VMware ပေါ်မှာ pfsense installation လုပ်ခြင်း

Posted by Unknown | Posted in | Posted on 5:18 AM

ကျွန်တော် pfsense အကြောင်းလေးရေးဖို့စဉ်းစားနေတာကြာပါပီ...ကဲ ခုတော့ pfsense လေးကို install လေးလုပ်ကြည့်ရအောင် VMware လေးသုံးပီးတော့...

Minimum hardware requirements:
 Pentium II
 128MB RAM
 Hard Drive
 Optical Drive (For installation)
 2 Network Interface Cards

ဒါတွေကတော့ VMware နဲ့မသုံးရင်တော့လိုတာပေါ့နော်...

ခုတော့အဲ့ဒါတွေ မစဉ်းစားနဲ့တော့ သွားစမ်း..:P
 အဲအဲမေ့လို့မပြောခင် pfsense ဆိုတာ ဘယ်လိုမျိုးလေးလဲအရင်ပြမယ်နော်...ကျွန်တော်ယူသုံးနေတဲ့ serverက pfsense နဲ့ကာထားတာဗျ...အဲ့တော့သူ့ပုံလေးကိုပြမယ်..သူလုပ်ထားတာတော့မလှဘူး..ကြည့်ကြည့်နော်

သူက လိုင်းကို connect လုပ်ရင် password မတောင်းဘူး...web page ခေါ်မှ အဲ့လိုlogin screen ပေါ်တာ install လုပ်တော့မယ်နော်...VMware ပေါ်မှာ...
VMware version ကတော့ကြိုက်ရာသုံးလို့ရပါတယ်...နည်းနည်းတော့ကွာသွားမှာပေါ့လေ...VMware ကတော့ကိုယ့်ဖာသာကိုယ်ပဲရှာဒေါင်းလိုက်တော့နော်...

အရင်ဆုံး pfsense ကို  http://files.bgn.pfsense.org/mirror/downloads/ မှာ ကိုယ်နဲ့ကိုက်တာရွေးပီးဒေါင်းလိုက်...
ပီးရင်VMware ကိုဖွင့်



Create A New Virtual Machine ကိုနှိပ်





Browse မှာ image ဖိုင်ရွေးပေး
ပီးရင် Next
Guest Operation system မှာ other ကို ရွေး
version မှာ တော့ကျွန်တော်က 64 bit မို့လို့ FREE BSD-64bitကိုရွေးလိုက်တယ်
ပီးရင် next

Customize hardware မှာ နှိပ်...processor ကို 2 ပြောင်း

ဒီအဆင့်က နည်းနည်းတော့ရှုပ်တယ်.သူက interface နှစ်ခု ဖန်တီးပေးရတာဆိုတော့
ပုံလေးကြည့်မှရှင်းမှာ..Network Adapter ပေါ်မှာ click ပီးရင် Bridge...မှာ အစက်လေးပေး
ပီးရင် ဘယ်ဘယ်အောက်နားက add မှာ နှိပ် network adapter ကိုရွေး ..ပီးရင်ပထမ တစ်ခုလိုပဲ Bridge...မှာ အစက်လေးပေး
finish,close အကုန်နှိပ်



ပီးရင် play virtual machine ကိုနှိပ်

boot မှာတော့ default ကိုပဲရွေးပါ...enter ခေါက်ပါ...စက္ကန့်ရေပီးသူ့ဖာသာသူလဲဝင်သွားနိုင်ပါတယ်




loading တွေဆွဲပီးလို့... installer ဆိုတဲ့စကားလုံးပါလာရင် i ကိုနှိပ်ပါ

အော် စကားမဆက်ပြောရဦးမယ်...ဒါ install လုပ်နေတာနော်..live နဲ့သွားနေတာ မဟုတ်ဘူးနော်..

အပြာရောင် box လေးပေါ်လာရင် Accept These Settingsကိုရွေး တခြားsettings တွေကတော့ သူငယ်ချင်းတို့ပြောင်းချင်လဲပြောင်းနိုင်ပါတယ်နော်
Quick Easy Install

အဲအဲ...အဲ့ဒါ boot တက်ပီး run ရင် အရေးကြီးတယ်...harddisk ကိုဖျက်မှာ..ဒီမှာက vmware သုံးနေတာဆိုတော့ဘာမှတော့မဖြစ်ဘူး..
Standard Kernel လုပ်ပီးရင်
loading လေးတွေတက်ပါမယ်



ပီးရင် reboot နှိပ်
ပြန်တက်လာရင် boot ပြန်တက်မယ်...ဘာမှမလုပ်နဲ့သူ့ဖာသာသူလုပ်သွားလိမ့်မယ်
 enter လေးတွေတော့ခေါက်ခေါက်ပေး
အောက် က ပုံ အဆင့်ကို ရောက်ရင် n နှိပ်
ပီးရင် Lan နဲ့ Wan ကို interface name ပေး

error တက်တတ်ပါတယ်...a လေးရိုက်ပီး enter ခေါက် ခေါက်ပေးပါ...အောက်က ပုံလေးလို
ပေါ်လိုပီဆိုရင် y လို့နှိပ်ပေးပါ..
သူ့ဖာသာသူLoading လေးတက်သွားပီး option လေးတွေပေါ်လာပါလိမ့်မယ်..ကိုယ်ကြိုက်တဲ့ option
ကိုပြောင်းနိုင်ပါတယ်
ပီးရင်တော့အောက်ကပုံအတိုင်း Windows ပေါ်မှာ Lan က ip ကို browser မှာရိုက်ခေါ်ပါ..
username-admin
password-pfsense
ကဲ VMware ပေါ်မှာ pfsense installtion ပီးပါပီနော်...

အောက်မှာ အချပ်ပိုအနေနဲ့ အသုံးပြုလို့ရသော feature အချို့ကို ရှင်းပြပါ့မယ် ယခုအောက်တွက်ဖော်ပြသော features
များဟာ command line သုံးစရာမလိုဘဲ web interface မှနေပြီး အသုံးပြုလို့ ရပါတယ.် .နောက်ထပ်လည်း features
များထပ်ထွက်လာပါလိမ့်မည်…
-Firewall
-source and destination ip ,ip protocol,source and distination port,tcp and udp traffic များကိုfilter
ပြုလုပ်အသုံးပြုနိုင်ပါသည်..
-rule တွေသတ်မှတ်ပြီး အသုံးပြုလို့ရပါသည်
-FreeBSD and Linux စက်များကို အင်တာနက်ပေးသုံးမယ်..Window စက်များကိုပေးမသုံးဘူး အစရှိသဖြင့် Operation system
initiating ကိုလည်း Filter ပြုလုပ်ပြီး အသုံးပြုနိုင်ပါသည်..ဒီမှာကြည့်ပါ http://lcamtuf.coredump.cx/p0f.shtml
-သတ်မှတ်ထားသော rule တွေရဲ့ traffice များကို log လုပ်မလား မလုပ်ဘူးလား အစရှိသဖြင့်အသုံးပြုနိုင်..
-Load balancing,failover,multiple Wan အစရှိသဖြင့် routing ဖြင့်ပတ်သတ်သော rule များကိုလည်း
အဆင်ပြေစွာအကောင်းမွန်ဆုံး routing လုပ်ဆောင်ပေးပါတယ်..
-multiple public ips နဲ့ numerous servers တွေအသုံးပြုရမည့် ips များကို grouping ,naming of ips,networs,ports
များကိုလည်း အလွယ်တကူGroup များတည်ဆောက်ပြီး rule များထည့်သွင်းအသုံးပြုနိုင်ပါတယ်..
-Layer 2 Firewall အဖြစ်လည်းအသုံးပြုနိုင်ပါတယ်..interfaces bridge ပြုလုပ်ခြင်းဌင်း trafficကြားတွင် Filterပြုလုပ်ခြင်း..Ip-less
များတွင်လည်း Firewall အသုံးပြုနိုင်ပါတယ်..
-အခြားသော attack , tcp packets drop အစရှိသော အခြေအနေများအတွက်လည်း အကာအကွယ်ဖြစ်စေမဲ့ packet normalization
ကိုလည်း Default အနေဖြင့် pfSense တွင် enable ပြုလုပ်ပြီးသားဖြစ်ပါတယ်..တကယ်လို့NFS ကိုအသုံးပြုသူများအနေဖြင့်
problems ၇ှိလို့အသုံးမပြုချင်လျှင်လည်း Disable ပြုလုပ်နိုင်ပါတယ်…
-တကယ်လို့အထပ်ဖေါ်ပြပါ Filter များကိုအသုံးမပြုချင်လျှင် firewall filter အား turn off ပြုလုပ်ပြီးလည်း အသုံးပြုနိုင်ပါသည်..
-Network Address Translation (NAT)
-မိမိအသုံးပြုထားသော multiple public ips အတွက် သတ်မှတ်ထားသော ranges အတွက် port forwards function ပါဝင်ပါတယ်.
-ips အတွက်သက်ဆိုင်သော subnets အတွက်လည်း 1:1 NAT function ပါရှိပါတယ်..
-outbound NAT အနေဖြင့် Wan Ip အား Traffic အသုံးပြုထားပါတယ်..တကယ်လို့ outbound nat function
အားအသုံးမပြုချင်လျှင်လည်း ကိုယ်တိုင် Nat rules တစ်ခုပြုလုပ်အသုံးပြုနိုင်ပါတယ်…
-internal networks မှနေရင် public ip အားခေါ်ယူအသုံးပြုချင်လည်း NAT Reflection ပါဝင်သည့်အတွက် အသုံးပြုနိုင်ပါတယ်..
-High Availability
-နှစ်ခုသို့မဟုတ် ပိုများတဲ့ Failover group များတည်ဆောက်ပြီး hardware failover ဖြစ်ခဲ့လျှင်ကာကွယ်နိုင်ပါတယ်..တကယ်လို့
interfaces တစ်ခုက fail ဖြစ်ခဲ့မယ်ဆိုရင်ဒုတိယ firewall rule တစ်ခုက active ဖြစ်ပြီး အသုံးပြုနိုင်ပါတယ်…တကယ်လို့ ပထမ
တစ်ခုပြန်ကောင်းပြီဆိုရင်ဒုတိယ firewall rule မှနေပြီး ပထမ firewall rule ကိုပြန်ပြောင်းပြီးလည်း အသုံးပြုနိုင်ပါတယ်..( network
connections )အတွက်တကယ်ကောင်းမွန်တဲ့ အလုပ်လုပ်ဆောင်ပုံလေးဖြစ်ပါတယ်..
-Load Balancing
-outbound load balancing အနေဖြင့် Multiple Wan connection ကို load balancing ပြုလုပ်ပေးပြီး failover function ဖြင့်လည်း
connection တည်ငြိမ်အောင် ပြုလုပ်ထားနိုင်ပါတယ်..connection traffic အကုန်လုံးကတော့ gateway ကို
တိုက်ရိုက်သွားရန်ပြုလုပ်ထားပါတယ်..
-Inbound Load Balancing အနေဖြင့် multiple servers (web servers,mail servers and others)အစရှိသော local servers
အချင်းချင်းload balancing ပြုလုပ်ပေးပြီး ping requests fail ဖြစ်တာ အစရှိသည်များကို pool မှဖယ်ရှားပေးပါတယ်..
-Virtual Private Network(VPN)
-pfSense မှာဆိုရင် vpn connection အနေဖြင့် IPsec,OpenVPN , PPTP သုံးခု အသုံးပြုနိုင်ပါတယ်…
-IPsec အနေဖြင့် standard ipsec support လုပ်သော မည်သည့် device တွင် connecting ပြုလုပ်နိုင်..site to site ဒါမှမဟုတ်
အခြားသော open source firewall ( m0m0wall,etc),cisco,juniper အစရှိသည်များနှင့်လည်းတွဲဖက်သုံးနိုင်ပါသည်..
-OpenVPN အနေဖြင့် အလွန်အံဝင်ခွင်ကျဖြစ်စွာ အသုံးပြုနိုင်ပါတယ်..ssl vpn အနေဖြင့် ကောင်းကောင်းsupport
လုပ်ပါတယ်..အသေးစိတ်ကို http://www.openvpn.net/ ဒီမှာကြည့်ပေးပါ..
-PPTP Server ကတော့လက်ရှိ popularဖြစ်နေပါတယ်..ဘယ် os မဆို pptp client အနေဖြင့် တည်ဆောက်လို့ရပါတယ်..ဒါပေမဲ့
အခုနောက်ပိုင်းမှာ secure မဖြစ်လို့ဆိုပြီး အသုံးမပြုသင့်ပါဘူးလို့ဆိုထားပါတယ်.. ဒီမှာကြည့်ပါ.အသေးစိတ်
http://en.wikipedia.org/wiki/Point-to-point_tunneling_protocol
-PPPoE Server
-pfsense ကို PPPoE server အနေနဲ့လည်းအသုံးပြုနိုင်ပါတယ်..PPPoE protocol နဲ့ပတ်သတ်တဲ့ အကျယ်ကို
http://en.wikipedia.org/wiki/Point-to-Point_Protocol_over_Ethernet ဒီမှာဖတ်နိုင်ပါတယ်..user များအနေဖြင့် authentication
ဖြင့် အသုံးပြုနိုင်သလို RADIUS authentication အနေနဲ့ အသုံးပြုနိုင်ပါတယ်..
-Reporting and Monitoring
-RRD Graphs ဟာဆိုရင်ဖြင့် အောက်ဖော်ပြပါ Historical information များကို ပြုပြင်နိုင်ပါတယ်..
 CPU utilization
 Total throughput
 Firewall states
 Individual throughput for all interfaces
 Packets per second rates for all interfaces
 WAN interface gateway(s) ping response times
 Traffic shaper queues on systems with traffic shaping enabled
-Real Time Information
-Historcal information ဟာအရေးကြီးတာ မှန်ပေမဲ့ တစ်ခါတစ်လေတော့ Real time information ဟာလည်း အရေးကြီးပါတယ်..
-SVG graphs ဟာဆိုရင်တော့ အသီသီးသော Interface များအား အမှန်တကယ် ဖြတ်သန်းလုပ်ဆောင်နေမှုများအား Real time
အနေဖြင့်ပြသပေးပါတယ်..
-Traffic shaper user များအနေဖြင့် the status -> Queues screen provides a real time display of queue usage using
AJAX updated gauges.
-ပထမဆုံး page မှာဆိုရင် AJAX gauges ရဲ့ CPU,memory,swap ,disk usage,state table size တို့အား real time တွေ့
မြင်နိုင်ပါတယ်..
-Dynamic DNS
-Dynamic DNS မှာဆိုရင်ဖြင့် register ပြုလုပ်ထားသော သင့်ရဲ့ public ip နှင့် dynamic DNS service providers တို့အား pfSense
ဖြင့်တွဲဖက်အသုံးပြုနိုင်ပါတယ်..လောလောဆယ်အဆင်ပြေတာတော့ အောက်ဖော်ပြပါ..DNS service providers များဖြစ်ပါတယ်.. DNS-O-Matic ,DynDNS , DHS , DNSexit , DyNS , easyDNS , freeDNS , HE.net , Loopia , Namecheap, No-IP , ODS.org , OpenDNS , Route 53 , SelfHost ,ZoneEdit
-Captival Portal
-captival portal အနေဖြင့် network access ရရှိရန် အတွက် redirection အနေဖြင့် authentication page မှတဆင့်
ရယူခြင်းဖြစ်ပါတယ်..တနည်းအားဖြင့် hotspot networks တွေအတွက်ဖြစ်ပါတယ်.. wireless နဲ့ internet access အား
authentication ဖြင့်အသုံးပြုချင်သော နေရာများတွက်လည်း အသုံးပြုနိုင်ပါတယ်..Captive portal technology အားအကျယ်ဖြင့်
သိရှိလေ့လာ လိုလျှင်.. http://en.wikipedia.org/wiki/Captive_portal သွားရောက်လေ့လာနိုင်ပါတယ်..အောက်ဖော်ပြပါ Features
များကတော့ pfSense Captive Portal မှာပါဝင်သော အရာများဖြစ်ပါတယ်..
-client များအား connection limit ပြုလုပ်ခြင်း..client များမှနေပြီး splash page အား authentication မပြုလုပ်ဘဲနဲ့
အသုံးပြုမရနိုင်ပါ..( login username password မှန်မှသာ ဆက်လက်အသုံးပြုလို့ရ)
-client များအား အချိန်မိနစ်ဖြင့် ဘယ်လောက်ဘဲ Idle time ပေးမယ.် .အစရှိသဖြင့် idle time သတ်မှတ်ပေးနိုင်ပါတယ.်
-client များအကုန်လုံး အသုံးပြုရန်ပေးထားသော အချိန်ကုန်လျှင် Force disconnect ပြုလုပ်ပေးခြင်း..
-logon ပြုလုပ်ရန် pop up window နှင့် ဌင်းတွင် log off button ပါဝင်ခြင်း
-captive portal အနေဖြင့် authentication ဖြင့်ဝင်ရောက်လာသော user များလိုချင်သည့် URL သို့ forcefully redirected
ပြုလုပ်ပေးခြင်း..
-MAC filtering ခံပြီး အသုံးပြုချင်လည်း နောက်တစ်ဆင့်အနေနဲ့ ဆက်လက်အသုံးပြုနိုင်ပါတယ်..
-Authentication အနေဖြင့်သုံးမျိုး ပါရှိပါတယ်..
-no authentication ဆိုတာကတော့ အသုံးပြုသူ user ဟာ portal page ကို clicks ပြီး ၀င်ရောက်အသုံးပြုနိုင်ပါတယ်..
-local user database တည်ဆောက်ပြီuးser များအား ထည့်ပြီး authentication ပြုလုပ် အသုံးပြုနိုင်ပါတယ်..
-Radius authentication method ကတော့ corporate နဲ့ ISPs များအသုံးပြုပါတယ်..Microsoft Active Directory နဲ့အခြားသော
Radius server များနှင့်တွဲပြီး Authenticate ပြုလုပ်ခိုင်းပြီး အသုံးပြုနိုင်ပါတယ်..
-Radius ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကတော့ Forced re-authentication ( authentication မမှန်လျှင် အသုံးပြုမရခြင်း) Accounting
နှင့်သက်ဆိုင်သော updatesများကို ပေးပို့နိုင်ခြင်း..captive portal မှာ username password အပြင် client’s MAC address
ဖြင့်လည်း authenticate အားပြင်ဆင်နိုင်ပါတယ်…Radius server မှများပြားသော function အား configure
ပြုလုပ်အသုံးပြုနိုင်ပါတယ်..
-portal မှာ HTTP သုံးမလား HTTPS သုံးမလား ရွေးချယ် အသုံးပြုနိုင်ပါတယ်..
-portal အားကျော်ဖြတ်ပြိး တန်းပြီးအသုံးပြုလို့ရစေရန် White listed ပြုလုပ်ပေးထားနိုင်သော function ပါရှိပါတယ်..
-File Manger ကတော့ ဓာတ်ပုံများကို မိမိ့ရဲ့ portal pages မှာ upload ပြုလုပ်နိုင်မှာဖြစ်ပါတယ်…
-DHCP Server and Relay
-pfSense မှာ DHCP server နှင့် Relay function ကိုလည်း အသုံးပြုနိုင်ပါတယ်..

MgminLukaLay
ဒါလေးက ကျွန်တော့နေရာ

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.