယူပြီး ရှယ်ပေးလိုက်ပါတယ်ရှင်။

ကိုယ်သိသော information ကိုရှယ်ပေးတဲ့ ကိုပြည့်ဖြိုးအောင်ကိုလည်း ကျေးဇူးပါ။

ဆေးဘူးပုံစံကိုလည်း မြင်ရသူတို့ ရှောင်ရအောင် တင်ပေးလိုက်ပါတယ်။

--------------------------------------------------------------------------------------
Adoxy Cellfood

ကျွန် တော် တို့ ဒီ တိုင်း ကြည့် နေ လို့ မ သင့် တော် တော့ ဘူး ထင် ပါ တယ်။ US မှာ FDA က လက် မ ခံ ဘဲ Warning ထိ ထား တဲ့ ဆေး ကို ကျွန် တော် တို့ ဆီ မှာ ကြိတ် ကြိတ် တိုး ဝယ် ယူ အား ပေး နေ ကြ ပါ တယ်။

မြန် မာ FDA မှာ register လုပ် တုန်း က အာ ဟာ ရ ဖြည့် စွက် ဆေး - dietary supplement အ နေ နဲ့
တင် သွင်း ခွင့် ပြု ချက် တောင်း ခံ ခဲ့ ပြီး၊ ခွင့် ပြု ချက် ရ ခဲ့ တယ် လို့ သိ ရ ပါ တယ်။ အ ခု တော့ AIDS၊
ကင် ဆာ က အ စ အ ခြား ရော ဂါ အ စုံ ကို သက် သာ ပျောက် ကင်း စေ တဲ့ ဆေး အ နေ နဲ့ ကိုယ် စား လှယ် တွေ က နေ တစ် ဆင့် ကြော် ငြာ ရောင်း ချ နေ တယ် လို့ သိ ရ ပါ တယ်။ ရော ဂါ အ မျိုး မျိုး ခံ စား နေ ရ တဲ့ လူ နာ တွေ က လည်း ယုံ ကြည် သောက် သုံး နေ တဲ့ အ ပြင်၊ ရော ဂါ မ ရှိ တဲ့ လူ ကောင်း တွေ က ပါ ကင် ဆာ အ ပြင် ရော ဂါ အ မျိုး မျိုး ကာ ကွယ် နိုင် တဲ့ ဆေး အ ဖြစ် ဈေး ကြီး ပေး ပြီး ဝယ် သောက် နေ ကြ ပါ တယ်။

ဒီ ဆေး က မြန် မာ နိုင် ငံ အ ပါ အ ဝင် တစ် ခြား နိုင် ငံ တွေ ကို ပါ dietary supplement
(dietary supplements ဆို တာ အာ ဟာ ရ ဖြည့် စွက် စာ/ အား ဆေး ပဲ) ဆို ပြီး တင် သွင်း
လာ ပြီး တော့၊ လူ နာ တွေ ကို အင် တာ ဗျူး ထား တဲ့ video file တွေ ကို ပြ ပြီး ကြော် ငြာ
ရောင်း ပါ တယ်။ ဆန်း ဆန်း ပြား ပြား ကြော် ငြာ ထား တာ တွေ ကို ယုံ ကြည် ပြီး တော့ လူ နာ တွေ က
တ ကယ် အ ကျိုး ရှိ မယ့် ကု ထုံး တွေ ကို ပစ် ပယ် ပြီး တော့ အဲ ဒီ ဆေး တွေ ကို ဈေး ကြီး ကြီး ပေး ပြီး
ဝယ် သောက် နေ တာ တွေ လည်း ကြား သိ နေ ရ ပါ တယ်။

ဆေး ကို တင် သွင်း ဖြန့် ချိ တဲ့ company၊ လိပ် စာ နဲ့ FDA registration No. တွေ ကို အောက် က
ဒု တိ ယ မြောက် comment မှာ တင် ထား တဲ့ ဓာတ် ပုံ မှာ ကြည့် နိုင် ပါ တယ်။

အောက် မှာ attached လုပ် ထား တဲ့ ဓာတ် ပုံ တွေ က ဒီ ဆေး တွေ ကို တောင် ကြီး မြို့ မှာ ကော် မ ရှင် နဲ့ ဖြန့် နေ တယ် လို့ ယူ ဆ ရ တဲ့ လူ တစ် ယောက် ရဲ့ ကြော် ငြာ တွေ ပါ။ ဒီ လို မျိုး မြန် မာ နိုင် ငံ အ နှံ့ အ ပြား မှာ ကြော် ငြာ ပြီး ရောင်း နေ တဲ့ သူ တွေ အ များ ကြီး ရှိ မယ် လို့ ယူ ဆ ရ ပါ တယ်။ ဘာ လို့ လဲ ဆို တော့ ဒီ ဆေး က နယ် တော် တော် များ များ ကို ပြန့် နေ လို့ ပါ။

(ကာ ယ ကံ ရှင် မှ ဓာတ် ပုံ များ ပြန် ဖြုတ် ပေး ပါ ဟု တောင်း ဆို လာ သည့် အ ပြင် screen capture
ရိုက် ယူ ထား သော ကြော် ငြာ post အ ကုန် လုံး ကို ပြန် ဖျက် ထား တာ သည့် အ တွက် ဓာတ် ပုံ များ ကို ပြန် ဖြုတ် ပေး ထား ပြီး ကျွန် တော့် ထံ တွင် သာ
သိမ်း ထား ပါ သည်။)

"Adoxy Cell Food" နဲ့ ပါတ် သက် ပြီး တော့ မ သိ နား မ လည် တဲ့ သူ တွေကို ဘာ အ ထောက် အ ထား မှ မ ပြ ဘဲ .. ဒီလို တွေ ကြော် ငြာ ပါ တယ်။

နတ် ဆေး တဲ့ ...
ရော ဂါ အား လုံး ကို ဆေး တစ် မျိုး ထဲ နဲ့ ပျောက် တယ် တဲ့ ... Hydrogen bomb ကို တီ ထွင် ခဲ့ တဲ့ အ မေ ရိ ကန် က သိပ္ပံ ပ ညာ ရှင် ကြီး က Nano နည်း ပ ညာ နဲ့ တီ ထွင် ထုတ် လုပ် ထား တာ တဲ့ ဗျာ ...

ကြော် ငြာ ထား တဲ့ အ ထာ တွေ က လူ ပြိန်း ကြိုက် လူ လိမ် အ ထာ တွေ ဗျာ။ ဘယ် ရော ဂါ တွေ မှာ ... ဘာ သု တေ သ န လုပ် ပြီး ဘယ် လို result တွေ ရ ထား လဲ တောင် မ ပါ ပါ ဘူး။

American မှာ မူ ပိုင် ခွင့် မှတ် ပုံ တင် ထား တယ် လို့ သာ ပြော တယ်၊ American နဲ့ တစ် ခြား နိုင် ငံ တွေ က FDA တွေ က အ သိ အ မှတ် ပြု လက် ခံ ထား လား ဆို တာ တော့ ယောင် လို့ တောင် မ ပြော ထား ပါ ဘူး။ ဆေး တစ် ခု အ ကြောင်း ပြော ရင် ဘယ် လို သု တေ သ န ရ လဒ် တွေ ရှိ တယ် နဲ့ ...
FDA တွေ က ခွင့် ပြု ချက် ရ ထား မ ထား ပဲ အ ရေး ကြီး တာ ဗျာ။ ခု တော့ ဒဏ္ဍာရီ ဆန် ဆန် ပုံ ပြင် တစ် ပုဒ် ဖတ် နေ ရ သ လို ပါ ပဲ ဗျာ။

ကျန် တာ တွေ ဘယ် လို ကြော် ငြာ ထား သ လဲ ဆ ရာ၊ ဆ ရာ မ တို့ ဆက် သာ ဖတ် ကြည့် ကြ ပါ တော့ ဗျာ။

အောက် က ဝိုင်း ပင့် ရေး ထား တဲ့ comment တွေ ဖတ် ကြည့် ရ တာ တော့ အဲ ဒီ ဆေး ကို ဖြန့် တဲ့
ကုမ္ပဏီ က လူ တွေ နဲ့ တူ ပါ တယ် ဗျာ။ Dr. လို့ လည်း title တပ် ပြီး ခေါ် ထား တာ တွေ့ တယ်။
Profile မှာ ဘာ မှ မ ရေး ထား တော့ တ ကယ့် ဆ ရာ ဝန် ဟုတ် မ ဟုတ် တော့ မ သိ ဘူး။

Dr. Pyae Phyo Aung
________________________

ဒါ လေး က ဆ ရာ ပြည့် ဖြိုး ဆီ က နေ Adoxy Cellfood နဲ့ ပါတ် သက် ပြီး သိ ရ တဲ့ information တွေ ပါ။

" Adoxy အ ကြောင်း သိ ရ သ မျှ "

ယိုး ဒ ယား တွင် ပေါ် တာ ၁ နှစ် ကျော် ပြီ ဟု သိ ရ ရွှေ ပြည် ကြီး တွင် ဖြန့် ချီ သူ မှာ ဆ ရာ ဝန် ဟု ဆို
ဇာတ် လမ်း ပ မာ လေး များ အား အ ခွေ များ ဖြင့် ပြ မန် ဘာ များ ဖြင့် multi level marketing ပုံ စံ ရောင်း ချ ကြော် ငြာ သည် all in one solution ဆန် ဆန် ဖြစ် တစ် ရှူး များ ထံ oxygen တွန်း ပို့ သော သ ဘာ ဝ ဆေး ဟု ပြော တစ် မျိုး ထဲ မ ရ provimin ဖြင့် တွဲ သောက် ရ မည် မြန် မာ ပြည် ဖြစ် spirulina ဖြင့် မ ရ အ စွမ်း မ ထက် ဆေး သည် 5ml 15ml preparation ရှိ သည် 5ml 16000 15ml 36000 provimin ဖြင့် ပေါင်း သော် ၇၅၀၀၀ ခန့် ကုန် သည် ဆေး သောက် ရန် ဆေး စက် ကို ရေ တွင် ထည့် ၍ သောက် ရသည် စ သောက် ခါ စ ၂ စက် ၄ ကြိမ် ဒု တိ ယ နေ့ ၃ စက် ၄ ကြိမ် တ တိ ယ နေ့ ၄ စက် ၄ ကြိမ် ဖြင့် 1 drop/10kg အ ထိ သောက် ရ မည် ဆေး ရောင်း သော မန် ဘာ သည် 10% commission ရ သည် ခွင့် ပြု ချက် ရ ပြီး ဟု ကြော် ငြာ သည် ရှိ သ လို သ ဘာ ဝ သစ် ဥ သစ် ဖု မှ ဖော် စပ် ထား သ ဖြင့် ခွင့် ပြု မ လို အပ် ဟု ကြော် ငြာ သည် လည်း ရှိ သည် ကင် ဆာ ဖြစ် နေ သူ များ၊ ကင် ဆာ ကာ ကွယ် လို သူ များ ကြား တွင် ရေ ပန်း စား လျက် ရှိ သည် မူး ဝေ အောက် ပိုင်း ချည့် နဲ့ မ လှုပ် ချင် စ သည့် complaint များ ကြား ရ သည်။ ဒါပဲ

https://www.facebook.com/gurugyi/posts/10202789859814853

________________________

ဒါ က သူ တို့ product ကို ကြော် ငြာ ထား တဲ့ website page တစ် ခု ပါ။ အဲ ဒီ ဆေး မှာ ပါ ဝင် တဲ့
ingredients တွေ ကို ရှင်း ပြ ထား တာ တွေ့ ရ ပါ မယ်။

http://www.balancedforhealth.com/cellfoodingredients.htm

________________________

ဒါ က တော့ Adoxy Cellfood ဆို တာ ဘာ လဲ ... ဘာ တွေ ပါ ဝင် သ လဲ ... ဆဲလ် တွေ ကို အောက် စီ ဂျင် ဖြည့် ပေး တယ် ဆို တာ ကြီး က ဘာ လဲ ... တ ကယ် ရော ရော ဂါ တွေ ကို သက် သာ စေ သ လား ဆို တာ ရှင်း ပြ ထား တာ ပါ

http://www.consumerlab.com/answers/What+is+CELLFOOD+and+is+it+a+healthy+supplement%3F/cellfood/

_______________________

*** Lumina Health is the company that sells cellfood product and the following from US FDA warning letter to Lumina Health. ***

Adoxy cellfood ကို ထုတ် လုပ် တဲ့ မူ ရင်း Company "Lumina Health" ကို US FDA က Warning ပေး ထား တဲ့ စာ ပါ။

http://www.fda.gov/ICECI/EnforcementActions/WarningLetters/2013/ucm365989.htm
(Comment by Sayar Chris See)

To download the pdf file of above web page via Mediafire please click the following link.

http://www.mediafire.com/download/xl57a5fs9i6893g/2013+_+Lumina+Health+Products%2C+Inc.+8_1_13.pdf

________________________

အောက်စီဂျင်ကိုဒီလိုပါးစပ်က‌သောက်တာဟာ ဘာမှပိုအကျိုးမထူးမှန်း သက်‌‌သေပြထားတဲ့ research paper တစ် စောင် တွေ့ပါတယ်။ နောက်ထပ်လည်း ရှိချင်ရှိဦးမှာပါ။ Study design က ...
Double-blind, placebo-controlled crossover study (Clinical trial) အမျိုးအစားပါ။ Sample size က တော့ ၁၅ ယောက် (n=15) ပဲပါတဲ့အတွက် သိပ်မများဘူးလို့ တော့ ပြောလို့ရတယ်။

Wing. S. L. et. al., 2003. Lack of Effect of
Rhodiola or Oxygenated Water Supplementation
on Hypoxemia and Oxidative Stress. Wilderness
Environ Med. Spring; 14(1):9-16.

ဒါက Abstract ပါ။
PubMed ဆိုတဲ့ US government ရဲ့ NIH (National Institutes of Health) Library မှာ
တွေ့တာပါ။
http://www.ncbi.nlm.nih.gov/pubmed/12659243

ဒါက မူရင်း Journal က Full text ပါ။
http://www.wemjournal.org/article/S1080-6032%2803%2970515-8/fulltext

Full text PDF ကို ဒီ Link က နေ Download ချလို့ရပါတယ်။
http://download.journals.elsevierhealth.com/pdfs/journals/1080-6032/PIIS1080603203705158.pdf

________________________

If you are viewing the shared version of this status, please follow this link to see the comments which may be informative.

https://www.facebook.com/pyaephyoaung/posts/10203081174940680

________________________

These are the links for the original posts of these advertisements.

https://www.facebook.com/honey.cho.71465/posts/293134937502335

https://www.facebook.com/honey.cho.71465/posts/293132024169293

https://www.facebook.com/honey.cho.71465/posts/292956667520162


Credit to နှင်းထက်ဝေ From Myawady News  

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.