Laptop Or Desktop

Posted by Black Magic | Posted in | Posted on 12:26 PM


 
ကွန်ပြူတာဝယ်မယ်ဆိုရင် ဘာကို ရွေးမလဲ။ စားပွဲပေါ်တင်ကွန်ပြူတာ (Desktop) လား၊ Laptop လား။
နှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ကိုယ်စီကိုယ်စီ ရှိနေကြပါတယ်။
Irrawaddy မှာတွေ့တဲ့ ဆောင်းပါလေးကို နဲနဲ လောက် ဖြည့်ပြီးတင်ပေးလိုက်ပါတယ်..၊

ခရီးခနခန သွားရတဲ့သူ..၊ အပြင်သွားရင် သယ်သွားချင်တဲ့သူ..၊ ကိုယ်က Computer ရှိတဲ့နေရာ မသွားချင်ဘဲ ကိုယ်ရှိတဲ့နေရာမှာပဲ Computer ထားချင်တဲ့သူ (ဥပမာ၊  ၊ ကျွန်တော့လို အိပ်ရင်း သုံးတဲ့သူတွေ) အတွက်တော့ Laptop ကအဆင်ပြေပါမယ်...၊

Laptop တွေရဲ့အားသာချက်က

၁။ မီးပျက်လည်း ဆက်သုံးလို့ရမယ်။ Battery အနေအထားပေါ် မူတည်ပြီး နောက်ထပ် နှစ်နာရီ ၊ သုံးနာရီ လောက်တော့ သုံးနိုင်လိမ့်မယ်။ အရေးကြီး ကိစ္စလုပ်နေတုန်း မီးပျက်သွားရင်လည်း အေးအေးဆေးဆေး ဆက်လုပ်နိုင်မှာပါ..၊ ပျင်းရင် DvD တစ်ချပ်လောက်တောင် ကြည့်လို့ရပါတယ်..၊

၂။ ရွှေ့ရသယ်ရ လွယ်တယ်။ လက်တဖက်တည်းနဲ့ ရွှေ့ပြောင်းနိုင်မယ်။ (အိမ်သာတတ်ရင်တောင် ယူသွားလို့ရမယ်)

၃။ ပြရ လွယ်တယ်။ ပွဲတခု သွားတက်၊ လူတွေနဲ့ တွေ့ပြီး ကွန်ပြူတာထဲကဟာတွေ ပြသရ ရှင်းပြရမယ် ဆိုရင် ယူသွားပြရတာ လွယ်တယ်။

၎။ ၀န်ကျဉ်းတယ်။ ကွန်ပြူတာပိစိ ဆိုတော့  နေရာ မပေးရဘူး။ကြိုးမရှုပ်ဘူး..၊Wireless Mouse သာသုံးမယ်ဆိုရင် Charger ကြိုးတစ်ချောင်းဘဲရှိမှာပါ..၊ Computer တင်ဖို့အတွက် သီးသန့်ခုံမလိုဘူး..၊

စားပွဲတင် Computer (Desktop) မှာတော့ အဲဒီ အားသာချက်တွေရမှာမဟုတ်ပါဘူး..၊
ဒါပေမယ့် အဲဒီ အားသာချက်တွေကလည်း တစ်ချို့အချိန်တွေမှာ အားနည်းချက်ဖြစ်သွားတတ်ပါတယ်..
ဘယ်လိုလည်းဆိုတော့

၁။ သယ်ရလွယ်တော့ ၊ အခိုးခံရ လွယ်တယ်။ (လွယ်အိပ်ခပ်ကြီးကြီးထဲ ထည့်သွားယုံဘဲ)

၂။ ပြုတ်ကျ လွယ်တယ်။ အရွှေ့အပြောင်းများတော့ ကျနိုင်တယ်

၃။ တတ်ဖိမိတာတို့ ဖြစ်တတ်တယ်..၊ (ဥပမာ၊  ၊ Jelly Kit ရဲ့ Laptop ဆိုရင် နားကြပ်ခေါင်းလေးက ခံနေတာကို သတိမထားမိဘဲ ဖိမိတာ Screen ကွဲသွားတာမျိုးတို့..၊ Demon ဆိုရင်လည်း အိပ်ယာထဲသုံးရင် အိပ်ပျော်သွားပြီး ဖိအိပ်မိလို့ ကွဲတာမျိုးတို့)

၎။ ကော်ဖီ၊ လက်ဘက်ရည်၊ အချိုရည် တခုခု ဖိတ်ကျရင် သေပြီဆရာ။

၅။ Desktop လိုမျိုး Upgrade လုပ်တာတို့ ၊ လည်းတာတို့ မရနိုင်ပါဘူး.. ၊(ဥပမာ၊  ၊ Ram မြှင့်ချင်တယ်ဆိုရင်ပေါ့)

Desktop တွေမှာတော့ အားနည်းချက်တွေ မရှိဘူးပေါ့..၊
-
(အင်တာနက်ဆိုင်တွေမှာတော့ Desktop ပဲ အသုံးများပါတယ်)
ဘာလို့လည်းဆိုတော့
သူခိုးက သိပ်ပြီး မျက်စေ့မကျဘူး။
မရွှေ့မပြောင်းဖြစ်တော့ ပြုတ်မကျတော့ဘူး။ (ငလျင် မလှုပ်သရွေ့ သို့မဟုတ် ကွန်ပြူတာနား ရန်မဖြစ်သရွေ့။)

၃။ စားပွဲပေါ်မှာပဲ ထားတော့ တက်နင်းမိတာမျိုး မဖြစ်နိုင်။

၎။ အရည်တခုခု ကီးဘုတ်ပေါ် ကျရင်လည်း ပြဿနာလို့ ယူဆဖို့ မလို။ ကွန်ပြူတာကို ထိခိုက်မယ် မဟုတ်။

ကဲ....၊ ဒီလောက်ဆိုရင် ကိုယ့်နဲ့အသုံးကိုက်မယ့်ဟာကို ဆုံးဖြတ်နိုင်ပါပြီ..၊
ကိုယ်က ဘာအတွက် သုံးမယ် ဆိုတာ ကိုယ်ကိုယ်တိုင်သာ အသိဆုံးမဟုတ်လား။
ဒါတွေကတော့ မြင်သာတဲ့ အချက်တွေပါ..၊ တခြားအချက်တွေလည်းရှိပါသေးတယ်..၊
ဝယ်လိုက်တဲ့ ကွန်ပြူတာတွေနဲ့ အဆင်ပြေပါစေ။

REF : The Irrawaddy 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.