Posted by Black Magic | Posted in ထူးထူးခြားခြား , ဗဟုသုတများ | Posted on 10:20 PM

UAE နိုင်ငံ ဒူဘိုင်းမြို့မှာ နေထိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ တုန်းက ဖြစ်ရပ် ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး တစ်မိနစ်မကြာပဲ ကွာရှင်းခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသမီးဖြစ်သူရဲ့ ဖခင်ဟာ သမီးလေး အိမ်ထောင်ပြုပြီးမှ အလုပ်ရာထူး ပေးမယ်လို့ ဆိုထားတာကြောင့် သူ့အတွက် မိတ်ဆွေအမျိုးသားက ကူညီပေးခဲ့ခြင်း ဖြစ်ပြီး တရားရုံးမှာ မင်္ဂလာဆောင် လက်မှတ်ထိုးပါ တယ်။ ပြီးတော့ ချက်ချင်းပဲ ရုံးဘေးက တရားရုံးမှာ ကွာရှင်း လက်မှတ် အတူထိုးကြ ပါတယ်။ ယင်းအတွက် ကြာမှာ ကြာသွားချိန်က တစ် မိနစ်တောင် မပြည့်ပါဘူး။ စက္ကန့်ပိုင်းသာ ကြာပြီး လက်ထက် စာချုပ်က မင်တောင် မခြောက်သေးတဲ့အချိန်မှာ ကွာရှင်းစာချုပ် ပေါ် လက်မှတ် ထိုးခဲ့ ကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ UAE က ယင်း ဇနီးမောင်နှံရဲ့ အိမ်ထောင်ဟာ ကမ္ဘာ့ သက်တမ်း အတိုဆုံး အိမ်ထောင်အဖြစ် ဂင်းနစ် စံချိန် တင်ခဲ့ကြောင်း သိရ ပါတယ်။











Myanmar Kyat Converter
Comments (0)
Post a Comment