မနေ့က သမ္မတ ၊ ဒီနေ့ ၀ရမ်းပြေး

Posted by Black Magic | Posted in | Posted on 12:16 AM


The FNG (BKK) - 
ပါလီမန်၏ဆုံးဖြတ်ချက်ဖြင့် ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ယူကရိန်းဝန်ကြီးချုပ် ဗစ်တာယာနူကိုဗစ် သည် ကရိုင်းမီးယား ကျွန်းဆွယ်ဒေသကိုထွက်ပြေးသွားသည်။နောက်တော့ ရုရှားနိုင်ငံထဲကို ၀င်ရောက်ပြီး 
ခိုလှုံသွားသည်ဟု ယူကရိန်းသတင်းများကို ကိုးကားပြီး သတင်းစာတို့ ကရေးကြသည်။

လေးလ ကျော်ကြာအုံကြွမှုအထိတ်အထိပ်ရောက်ချိန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ ရာထူးမှ ဖယ်ရှားခံ လိုက်ရသည့် အသက် ၆၃ နှစ် အရွယ် သမ္မတ ဗစ်တာယာနူကိုဗစ်  သည် အာဏာအလွဲသုံးစားလုပ်မှု အပြင် တိုင်းပြည်ဘဏ္ဍာငွေဒေါ်လာဘီလျှံနှင့်ချီပြီး ခိုးယူခဲ့သည်ဟုလည်း အစိုးရသစ်က စွပ်စွဲထားသည်။ သူ့ကို ပါလီမန်ကရာထူးအာဏာရုပ်သိမ်းမည့်နေ့မတိုင်ခင် တစ်ရက်အလိုမှာပင် မြို့တော် ကိယဗ် မှ ပျောက်ခြင်းမလှပျောက် သွားသည်။ သူ့ဇာတိ နိုင်ငံအရှေ့ပိုင်း ကာယီနာ ကိယဗ် သို့  တိုးတိုးတိတ်တိတ် ပင်ထွက်ပေါ်လာပြီးနောက် သမ္မတ ရာထူးမှဖယ်ရှား ခံလိုက်ရခြင်း ဖြစ်သည်။  နောက်တစ်ရက်မှာတော့
သူ့ကို လွှတ်တော်အမိန့်ဖြင့် ဖမ်းဝရမ်း ပင်ထုတ်ပြန် ခဲ့သည်။ 
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သမ္မတ ရာထူးရယူခဲ့သည့် ဗစ်တာယာနူကိုဗစ် သည် နောက်လေးနှစ်အကြာတွင်တော့ အဏာအလွဲ သုံးစားလုပ်မှု ၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်မှု ၊ ငွေကြေးမသမာမှုများဖြင့် ၀ရမ်းပြေးဘ၀ရောက်မည်ကိုကြိုတင် သိထားလိမ့်မည်မဟုတ် ချေ။
ဆိုဗီယက် ခေါင်းဆောင် ကြီး နီကီတာ ခရုးရှဗ် တက်ရောက် ပညာသင်ကြား ခဲ့သည့် ဒွန်တက်
ပိုလီတက်ခနစ် အင်စတီကျု မှာ ပင် ဗစ်တာ ယာနူကိုဗစ် တက် ရောက် ပညာ သင်ကြား ခဲ့သည်။
ယာနူကိုဗစ် ၏ ငယ်ဘ၀ ဇာတ်ကြောင်း ကို ပြည့်ပြည့် စုံစုံ သိရှိသူ နည်းလှသည်။
အသက် ၁၇ နှစ် အရွယ် တွင် လုယက် ၊ ရိုက်နှက် မှု ဖြင့် ထောင် သုံးနှစ် ကျခဲ့ ဖူး ပြီး နောက်သုံး
နှစ် အကြာ တွင် ရိုက်နှက် မှု များဖြင့် ထောင် ဒဏ် နှစ် နှစ် အပြစ် ပေးခံ ရသည်။ နောင် တွင် ပြည်
နယ် ဘုရင် ခံ ၊ အစိုးရ အရာ ရှိ ဘ၀ ဖြင့် တာဝန်ထမ်းဆောင် သည့် အခါ တွင် ထို အမှု များ မှာ သူ့ 
ကို လွဲ မှား စွာ ပြစ် ဒဏ် စီရင် ခဲ့ခြင်း ဖြစ်သည် ဟု ထုတ်ဖော် ပြောခဲ့သည်။
သူ သည် ဇာတိ ကွန်မြူနစ် ပါတီ ၀င် တစ်ယောက် ဖြစ် ပြီး စစ်တပ် တွင် လည်း ဗိုလ်မှုး အဆင့် ဖြင့်
တာဝန် ထမ်းဆောင် ခဲ့ ဖူး သူ တစ်ယောက် ဟု ပြောကြသည်။ သို့  သော် အချို့  က သူ့  ကို စစ်တပ်
အရာရှိ မဟုတ် သာမန် စစ်မှု ထမ်း တစ်ယောက် သာ ဖြစ် ပြီး အရာရှိ တစ်ယောက် ၏ အပါးတော် မြဲ
သာ ဖြစ်သည် ပြောကြသည်။ မည် သို့  ပင် ဖြစ် စေကာ မူ ၊ ဗစ်တာ ယာနူကိုဗစ် သည် စာရွက် စာတမ်း
အတု လုပ် မှု များ ဖြင့် တရား စွဲ ခံရ ဖူးသည်။ ဆိုဗီယက် ပြို ကွဲ စ တွင် အမေရိကန် နိုင်ငံ ကာလီဖိုးနီးယား
ပြည်နယ် ရှိ တက္ကသိုလ် တစ်ခု မှ စာပေ စာယူ ဖြင့် ဘွဲ့  ရထား သည် ဆိုသည့် လက်မှတ် ကို ထုတ်
ပြခဲ့သည်။ နောင် တွင် ထို လက်မှတ် ကြီး မှာ အတု ကြီး ဖြစ်နေသည် ဟု ဆိုသည်။
စာရေး ဆရာ ဖြစ် ပြီး စာများ ရေး သည် ဟု လည်း ဆိုပြန်သည်။ သူ ဘယ်စာ အုပ် တွေ ရေးကြောင်း
၉၀ ပြည့် လွန် နှစ် များ က အာဘောင်အာရင်း သန်သန် ပြောသော် လည်း ယူကရိန်း အမျိုးသား စာ
ကြည့် တိုက် ကြီးမှာ ပင် သူ့  စာ အုပ်များ မတွေ့ ရ ။ သူ့  က တော့ ပိုလန် ဘာသာ ဖြင့် ရေး သည်
” ပိုလန် မှာ သွားရှာကြည့် ” ဟု ဆို ပြန်သည်။
၁၉၉၆ ခုနှစ် တွင် ဒွန်တက် အော်ဘလန် ခရိုင် ၏ ဒုတိယ ဘုရင်ခံ ဖြစ်လာခဲ့သည်။ နောက် တစ်နှစ်
တွင် ဘုရင်ခံ ဖြစ်လာ ပြီး ရုရှား နှင့် နယ်နမိတ် ချင်း ထိစပ် နေသည့် နိုင်ငံ အရှေ့ ပိုင်း မှ ရှေး ရိုးစွဲ
အတွေး အခေါ် ရှိ သည့် ဆင်းရဲ သား များ ၏ ထောက်ခံ မှု ကို ရရှိ လာ ပြီး နိုင်ငံ ရေး တွင် ပေါ် ပြု လာ
ဖြစ်လာသည်။
၂၀၀၂ ခုနှစ်  မှ သည် ၂၀၀၄ ခုနှစ် ထိ ရုရှား လိုလား တဲ့ သမ္မတ လီယိုနွိုက် ကူချမာ ရဲ့  အစိုးရ အဖွဲ့ 
မှာ ၀န်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့  သည်။ ၁၁ နှစ် ကျော်ကြာ သမ္မတ တာဝန် ထမ်းဆောင်ခဲ့
သည့် ကူချမာ လက်ထက် တွင် ယာကူနိုဗစ် သည် နောက် ဆုံး ၀န်ကြီးချုပ် ဖြစ်ပြီး တိုင်မိုရှန်ကို ဦး
ဆောင် သည့် လိမ္မော်ရောင် တော်လှန်ရေး တွင် သူ၏ ပါတီ မှာ ရှုံး နိမ့် ပြီး ၀န်ကြီးချုပ် ရာထူး ကို
လက် လွှတ် ခဲ့ ရသည်။
၂၀၁၀ ရွေးကောက် ပွဲ တွင် အနိုင် ရရှိ ပြီး နောက် နိုင်ငံရေး စတန့် မျိုးစုံ နှင့် အတူ ၀န်ကြီးချုပ် ဟောင်း
တိုင်မိုရှန် ကို ကို ဖမ်းဆီး ပြီး ထောင်ဒဏ် ချမှတ် ခဲ့သည်။
ဆိုဗီယက် ခောတ် ၊ အာဖဂန်နစ္စတန် စစ်မြေပြင် ရောက် ရုရှား တပ် တွင် စစ်မှု ထမ်းသည့် ဆိုဗီယက်
စစ်သည် များ ကို ခံစားခွင့် ဖြတ် မှု နှင့် ချာနိုဘိုင်း ညူကလီယား ဓာတ်ပေါင်းဖို  မတော်တဆ ဖြစ်မှု
မှာ အဆိပ်သင့် ခဲ့သူ တွေ ကို ထောက်ပံ့ကြေး ဖြတ်တောက် မှု ကြောင့် ပြည်သူ လူထု က သူ့  အစိုးရ
ကို ဝေဖန် နေ ချိန် တွင် ဥရောပ သမဂ္ဂ နှင့် ပေါင်းစည်းရန် သဘောတူညီချက် များ ကို ပယ်ချ မှု ကြောင့်
လူထု အုံကြွ မှု နှင့် တော် လှန် ရေး နှင့် သမ္မတ ဘ၀ ကို အဆုံးသတ်ခဲ့ရသည်။
နောက် တစ်ရက် အကြာ တွင် ဖမ်းဝရမ်း ထုတ် ခဲ့ ပြီး နောက် သူ ၏ ခမ်းနား လှ သော စံအိမ် ကြီး ကို စွန့် 
ပြီး ၀ရမ်းပြေး ဘ၀ ရောက်ရှိ ခဲ့သည်။


Viktor Yanukovych, Ukraine, Crimea, Protests, 2014, 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.